xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များကို စောင့်ကြည်ရန် ဒေါက်တာသန်းထွဋ်အောင် ညွန်ကြား

Sunday, January 1, 2012

ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များကို စောင့်ကြည်ရန် ဒေါက်တာသန်းထွဋ်အောင် ညွန်ကြား

သန်းထွဋ်အောင်
 
 အလဲဗင်းမီဒီယာအုပ်စု၏ CEO ဒေါက်တာသန်းထွဋ်အောင်သည်  ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက် များကို စောင့်ကြည့်မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက်တစ်ချို့ကို ညွန်ကြားထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်းအသိုင်းက ပြောကြားသည်။
အားစားဂျာနယ်ထုတ်ဝေရာမှတဆင့် သတင်းဂျာနယ်ထုတ်ဝေပြီး နာမည်ကျော်ကြားသူ ဒေါက်တာသန်းထွဋ်အောင် သည် မြစ်ဆုံအရေးကို အကြောင်း ပြုပြီး နိုင်ငံရေးလုပ်ရန် ခြေလှမ်းပြင်နေကာ ၎င်း၏ဖေ့ဘုတ်တွင် ၈၈အရေးခင်းကာလက နိုင်ငံရေးလှုပ်ရှားမှုများကို တင်ထားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
နိုင်ငံရေးလုပ်ခြင်းအပါအ၀င် ဘ၀ပုံသဏ္ဍန်ကို လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြောင်း သို့ရာတွင် အောက်လမ်းနည်း ဖြတ်လမ်းနည်းများ သုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၊  ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့မှ အလဲဗင်းကို ဆုချီးမြှင့်ခဲ့ရာတွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော် ထောက်ခံပေးခဲ့ကြောင်း ဦးအောင်ဇော်သည် ဘက်မလိုက်သည့် မီဒီယာသမား ရပ်တည်ချက်အကြောင်းပြုပြီး နာမည်ကြီးသူ များကို တိုက်ခိုက်ကာ နာမည်ကြီးအောင်လုပ်သူတစ်ဦးဖြစ်သဖြင့် ဒေါ်စုကို တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ၀ါရင့် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
 နိင်ငံရေးလုပ်ခြင်း၊ မလုပ်ချင်းသည် ဒေါက်တာသန်းထွဋ်အောင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်သော်လည်း နိင်ငံရေးလောဘတက်ပြီး အောက်လမ်း နည်း ဖြတ်လမ်းနည်းများသုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

သတင်းအရင်းမြစ် ။     ။ http://transparencymyanmar2010.blogspot.com/search?updated-min=2012-01-01T00:00:00%2B08:00&updated-max=2013-01-01T00:00:00%2B08:00&max-results=1