xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါးများ ထုတ်ဝေခွင့်ရရှိလာခြင်းအပေါ် ပြည်တွင်းပြည်ပမှကြိုဆို

Sunday, September 4, 2011

ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါးများ ထုတ်ဝေခွင့်ရရှိလာခြင်းအပေါ် ပြည်တွင်းပြည်ပမှကြိုဆို

ယခုအပတ် ပြည်တွင်းထုတ်ဂျာနယ်အချို့တွင် ဒေါ်အောင်ဆန်းစုကြည် ၏ကိုယ်တိုင်ရေး ဆောင်းပါးများ အပြင် အင်တာဗျုးများ လည်း ထုတ်ဝေခွင့်ရရှိခဲ့ကြောင်းသတင်းရရှိပါသည် ။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာပြီးနောက် သတင်းဂျာနယ် အများအပြား က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများကို ပြုလုပ်၍ စာပေစိစစ်ရေးသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ပဲ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ဖေါ်ပြခွင့်ရလာတာဖြစ်ကြောင်းလဲသိရပါတယ် ။

ယခုကဲ့သို့ဖေါ်ပြခွင့်ပြုခြင်းကို ပြည်တွင်းပြည်ပ စာနယ်ဇင်းလောကသားများကကြိုဆိုလိုက်ကြပြီး ဆက်လက်ဖေါ်ပြနိုင်ရေးအတွက် မျှော်လင့် တောင်းဆိုမှုများလည်းရှိကြောင်းသိရပါတယ် ။

ယခုလ ၄ရက်နေ့ထုတ် The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး နှစ်ပေါင်း ၂၀အတွင်း ဘယ်ဂျာနယ်မှာမှဖေါ်ပြနိုင်ခြင်းမရှိသေးတဲ့ အင်တာဗျုးတစ်ခုကို သူတို့ဂျာနယ်ကပထမဆုံး ဖေါ်ပြနိုင်ပြီဖြစ်ကြောင်း သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာဂုဏ်ယူစွာ ဖေါ်ပြထား တာတွေ့ရပါတယ် ။


အလားတူပင် သူမ၏သားနှင့်ပုဂံအပန်းဖြေခရီးအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားထားတဲ့ " အပန်းဖြေနားရက်များ" အမည်ရှိဆောင်းပါးကိုလည်း လာမည့်အင်္ဂါနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်တွင် အဖြတ်အတောက်မရှိဖေါ်ပြခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါသည် ။ ထူးခြားသည်မှာ အဆိုပါဂျာနယ်တွင်ပင် ယခင်အစိုးရလက်ထက်က အစိုးရကို ဆက်တိုက်ဆိုသလို အတိုက်အခံပြုခဲ့တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်၏ " သခင်အောင် ဆန်းရေးခဲ့သော နိုင်ငံရေးဆောင်းပါး တစ်ပုဒ် " အမည်ရှိဆောင်းပါးလည်း ပါဝင်လာမှာဖြစ်ကြောင်းသိရှိရပါသည် ။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် NLD ထိပ်တန်းခေါင်းဆောင်များသည် ပြည်ပမီဒီယာများမှတစ်ဆင့် အစိုးရအပေါ်ဝေဖန်မှုများ သိသိသာသာလျော့နည်းသွားပြီး အစိုးရဘက်မှလဲ ယခုကဲ့သို့ အပြုသဘောဆောင်တုန့်ပြန်မှုများကြောင့် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသူများက အထူးပင်ဝမ်းမြောက်လျှက်ရှိကြောင်း သတင်းရရှိပါသည် ။

Voice Of Myanmar