xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွပ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာပြီ

Monday, January 2, 2012

လွပ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာပြီ

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရလက်ထက်တွင် တတိယအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံပိုင်ရုပ်သံလိုင်းများတွင် ယနေ့ ညနေ၄နာရီ က ကြေငြာသွားပါသည်။ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့် နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြ သွားပါမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် ။
Update ( 1 )
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမ္မတဦးသိန်းစိန်၏ အမိန်ကြေငြာစာအမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ  သေဒဏ်ကျခံရသူများ အား ထောင်ဒဏ်တစ်သက် တစ်ကျွန်း (နှစ်အကန့်အသက်မရှိ) သို့လည်းကောင်း ၊ ထောင်ဒဏ် နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရှိရပါသည် ။
အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်အရ အကြုံးဝင်သူများထဲတွင် အများစိတ်ဝင်စားသူများ ပါရှိမှုအခြေအနေအား သိရှိရပါက ဆက်လက်ဖေါ်ပြပေးသွားပါမည် ။