xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: NLD ပါတီ တရားဝင်ပါတီဖြစ်ပြီ

Thursday, January 5, 2012

NLD ပါတီ တရားဝင်ပါတီဖြစ်ပြီ

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။ နိုင်ငံရေးပါတီ မှတ်ပုံတင် ၄၇ ဖြင့် မှတ်ပုံတင်ခွင့် ပြုလိုက်တာဖြစ်ပြီး အဆိုပါခွင့်ပြုချက်ကြောင့်ပင် NLD ပါတီသည် တရားဝင်ပါတီဖြစ်သည် မဖြစ်သည်ဆိုသော အငြင်းပွားမှုများလည်း အဆုံးသတ်သွားပြီ ဖြစ်ပါသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တရားဝင်ပါတီအဖြစ်ရပ်တည်ကာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသို့ ၀င်ရောက်လာခြင်းဖြင့် ပိုမိုပီပြင်အသက်ဝင်သော အပြောင်းအလဲအများမုချဖြစ်ပေါ်လာမည်ဟု Voice Of Myanmar မှယုံကြည်ပါသည် ။

Voice Of Myanmar