xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဖျက်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အမေရိကန်မအောင်မြင်

Monday, September 5, 2011

ဖျက်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အမေရိကန်မအောင်မြင်



အမေရိကန် ပြည်ထောင်စု ဒုံးခွင်း ဒုံးစနစ်အတွက် တီထွင် ထုတ်လုပ်ခဲ့တဲ့ အဆင့်မြင့် ဖျက်ဒုံးကျည် တစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ် ပစ်လွှတ်ခဲ့ရာမှာ ပစ်မှတ်ကို ထိမှန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ SM-3 Block1B ဖျက်ဒုံးကျည်ကို ဟာဝိုင်အီကျွန်း အနီး ပစိဖိတ် သမုဒ္ဒရာ အထက်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စမ်းသပ် ပစ်လွှတ်ခဲ့တာ ဖြစ်ကြောင်း အမေရိ ကန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။

အဆိုပါ ဖျက်ဒုံးကျည်ဟာ ပစ်မှတ်ကို အတည်ပြုနိုင်ဖို့ အဆင့်မြင့် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး အမေရိကန် ရေတပ် သင်္ဘော တစ်စင်းကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဒုံးကျည်ကို ကာဝါအီကျွန်းရှိ ရေတပ် လေ့ကျင့်ရေး ပစ်ကွင်း တစ်ခုကနေ ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်း ဒုံးကျည် တစ်ခုကို ကြားဖြတ် ဖျက်ဆီးဖို့ ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ပစ်မှတ် ဒုံးကျည်ကို မဖျက်ဆီးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီလို ဖျက်ဒုံးကျည် စမ်း သပ် ပစ်လွှတ်မှု မအောင်မြင်ခဲ့ရတဲ့ အကြောင်းကို အသေးစိတ် စုံစမ်း စစ်ဆေး သွားမှာ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ (၂၀၀၂)ခုနှစ်က စတင်ပြီး အေဂျက်စ် ပဲ့ထိန်းဒုံး ကာကွယ်ရေး စနစ်ကို စတင် စမ်းသပ်ခဲ့ပြီး အခုလို ဖျက်ဒုံး ကျည် စမ်းသပ်မှု (၂၇)ခုမှာ (၅)ခု မအောင်မြင်ခဲ့ဘူးလို့လည်း သိရပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတို့ဟာ SM-3 Block1B ဒုံးကျည်မှာ သုံးထားတဲ့  နည်းပညာ အချို့ကို ယူပြီး ဖျက်ဒုံးကျည် အမျိုးအစားအသစ် တစ်ခုကို ပူးတွဲ တီထွင်လျက် ရှိပြီး အခုလို အောင်မြင်မှု မရရှိခဲ့တဲ့ စမ်းသပ် ပစ်လွှတ်မှုက အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ဒုံးကျည် ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ထိခိုက် စေနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
MRTV 4