xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Thursday, January 5, 2012

NLD ပါတီ တရားဝင်ပါတီဖြစ်ပြီ

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။ နိုင်ငံရေးပါတီ မှတ်ပုံတင် ၄၇ ဖြင့် မှတ်ပုံတင်ခွင့် ပြုလိုက်တာဖြစ်ပြီး အဆိုပါခွင့်ပြုချက်ကြောင့်ပင် NLD ပါတီသည် တရားဝင်ပါတီဖြစ်သည် မဖြစ်သည်ဆိုသော အငြင်းပွားမှုများလည်း အဆုံးသတ်သွားပြီ ဖြစ်ပါသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တရားဝင်ပါတီအဖြစ်ရပ်တည်ကာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသို့ ၀င်ရောက်လာခြင်းဖြင့် ပိုမိုပီပြင်အသက်ဝင်သော အပြောင်းအလဲအများမုချဖြစ်ပေါ်လာမည်ဟု Voice Of Myanmar မှယုံကြည်ပါသည် ။

Voice Of Myanmar

Wednesday, January 4, 2012

လွှတ်တော် အစည်းအဝေးများ ကျင်းပရန်ခေါ်ယူ

လွှတ်တော်အသီးသီး၏ တတိယပုံမှန်အစည်းအဝေးများကို ၂၀၁၂ ခု ၊ ဇန်န၀ါရီလ ၂၆ ရက် ၊ ကြာသပတေးနေ့ ၊ နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပရန် ခေါ်ယူသည့် အမိန့်ကြေငြာစာများကို ဇန်န၀ါရီလ ၃ ရက် ရက်စွဲဖြင့်  အသီးသီး ထုတ်ပြန် ကြေငြာထားပါသည် ။


Tuesday, January 3, 2012

ကြည့်တတ် မြင်တတ်စေချင်

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရဟာ အစိုးရသက်တမ်း ၁၀ လအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ် ပေးခဲ့ပါတယ် မေလ ပထမအကြိမ်မှာ အကျဉ်းသား ၁၄၇၅၈ ဦး ၊ အောက်တိုဘာလ ဒုတိယအကြိမ်မှာ ၆၃၅၉  ဦး လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ် ၊ ခု တတိယအကြိမ်ပါ ....။ ၁၀ လသက်တမ်းမှာ ၃ ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အကျဉ်းသားဦးရေ ၂သောင်းခွဲ လောက် လွှတ်ပေးခဲ့ပြီး အဆင့်ဆင့်လွှတ်ပေးပါ့မယ်လို့လဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက အထပ်ထပ် ကတိပြုနေပေမယ့် အစိုးရအဖွဲ့ကို အပြစ်တင်သံတွေ စီစီညံနေဆဲပါဘဲ....ဖတ်ဘူးတဲ့ စာလေးတစ်ခုကိုသွားသတိရတယ် ......

 
တစ်ခါက ကျောင်းဆရာတစ်ယောက်ဟာ စာရွက်ဖြူတစ်ရွက်ပေါ်မှာ သူ့အိပ်ထဲက ဖောင်တိန်ထဲက မင်တစ်စက်ကို ချလိုက်တယ် ကျောင်းသားတွေကလည်း ဆရာဘာလုပ်တာပါလိမ့်ဆိုပြီး ဂရုတစ်စိုက်ကြည့်နေကြတာပေါ့ ...၊ ပြီးတော့မှ ဆရာက ကျောင်းသားတွေဘက်ကို ခုနမင်စက်ချထားတဲ့ စာရွက်ကို ထောင်ပြရင် ရှေ့ဆုံးတန်းကကျောင်းသားလေးကိုမေးခွန်းထုတ်လိုက်တယ် ....

"ဒီမှာဘာကိုမြင်လဲ.." လို့မေးလိုက်တယ် ...အမေးခံရတဲ့ကျောင်းသားလေးက ဆရာဘာဆိုလို တာမှန်းမသိတော့ ခပ်ကြောင်ကြောင်လေး ဖြစ်သွားတာပေါ့ ..ဒီတော့မှဆရာလုပ်တဲ့သူက မင်စက်ချထားတဲ့ စာရွက်ရဲ့ မျက်နှာပြင်ကြီးတစ်ခုလုံးကို ၀ိုင်းပြပြီး ...

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်

 
ရန်ကုန်၊ ဇန်နဝါရီ ၃
ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံတော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လမှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်   ပြောသည်။ ၄င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင်   အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက် ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း ၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့် ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပေါ်ပြူလာသတင်းဂျာနယ်

Monday, January 2, 2012

သီးသန့်အကျဉ်းသား ( နိုင်ငံရေးအကျဉ်းသား) များ သီးခြားစာရင်းဖြင့် လွတ်မြောက်ရန်ရှိကြောင်း သတင်းများထွက်ပေါ်

ယနေ့ထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ နိုင်ငံရေးအကျဉ်းသားများ ပါဝင်နိုင်ရန် အခွင့်အလမ်း နည်းပါးသဖြင့် သီးခြားစဉ်းစားရန် ရှိသည့်စာရင်း ဖြင့် လွတ်မြောက်လာရန်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည် ။ 

နိုင်ငံရေးအကျဉ်းသားမိသားစုများက သက်ဆိုင်ရာအကျဉ်းထောင် အသီးသီးသို့ ဆက်သွယ်မေးမြန်းကြရာ သက်ဆိုင်ရာ အကျဉ်းထောင်များမှ တာဝန်ရှိသူများက သီးခြားလွတ်မြောက်ရန် ရှိသူများစာရင်း လာရန်ရှိနေသေးကြောင်း ၄င်းတို့အနေဖြင့်စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း အကောင်းဆုံးမျှော် လင့်ပါကြောင်း ဖြေကြားမှုများရှိနေကြောင်းသတင်းရရှိပါသည် ။

လူသိများသည့် လူရွှင်တော် ဇာဂနာသည် အလားတူ သီးခြားစာရင်းဖြင့် လွတ်မြောက်လာသူ ဖြစ်သဖြင့် မနက်ဖြန် လွတ်မြောက်လာမည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာနိုင်ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိကြောင်း သတင်းရရှိပါသည် ။

အများမျှော်လင့်ထားသူများ ပါသင့်သလောက် ပါနိုင်စေကြောင်း Voice Of Myanmar မှလည်း မိသားစုများနည်းတူ ဆုတောင်းပါသည် ။ လွတ်လပ်ခြင်းဖြင့် ပြည့်စုံသော မြန်မာနိုင်ငံတော်ကြီး ဖြစ်ပါစေ ။

Voice Of Myanmar

လွပ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာပြီ

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရလက်ထက်တွင် တတိယအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံပိုင်ရုပ်သံလိုင်းများတွင် ယနေ့ ညနေ၄နာရီ က ကြေငြာသွားပါသည်။ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့် နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြ သွားပါမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် ။
Update ( 1 )
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမ္မတဦးသိန်းစိန်၏ အမိန်ကြေငြာစာအမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ  သေဒဏ်ကျခံရသူများ အား ထောင်ဒဏ်တစ်သက် တစ်ကျွန်း (နှစ်အကန့်အသက်မရှိ) သို့လည်းကောင်း ၊ ထောင်ဒဏ် နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရှိရပါသည် ။
အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်အရ အကြုံးဝင်သူများထဲတွင် အများစိတ်ဝင်စားသူများ ပါရှိမှုအခြေအနေအား သိရှိရပါက ဆက်လက်ဖေါ်ပြပေးသွားပါမည် ။

Amazing animal paintings on hands


Sunday, January 1, 2012

ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များကို စောင့်ကြည်ရန် ဒေါက်တာသန်းထွဋ်အောင် ညွန်ကြား

သန်းထွဋ်အောင်
 
 အလဲဗင်းမီဒီယာအုပ်စု၏ CEO ဒေါက်တာသန်းထွဋ်အောင်သည်  ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက် များကို စောင့်ကြည့်မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက်တစ်ချို့ကို ညွန်ကြားထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်းအသိုင်းက ပြောကြားသည်။
အားစားဂျာနယ်ထုတ်ဝေရာမှတဆင့် သတင်းဂျာနယ်ထုတ်ဝေပြီး နာမည်ကျော်ကြားသူ ဒေါက်တာသန်းထွဋ်အောင် သည် မြစ်ဆုံအရေးကို အကြောင်း ပြုပြီး နိုင်ငံရေးလုပ်ရန် ခြေလှမ်းပြင်နေကာ ၎င်း၏ဖေ့ဘုတ်တွင် ၈၈အရေးခင်းကာလက နိုင်ငံရေးလှုပ်ရှားမှုများကို တင်ထားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
နိုင်ငံရေးလုပ်ခြင်းအပါအ၀င် ဘ၀ပုံသဏ္ဍန်ကို လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြောင်း သို့ရာတွင် အောက်လမ်းနည်း ဖြတ်လမ်းနည်းများ သုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၊  ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့မှ အလဲဗင်းကို ဆုချီးမြှင့်ခဲ့ရာတွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော် ထောက်ခံပေးခဲ့ကြောင်း ဦးအောင်ဇော်သည် ဘက်မလိုက်သည့် မီဒီယာသမား ရပ်တည်ချက်အကြောင်းပြုပြီး နာမည်ကြီးသူ များကို တိုက်ခိုက်ကာ နာမည်ကြီးအောင်လုပ်သူတစ်ဦးဖြစ်သဖြင့် ဒေါ်စုကို တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ၀ါရင့် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
 နိင်ငံရေးလုပ်ခြင်း၊ မလုပ်ချင်းသည် ဒေါက်တာသန်းထွဋ်အောင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်သော်လည်း နိင်ငံရေးလောဘတက်ပြီး အောက်လမ်း နည်း ဖြတ်လမ်းနည်းများသုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

သတင်းအရင်းမြစ် ။     ။ http://transparencymyanmar2010.blogspot.com/search?updated-min=2012-01-01T00:00:00%2B08:00&updated-max=2013-01-01T00:00:00%2B08:00&max-results=1

Eleven Media က ဒေါ်အောင်ဆန်းစုကြည်အားဝေဖန်သည့်ဆောင်းပါးဖေါ်ပြ ၊ "လူထုစိန်ဝင်းလား Eleven စိန်ဝင်းလား" ဟုဆောင်းပါးရှင်အား မေးခွန်းထုတ်မှုများဖြစ်ပေါ်

 Eleven စိန်ဝင်း

ဒီနေ့ ၂၀၁၂ ခု ဇန်န၀ါရီလ ၁ ရက်နေ့မှာပဲ Eleven Media မှာဖေါ်ပြလာတဲ့ လူထုစိန်ဝင်းရဲ့ အောင်ခြေကလူတွေအတွက် သံတော်ဆင့် ဆောင်းပါးကြောင့် ဆောင်းပါးရှင် လူထုစိန်ဝင်းကို လူထုစိန်ဝင်းလား Eleven စိန်ဝင်းလားဆိုပြီး မေးခွန်းထုတ်မှုတွေနဲ့အတူ ဝေဖန်မှုတွေ ပါဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ် ။

အကြောင်းကတော့ အဲဒီဆောင်းပါးမှာ ဆောင်းပါးရှင် လူထုစိန်ဝင်းဟာ အစိုးရကိုဝေဖန် သလိုလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ဝေဖန်လာလို့ ဖြစ်ပါတယ် ။ ဆောင်းပါးရဲ့ နိဂုံးပိုင်းမှာလည်း NLD ဟာ ပြည်ခိုင်ဖြိုးနဲ့ မောင်နှမဖြစ်သွားလို့ အားမကိုးထိုက်တဲ့ အကြောင်း ပေါ်ပေါ်တင်တင် ဝေဖန်ထားတာကိုလည်းတွေ့ရပါတယ် ။ ဒါကြောင့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတက်ညီလက်ညီလက်တွဲကာ နိုင်ငံအပြောင်းအလဲကို လိုလားသူများက အဆိုပါဆောင်းပါးရေးသားသူ လူထုစိန်ဝင်းနှင့် ဆောင်းပါးကိုဖေါ်ပြထားသည့် Eleven Media Group အား ဝေဖန် ကန့်ကွက်မှုများ တိုးလာနေကြောင်း သိရပါတယ် ။

 
ဆောင်းပါးရှင် လူထုစိန်ဝင်းဟာ အဲဒီဆောင်းပါးရဲ့ အစပိုင်းမှာကတည်းကဒေါ်အောင်ဆန်းစုကြည် ဟာ နှစ်ဆယ့်သုံးနှစ်လုံးလုံး အခိုင်အမာကိုင်စွဲထားတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ရေးဆိုတဲ့ အချက်တွေကို မပြောတော့ကြောင်း  ၂၀၁၀ ပြည့်နှစ်အထိ ပြောနေသေးတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းတို့၊ ဒုတိယပင်လုံညီလာ
ခံတို့ဆိုတဲ့ စကားတွေလည်း မပြောတော့ကြောင်း  အဲဒီအစား ဒီမိုကရေစီလမ်း စမြင်တွေ့နေရပြီတို့၊ သမ္မတကြီးဦးသိန်းစိန်ကို ယုံကြည်တယ်တို့ဆိုတဲ့ စကားတွေပဲပြောတော့ကြောင်း ဒါ့အပြင်  ထောင်သောင်းချီတဲ့ လူစုလူဝေးကြီးတွေလည်း မလုပ်တော့ဘဲ ရုပ်ရှင်မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေကို သီးခြားတွေ့ဆုံတာ မျိုးတွေပဲ လုပ်တော့ကြောင်း ပြောဆို ကာပေါ်ပေါ်တင်တင်  ဝေဖန်လိုက်ပါတယ် ။

 
အဲဒီနောက်ဆောင်းပါးရှင်ဟာ နိုင်ငံမှာအပြောင်းအလဲတွေ ဖြစ်နေပြီဆိုပေမယ့် အပြောင်းအလဲရဲ့ အသီးအပွင့် အရသာတွေကို အောက်ခြေလူထုဟာ မခံစားရသေးတဲ့အကြောင်း အကိုးအကားများနှင့် အနည်းငယ်ရေးကာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီကလည်း အတိုက်အခံပါတီမဟုတ်တော့ပဲ အာဏာရ ပြည်ခိုင်ဖြိုးနဲ့ မောင်နှမပါတီဖြစ်သွားလို့ အားမကိုးထိုက်တော့အကြောင်း အခုလို ဖေါ်ပြထားပြန်ပါတယ် ။


ခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အားမကိုးထိုက်တော့တဲ့အတွက် သူပင်တိုင်ရေးနေတဲ့ Eleven ကိုပဲ လူထုက အားကိုးရတော့မလိုလို အဆုံးသတ်ရေးသားထားမှုတွေကြောင့် ဆောင်းပါးရှင်အား လူထုစိန်ဝင်း အစား  Eleven စိန်ဝင်းဟု သာ ပြောင်းခေါ်သင့်ကြောင်း ဝေဖန်မှုတွေ ဖြစ်လာတာဖြစ်ကြောင်း သိရပါတယ် ။

Voice Of Myanmar


သမ္မတ အိုဘားမားအစိုးရက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ဖြေလျော့ဘို့ ကွန်ဂရက်ကို ပြောကြား

သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံ အပေါ်မှာ ချမှတ်ကျင့်သုံးနေတဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဘို့ ကွန်ဂရက်စ် ကို ပြောကြားလိုက်တဲ့အကြောင်းကို Asian Tribune သတင်းမှာ ဖေါ်ပြထားတာကို တွေ့ရပါတယ် ။