xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သီးသန့်အကျဉ်းသား ( နိုင်ငံရေးအကျဉ်းသား) များ သီးခြားစာရင်းဖြင့် လွတ်မြောက်ရန်ရှိကြောင်း သတင်းများထွက်ပေါ်

Monday, January 2, 2012

သီးသန့်အကျဉ်းသား ( နိုင်ငံရေးအကျဉ်းသား) များ သီးခြားစာရင်းဖြင့် လွတ်မြောက်ရန်ရှိကြောင်း သတင်းများထွက်ပေါ်

ယနေ့ထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ နိုင်ငံရေးအကျဉ်းသားများ ပါဝင်နိုင်ရန် အခွင့်အလမ်း နည်းပါးသဖြင့် သီးခြားစဉ်းစားရန် ရှိသည့်စာရင်း ဖြင့် လွတ်မြောက်လာရန်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည် ။ 

နိုင်ငံရေးအကျဉ်းသားမိသားစုများက သက်ဆိုင်ရာအကျဉ်းထောင် အသီးသီးသို့ ဆက်သွယ်မေးမြန်းကြရာ သက်ဆိုင်ရာ အကျဉ်းထောင်များမှ တာဝန်ရှိသူများက သီးခြားလွတ်မြောက်ရန် ရှိသူများစာရင်း လာရန်ရှိနေသေးကြောင်း ၄င်းတို့အနေဖြင့်စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း အကောင်းဆုံးမျှော် လင့်ပါကြောင်း ဖြေကြားမှုများရှိနေကြောင်းသတင်းရရှိပါသည် ။

လူသိများသည့် လူရွှင်တော် ဇာဂနာသည် အလားတူ သီးခြားစာရင်းဖြင့် လွတ်မြောက်လာသူ ဖြစ်သဖြင့် မနက်ဖြန် လွတ်မြောက်လာမည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာနိုင်ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိကြောင်း သတင်းရရှိပါသည် ။

အများမျှော်လင့်ထားသူများ ပါသင့်သလောက် ပါနိုင်စေကြောင်း Voice Of Myanmar မှလည်း မိသားစုများနည်းတူ ဆုတောင်းပါသည် ။ လွတ်လပ်ခြင်းဖြင့် ပြည့်စုံသော မြန်မာနိုင်ငံတော်ကြီး ဖြစ်ပါစေ ။

Voice Of Myanmar