တစ်ချိန်တစ်ခါက အမေရိကန် ပြည်ထောင်စုကို ကြည့်ပြီး ကမ္ဘာက
ရင်သပ်ရှုမောအံ့သြခဲ့ကြရတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန် နိုင်ငံက နိုင်ငံ
တစ်နံတစ်လျား အဝေး ပြေးလမ်းမကြီးတွေ ဖောက်လုပ်ပြခဲ့ တယ်။ ကမ္ဘာပေါ်မှာ
အကောင်း တကာ့ အကောင်းဆုံး ပညာရေး စနစ်တွေ ထူထောင်ဖန်ဆင်းပြတယ်။ ပြီးတော့
လူသားကို လကမ္ဘာပေါ် အရောက်ပို့ပေးခဲ့သေးတယ်မဟုတ် လား။ ဒါပေမယ့် အခုတော့
အရင်လို မဟုတ်တော့ဘူး။ ကြွေးတွေပိပြီး ခေါင်းမဖော်နိုင် ဖြစ်နေရှာတယ်။
ကလေးတွေကစားကြတဲ့ ညောင်ပင် တစ္ဆေကစားနည်းကို ပြန်သတိရမိ တယ်။ ညောင်ပင်တစ္ဆေ
ဘယ်မှာနေ လဲမေးတော့ ညောင်ကိုင်းမှာနေတယ် တဲ့။ ဘာစားလဲမေးတော့ ညောင်သီး
စားသတဲ့။ ဘာရေသောက်လဲ မေး တော့လဲ ညောင်ရေပဲသောက်တယ် တဲ့။ အခုတော့
အမေရိကန်နိုင်ငံလဲ ညောင်ပင်တစ္ဆေလိုပဲ ဖြစ်နေရှာတယ်။ ကြွေးနဲ့နေ
ကြွေးနဲ့စား၊ ကြွေးရေ သောက်ပြီးပေါ့။
အကြွေးဇာတ်လမ်း
ဒီကနေ့ခေတ် အမေရိကန်နိုင်ငံ ဟာ သူ့ရဲ့ အကြွေးဇာတ်ကို ဘယ်လို စတင်
ခင်းကျင်းခဲ့သလဲဆိုတာ အကြမ်းဖျင်းလောက်တော့ သိချင်ကြ မှာပါ။ ၁၉၈ဝ
ရွေးကောက်ပွဲမှာ ဂျင်မီ ကာတာကို မဲအပြတ်အသတ်နဲ့ အနိုင် ရပြီး Ronald Reagan
သမ္မတဖြစ် လာခဲ့တယ်။ အဲဒီအချိန်အမေရိကန် နိုင်ငံမှာ အစိုးရရဲ့ ဗျူရိုကရေစီ
ယန္တရားကြီးကလဲ ကြီးမား၊ အခွန် အတုပ်ကောက်ခံမှုကလဲမြင့်မားနေ တော့ ပြည်သူတွေ
ညည်းညူနေကြ တဲ့အချိန်ဖြစ်တယ်။ သမ္မတ ရေဂင်က ဒါတွေအားလုံးဖြတ်ချပစ်မယ်လို့
ကြွေး ကြော်ခဲ့တယ်။ တကယ်လဲ အခွန် အတုပ်တွေကို ဖြတ်ချပစ်ခဲ့တယ်။
ရေဂင်က အခွန်ကို လျှော့ချခဲ့ ပေမယ့် သုံးစွဲမှုကိုတော့ မလျှော့ချ ခဲ့ဘူး။
တစ်ဘက်က အခွန်လျှော့ချ တဲ့အတွက် အစိုးရရဲ့ ဝင်ငွေကျဆင်း သွားတယ်။
အခြားတစ်ဘက်မှာ အသုံးအစွဲကို လျှော့ချခြင်းမရှိတဲ့ အပြင်
ပိုတောင်သုံးစွဲလာခဲ့တယ်။ ဒီ တော့ ဒီနှစ်ခုကြားမှာ ကွာဟလာ တယ်။ အကျိုးဆက်က
ဘာလဲဆို တော့ ငွေချေးငှားပြီး သုံးစွဲလာရ တယ်။ ရေဂင်လက်ထက်မှာ အမေ
ရိကန်နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ- National Debt ဟာ ၁၉၈ဝ မှာ
အမေရိကန်ဒေါ်လာ ၇၁၂ ဘီလီယံ ရှိခဲ့ရာမှ ၁၉၈၈ ခုနှစ်မှာ အမေရိ ကန်ဒေါ်လာ
နှစ်ထရီလီယံအထိ ဖြစ် သွားတယ်။ အဲဒီအချိန်က အမေရိကန်ဟာ စီးပွားရေး
သိပ်ကောင်းနေတဲ့အချိန် ဖြစ်လို့ ဒီအကြွေးလောက်ကိုတော့ ဒါ လေးများ
စကားထဲတောင်ထည့် မပြောဘူး ဆိုတဲ့အချိန်။ နောက်ပိုင်း ကာလတွေမှာ ရေဂင်ဟာ
အခွန်ကို အကြိမ်ကြိမ် အခါခါတိုးမြှင့် ကောက် ခံခဲ့ပေမယ့် ခြုံငုံသုံးသပ်ရင်
သူ သမ္မတ ဖြစ်ခါစကထက် အခွန်ဟာ လျော့နည်းကျဆင်းသွားတယ်။ အရင် က GDP ရဲ့ ၂ဝ
ရာခိုင်နှုန်းလောက် ရှိနေခဲ့တဲ့ အခွန်အတုပ်ဟာ သူ အိမ် ဖြူတော်နဲ့
ခွဲခွာချိန် ၁၉၈၉ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ပဲ ရှိတော့တယ်။ ဒါပေမယ့်
ရေဂင်လက်ထက်မှာ သုံးစွဲမှုဟာ ထောင်တက်သွားတယ်။ ၁၉၇၁-၂ဝဝ၉ ခုနှစ်များအတွင်း
ဘဏ္ဍာငွေ သုံးစွဲမှုဟာ ပျမ်းမျှအား ဖြင့် GDP ရဲ့ ၂ဝ.၆ ရာခိုင်နှုန်းရှိခဲ့
ပေမယ့် ရေဂင်လက်ထက်ကျတော့ ပျမ်းမျှ ၂၂.၄ ရာခိုင်နှုန်းရှိတယ်။ ရေဂင်ဟာ
ကဏ္ဍတိုင်းမှာ ငွေကို ရေ လိုသုံးစွဲခဲ့တယ်။ အထူးသဖြင့်တော့ ကာကွယ်ရေး
အသုံးစရိတ်ပါ။ ရေဂင်မတိုင်မီ အမေရိကန် သမ္မတတွေဟာ သမ္မတဖြစ်လာရင်
ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ကို ဆိုဗီ ယက်ယူနီယံဆီသွားရောက်ပြီး ဆိုဗီ
ယက်ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံ တတ်ကြတယ်။ ဒီအစဉ်အလာကို ရေဂင်က
ရိုက်ချိုးပစ်ခဲ့တယ်။ ဆိုဗီ ယက်နိုင်ငံဆီ မသွားဘူး။ ကိုယ့်နိုင်ငံ
လုံခြုံရေးအတွက် ကိုယ့်ဟာကိုယ် အစီအမံတွေ လုပ်ထားဖို့ပဲလိုတယ် ဆို ပြီး
အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို အလွန်အကျွံ ချဲ့ကား
သုံးစွဲပစ်ခဲ့တယ်။ Star Wars ဆိုတာ ရေဂင်ခေတ်က ထွက်ပေါ်ခဲ့တဲ့ စီမံကိန်း
ဝေါဟာရတစ်ခုပါ။ ရေဂင် လက်ထက်မှာ အမေရိကန်စီးပွားရေး
အထူးကောင်းမွန်ခဲ့တဲ့အတွက် သူ့ရဲ့ အသုံးအဖြုန်းတွေကို အမှတ်တမဲ့ ဂရု
မထားမိခဲ့ကြဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်း တက်လာတဲ့ အမေရိကန်သမ္မတတိုင်း
လိုလိုဟာ အကြွေးနဲ့ နှစ်ပါးသွားကဖို့ စိတ်ကူးပေါက်လာခဲ့ကြတယ်။
မျက်ဖြူဆိုက်တဲ့ဘ၀ရောက်လာ
အမေ
ရိကန်နိုင်ငံရဲ့ ဖက်ဒရယ်အဆင့်မှာ သာ ကြွေးနဲ့မကင်းတာ မဟုတ်ဘူး။
ပြည်နယ်၊ မြို့နဲ့ ဒေသန္တရ အစိုးရ တွေလဲ ကြွေးမကင်းကြဘူး။ အိမ်
ထောင်စုတစ်ခုမှာ အိမ်ထောင်ဦးစီးက စပြီး သားတွေ၊ သမီးတွေအထိ
အကြွေးနဲ့မကင်းကြသလိုပဲပေါ့။ ဒီလို အကြွေးနဲ့ ဆယ်စုနှစ်
သုံးခုလောက် နေလာလိုက်တာ အခုတော့ အကြွေး လည်ပင်းခိုက်ပြီး
မျက်ဖြူဆိုက်တဲ့ ဘဝရောက်လာတယ်။ ဒီကြားထဲ အမေရိကန်သမ္မတ အချို့က
ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ ကြပါသေးတယ်။ eorge H.W Gush
(ဂျော့ဘုရှ်ရဲ့ဖခင် ၄၁ ဦး မြောက်သမ္မတ)လက်ထက်မှာ အသုံး
စရိတ်တွေကိုခြိုးခြံချွေတာသုံးစွဲခဲ့ပြီး သမ္မတ Bill Clinton လက်ထက်မှာ
ြေ<ွကးကင်းသွားတဲ့အပြင် ငွေပိုငွေလျှံ Surplus တွေတောင် ရှိလာခဲ့သေး
တယ်။ အဲဒီနောက်ပိုင်း ၂ဝဝ၁ ခုနှစ် မှာ George W. Bush ဟာ အမေရိ
ကန်နိုင်ငံရဲ့ ၄၃ ဦးမြောက် သမ္မတ ဖြစ်လာခဲ့တယ်။
ကံဆိုးချင်တော့
ကံဆိုးချင်တော့ သူ
သမ္မတဖြစ်လာပြီး သိပ်မကြာမီမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုကြီး
ဖြစ်ပေါ်လာခဲ့တယ်။ ဂျော့ဘုရှ်ဟာ အခွန်အကောက်တွေကို အကြီး အကျယ်
လျှော့ချပစ်ခဲ့တဲ့အပြင် ကျန်း မာရေး စောင့်ရှောက်မှုခံစားပိုင်ခွင့် တွေ
ကိုလဲ တိုးမြှင့်ပေးခဲ့တယ်။ အာဖဂန် နစ္စတန်နဲ့ အီရတ်နိုင်ငံတွေမှာ အကြမ်း
ဖက်ဆန့်ကျင်ရေး စစ်ပွဲတွေ ဆင်နွှဲ ခဲ့တယ်။ ဒီတော့သမ္မတ ကလင်တန် လက်ထက် က
မူးစု ပဲစု စုထားခဲ့ တဲ့ စုဆောင်းငွေတွေ ပြောင်တလင်း ခါသွားတဲ့အပြင် ၂ဝဝ၈
ခုနှစ် ရောက် တော့ အမေရိကန် အမျိုးသားကြွေးမြီ ဟာ အမေရိကန်ဒေါ်လာ ၅.၈
ဘီလီ ယံအထိ မြင့်တက်လာတယ်။ ဂျော့ ဘုရှ် လက်ထက်မှာ အဆိုးရွားဆုံး ဖြစ်ရပ်က
ဆိုင်းမဆင့် ဗုံမဆင့် ဘဏ္ဍာ ရေး ပြဿနာ ဗြုန်းစားကြီး ပေါ် ထွက်လာပြီး
အမေရိကန်စီးပွားရေး ရုတ်တရက် ဒလိမ့်ကောက်ကွေး ကျ ဆင်းသွားခြင်းပါပဲ။
ဒီစီးပွားရေးကျဆင်းမှုကြီးက အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်အဆင့်
အခွန်ဘဏ္ဍာရငွေတွေကို တိုက်စား ပစ်လိုက်တယ်။ ဒီကြားထဲမှာ စီး ပွားရေး
ပြန်လည်ရှင်သန်လာရေး အတွက် အခွန်အတုပ်တွေကို ပိုပြီး လျှော့ချ
ဖြတ်တောက်တယ်။ နိုးထ ရှင်သန်ရေး စီမံကိန်းတွေနဲ့ လိုငွေပြ သုံးစွဲမှုတွေ
တိုးတက်ပြုလုပ်ခဲ့တယ်။ နောက်ဆုံးတော့ ဒီတစ်နှစ်၊ နှစ်နှစ်
ကာလလေးအတွင်းမှာပဲ အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီဟာ အမေရိကန်
ဒေါ်လာ ၁၄.၃ ထရီလီ ယံအထိ တိုးမြင့်သွားတော့တယ်။
ထိလွယ်ခိုက်လွယ်အခြေအနေ
ကြွေးပြဿနာ
ဘယ်လိုရှင်းကြမလဲ အမေရိကန် ဘောဂဗေဒ ပညာ ရှင်အတော်များများက အမေရိကန်
စီးပွားရေးဟာ ကွဲလွယ် အက်လွယ် တဲ့ အချိန်ရောက်နေမှန်းသိကြတယ်။
ဒီလိုအချိန်မှာ အသုံးစရိတ်ကိုလဲ မဖြတ်တောက်နဲ့။ ဆက်သုံး။ အခွန် ကိုလဲ
မမြှင့်တင်နဲ့။ နဂိုအတိုင်းပဲ ထား သင့်တယ်လို့ ထင်မြင်ယူဆကြ တယ်။
ဒီလိုလုပ်တာက ပိုကောင်း တယ်လို့ မြင်ကြတယ်။ တကယ် တော့
မှန်သင့်သလောက်မှန်ပါတယ်။ ဒီကနေ့ အကောင်းဆုံး စီးပွားရေး မူဝါဒက
နိုးထရှင်သန်ရေးအစီအမံ Stimulus တွေပိုလုပ်ပြီး နောင်လာ မယ့် နှစ်တွေမှာ
လိုငွေပြသုံးစွဲမှုတွေ ကို လျှော့ချပစ်ဖို့ပါပဲ။ ဒါပေမယ့် ပြဿနာက ဒီလို
ကောင်းမွန်တဲ့ မူဝါဒတွေ ကို ကျင့်သုံးဖို့ အမေရိကန် နိုင်ငံအနေနဲ့
လက်လှမ်းမီနိုင်ပါဦး မလား။ အမေရိကန်နိုင်ငံ ရေးသမားတွေ ထဲမှာ
အမြင်ကွဲလွဲမှုတွေ ရှိနေတယ်။ အချို့က ပြည်သူ့အကျိုးကို သယ်
ပိုးပေးနေတဲ့အစိုးရ- Big Govern-ment နဲ့ လျော့နည်းနိမ့်ကျတဲ့ အခွန် အတုပ်-
Low Taxes ကြားမှာ ရွေး ချယ်စရာမလိုဘူး။ ဒီနှစ်ခုစလုံးကို တစ်ချိန်တည်း
တစ်ပြိုင်တည်း ရနိုင် တယ်လို့တွက်ကြတယ်။ ဘဏ္ဍာငွေ က အထူးသဖြင့် လူလတ်တန်းစား
တွေနဲ့ အဓိက ပတ်သက်နေတယ်။ ပမာအားဖြင့် ကျန်းမာရေးထောက်ပံ့ငွေ Medicare
တို့၊ အိမ်ပေါင်အတိုးနှုန်း လျှော့ချတာတို့ လိုဟာတွေ။ ဒါပေ မယ့်
အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ် အဆင့် အခွန်တွေဟာ GDP ရဲ့ ၁၅
ရာခိုင်နှုန်းပဲရှိတယ်။ အင်မတန် လျော့ နည်း နိမ့်ကျနေတယ်။ ဘဏ္ဍာငွေ သုံးစွဲမှုက
GDP ရဲ့ ၂၄ ရာခိုင်နှုန်း ရှိတယ်။ ဒီကွာဟမှုကို နိဂုံးချုပ်ဖို့ အတွက်ဆိုရင်
အခွန်တိုးမြှင့်ကောက် ခံရေးပဲရှိတယ်။ အခြားနည်းလမ်း မမြင်ဘူး။
အများပြည်သူ ဆန္ဒသဘော ထားကောက်ယူချက်တွေက ပြည်သူ တွေဟာ ကျန်းမာရေး
စောင့်ရှောက် မှုအတွက် ထောက်ကူငွေတွေကို ဖြတ်တောက်ရေးနဲ့ နှိုင်းစာရင် အခွန်
တိုးကောက်တာကို လိုလားနှစ်သက် ကြကြောင်း ဖော်ပြကြတယ်။ ဒါပေ မယ့်
အမေရိကန်နိုင်ငံအတွက် တကယ့်လိုအပ်ချက်ကတော့ ထောက်ကူငွေကိုလဲ ဖြတ်၊ အခွန်ကို
လဲ တိုးကောက်ဖို့ပဲဖြစ်တယ်။ ဇာတ်ဆရာကြီး ကွန်ဂရက် အမေရိကန်နိုင်ငံရေး
သမားတွေ အဲသလို လုပ်နိုင်ပါ့မလား။ အမေရိ ကန် ကွန်ဂရက်လွှတ်တော်ကြီးက ရော
လုပ်ရဲ ကိုင်ရဲတဲ့သတ္တိ ရှိပါ့ မလား။
ကွန်ဂရက်အတွင်းမှာအကွဲကွဲအပြားပြား
ထောက်ကူတွေ ဖြတ်တောက် ရေးနဲ့
အခွန်တိုးကောက်ရေး အတွဲ ဟာ ၂ဝ၁၂ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဆွယ်တရား
ဟောကြချိန်မှာ အဓိကဆွေးနွေးငြင်း ခုံပြောဆိုကြရမယ့် မူဝါဒသဘော တရားတိုက်ပွဲ
ဖြစ်လာနိုင်ခြေရှိတယ်။ သြဂုတ်လဆန်း အြေ<ွကး ကန့် သတ်ဘောင် တိုးမြှင့် စဉ်တုန်းက အမေရိကန် ကွန်ဂရက် လွှတ်တော်ဟာ
အကွဲကွဲအပြားပြား ဖြစ်နေတာတွေ့မြင်ခဲ့ကြရတယ်။ ဒီလို ကွဲပြားနေမှုကြောင့်
ကွန်ဂရက်ဟာ မလှုပ်မရှားနိုင်ဖြစ်ခဲ့ရတယ်။ အကြွေး ကန့်သတ်ဘောင်ကို
ကွန်ဂရက်က တိုးမြှင့်ပေးခဲ့တယ်ဆိုပေမယ့် အခွန် တိုးကောက်ရေး
လက်ရှောင်ခဲ့ပြီး ထောက်ကူငွေ ဖြတ်တောက်ရေးကို ရွေးကောက်ပွဲလွန်ကာလအထိ ရွှေ့
ဆိုင်းခဲ့တယ်။ ၂ဝ၁၂ ဘတ်ဂျက် အပေါ် အမှန်တကယ် ဖြတ်တောက် ငွေကလဲ အမေရိကန်ဒေါ်လာ
၂၁ ဘီ လီယံ လောက်ပဲရှိတယ်။ သုံးစွဲဖို့ လျာ ထားငွေ အမေရိကန်ဒေါ်လာ ၃.၇
ထရီလီယံထဲက ၂၁ ဘီလီယံပဲ ဖြတ် တောက်ခဲ့တယ်ဆိုတော့ ရယ်စရာ ဖြစ်ခဲ့ရတယ်။
အိုဘားမားလက်ထက် ဘဏ္ဍာရေးဆိုင်ရာ ထိပ်တန်းရာထူးတွေမခန့်အပ်နိုင်
အိုဘားမားအစိုးရအဖွဲ့ဟာ တာ ဝန်ထမ်းရွက်နေတာ နှစ်နှစ်ကျော် ခဲ့
ပြီဖြစ်ပေမယ့် လွှတ်တော်အတွင်း အကွဲကွဲအပြားပြားဖြစ်နေမှုကြောင့်
မခန့်အပ်ရသေးတဲ့ ရာထူးတွေ ရာနဲ့ ချီပြီးရှိနေတယ်။ အမေရိကန် ဘဏ္ဍာ ရေးဌာနမှာ
ထိပ်တန်းရာထူးတွေ လစ်လပ်လျက်ရှိတယ်။ မခန့်ရသေး ဘူး။ ကွန်ဂရက်က သဘောမတူလို့။
ဒါမှမဟုတ် နှောင့်နှေးကြန့်ကြာ အောင် တမင်လုပ်ထားတဲ့အတွက်
ကြောင့်လဲဖြစ်နိုင်တယ်။ ဒီတော့ ကွန် ဂရက်က အလုပ်မဖြစ်ဘူး။ အထက် လွှတ်တော်မှာ
ဥပဒေကြမ်း ၈ဝ ရာခိုင်နှုန်းလောက်ဟာ ရီပတ်ဘလီ ကန်အမတ်တွေ သဘောမတူမှု ကြောင့်
သောင်မတင်ရေမကျ တိုးလို့ တန်းလန်းဖြစ်လျက်ရှိတယ်။ လောလောဆယ် လွှတ်တော်
အတွင်းမှာ အမေရိကန် နိုင်ငံရေး ပါတီတွေဟာ သန့်ရှင်းတဲ့ သဘော
တရားတွေကိုင်စွဲပြီး တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ဥရောပ ပါလီမန် တွေမှာလို
အလုပ်လုပ်နေကြတယ်။ တကယ်တော့ အမေရိကန် စနစ်က ဒီလိုမဟုတ်ဘူး။ လူတစ်ဦး ဒါမှ
မဟုတ် တစ်ပါတီက လုံးလုံးလျား လျား အာဏာကို ချုပ်ကိုင်မထားနိုင် အောင်
လုပ်ထားတဲ့ စနစ်ကြီးဖြစ် တယ်။ ဆိုလိုတာက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပြီး
အဖြေရှာနိုင်အောင် လုပ် ထားတဲ့စနစ်ဖြစ်တယ်။ တကယ် တော့လဲ ဘယ်ပါတီကပဲ အစိုးရ
ဖြစ် လာဖြစ်လာ လွှတ်တော်အတွင်းမှာ ပါတီအချင်းချင်း လက်တွဲပြီး ဆောင်
ကြဉ်းနိုင်ခဲ့ကြတာချည်းပါပဲ။ ဒါပေ မယ့်...။
တီးပါတီ
မကြာသေးမီက ရီပတ်ဘလီ
ကန်ပါတီအတွင်းအမြစ်မြေလှန် တော် လှန်ရေးသမားအချို့ ပေါ်ထွက်လာ တယ်။
သူတို့တစ်တွေကို ပေါင်းစု ပြီး တီးပါတီ -Tea PartYers လို့ သမုတ်
ထားကြတယ်။ ပြီးခဲ့တဲ့ ရွေးကောက် ပွဲ နောက်ပိုင်းပေါ်ထွက်လာခဲ့တာပါ။
အစောပိုင်းမှာ ဘာရယ်လို့ မဟုတ် ပေမယ့် ၂ဝ၁ဝ သက်တမ်းထက်
ဝက်ရွေးကောက်ပွဲကာလတုန်းက ဒီမို ကရက်တစ်အမတ်နေရာ ၆ဝ ကျော် လောက်ကို
ပြုတ်ကျသွားစေခဲ့တဲ့ အတွက် သူတို့ရဲ့ စွမ်းပကားကို ဘယ် သူကမှ
အထင်မသေးရဲကြတော့ဘူး။ အကြွေးကန့်သတ်ဘောင်ဆွေး နွေးပွဲတုန်းက
သူတို့ရဲ့ တောင်းဆို ချက်ကို အခြားသော ရီဘတ်ဘလီ ကန်အမတ်တွေ
မတွန်းလှန်ရဲခဲ့ကြ ဘူး။ သူတို့က အခွန်အကောက်တိုး မြှင့်ရေးကို လုံးဝ
လက်မခံနဲ့။ အို ဘားမားအစိုးရ ရဲ့ ဘဏ္ဍာငွေ အရမ်း ကာရော သုံးစွဲမှုတွေကို
ဖြတ်တောက် ပစ်လို့ ရီပတ်ဘလီကန်အမတ်တွေ ကို အမိန့်ပေး ညွှန်ကြားခဲ့ကြတယ်။
ပြီးတော့ သူတို့ကပဲ ရီပတ်ဘလီကန် အမတ်တွေကို ခင်ဗျားတို့ကို ကျုပ်တို့ က
တင်မြှောက်ထားတာနော်။ တို့ ပြောသလို မလုပ်ရင် တို့ကဖြုတ်ချပစ်
နိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ကြ သေးတယ်။ ဒီတော့ ရီပတ်ဘလီကန် အမတ်တွေ
တုတ်တုတ်မျှ မလှုပ်ရဲခဲ့ ကြဘူး။ တီးပါတီက အမိန့်ပေးတဲ့ အတိုင်း
လိုက်နာခဲ့ကြရတယ်။ သိကြတဲ့အတိုင်းပါပဲ။ ကန့် သတ်ဘောင်ကို
တိုးမြှင့်ပေးတဲ့ ဆွေး နွေးညှိနှိုင်းမှုမှာ ရီဘတ်ဘလီကန် အမတ်တွေဘက်က
တစ်ပြားသားမှ အလျှော့မပေးဘဲ ဒီမိုကရက်တစ် ဘက်ကပဲ တစ်ဘက်သတ် လျှော့
ပေးခဲ့ရတယ်။ ဒါကြောင့် အကြွေး ကန့်သတ်ဘောင်တိုးမြှင့်ရေး ဆွေးနွေး
ပွဲဟာ တီးပါတီရဲ့ ပြန်ပေးဆွဲခံခဲ့ရ တယ်လို့ အများက ဝေဖန်ပြောဆို ခဲ့ကြတယ်။
တီးပါတီဟာ ရီပတ်ဘလီကန် ပါတီ ပရဝုဏ်အတွင်းက လူနည်းစု အုပ်စု
တစ်စုသာဖြစ်ပေမယ့် အမျိုး သားရေးကို ဦးထိပ်ထားပြီး အမေရိ
ကန်နိုင်ငံရေးလောကကို မောင်ပိုင်စီး ဖို့ ကြိုးပမ်းလာတယ်။ အစွန်းရောက်
အမြင်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုကို ပစ် ပယ်တဲ့ အဖွဲ့အစည်းဖြစ်လာတယ်။
သူတို့က အမေရိကန် ကွန်ဂရက် လွှတ်တော်ကို အများစု အုပ်ချုပ်မှုက နေပြီး
လူနည်းစု အုပ်ချုပ်ရေးဆီသို့ အသွင်ကူးပြောင်းချင်ပုံရတယ်။ တကယ်လို့
တစ်နေ့ တီးပါတီ ဝင် Tea Partyers အမေရိကန် နိုင်ငံ ရေးလောကမှာ အာဏာရလာပြီး
လက်ယာစွန်း လမ်းစဉ်ကိုသာ ရွေး ချယ်ခဲ့ရင် ကမ္ဘာသူ၊ ကမ္ဘာသားများ အတွက်
ကြေကွဲဝမ်းနည်းဖွယ်တွေနဲ့ များ ကြုံတွေ့ရနိုင်သလား...။
ရှေ့ဘာဆက်လုပ်ကြမလဲ
ဒီကနေ့ အမေရိကန် စီးပွားရေး ဟာ လမ်းဆုံလမ်းခွရောက်နေတယ်။
နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက် က အခရာကျလာတယ်။ တစ်နည်း ပြောရရင်
စီးပွားရေး ပြဿနာ အဝိုင်း အဝန်းကို ကျော်လွန်သွားခဲ့ပြီး နိုင်ငံ ရေး
ပြဿနာဖြစ်လာတယ်။ နိုင်ငံရေး သမားတွေအနေနဲ့ လမ်းတစ်လမ်း တော့ ရွေးကြရမယ်။
လမ်းမှားလိုက် ခဲ့ရင်တော့ အမေရိကန် စီးပွားရေး ခေါင်းထောင်မှ
ထောင်နိုင်ပါ့တော့ မလား...။
မင်းရွှေမောင်
Ref: Fareed Zakaria: " The Debt
Deals Failure" Time. Aug, 15, 2011.