xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာမီဒီယာတို့၏ မျှတသောစိတ်ထား

Sunday, December 23, 2012

မြန်မာမီဒီယာတို့၏ မျှတသောစိတ်ထား

KIA က အစိုးရတပ်ကိုတိုက်ရင် ဒါ တော်လှန်ရေးလုပ်တာ  ကချင်လူမျိုးကောင်းစားရေးလုပ်တာ ......
အစိုးရတပ်က KIA ကိုတိုက်ရင် တိုင်းရင်းသားတွေကို အနိုင်ကျင့်တာ ၊  နှိပ်စက်တာ ။

မီဒီယာတွေက အစိုးရနဲ့ အစိုးရတာဝန်ရှိသူတွေကို ရေးရင် ပြောရင် ဒါ ပြည်သူ့ကိုယ်စား ထောက်ပြတာ မီဒီယာတာဝန်ကျေတာ.....
အစိုးရနဲ့ အစိုးရတာဝန်ရှိသူတွေက မီဒီယာကိုပြောရင် တော့ လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်တာ ၊ မီဒီယာ လွတ်လပ်ခွင့်ကိုထိပါးတာ ၊ စာပေလွတ်လပ်ခွင့်မရှိတာ ။

အစိုးရနဲ့မီဒီယာ တရားတဘောင်ဖြစ်လို့ မီဒီယာဘက်ကနိုင်ရင် ဒါ မှန်လို့ နိုင်တာ 
မီဒီယာဘက်ကရှုံးရင် တရားရေးမဏ္ဍိုင်ယိုင်တာ ။

တစုံတစ်ယောက်က အစိုးရနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို တရားစွဲရင် ၊ဒါမှမဟုတ် ဆန့်ကျင်ရင် ဒါရဲရင့်တာ ၊ ဟုတ်တိုင်းမှန်ရာပြောဝံ့တာ....
အစိုးရနဲ့ ဌာနဆိုင်ရာတစ်ခုခုက တစုံတစ်ယောက်ကို တရားစွဲရင်တော့   ပြည်သူကိုအနိုင်ကျင့်တာ ၊အာဏာပြတာ ။

မြန်မာမီဒီယာတို့ရဲ့ မျှတသောစိတ်ထားလေးတွေထဲက အချို့ပါ.... ကြည်ညိုစရာကြီးနော်...

ဒေါက်တာဆိတ်ဖွား