xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရုရှားအကူအညီဖြင့်တည်ဆောက်သော အီရန်၏ ပထမဆုံးနျူဓါတ်အားပေးစက်ရုံ စတင်လည်ပတ်

Monday, September 5, 2011

ရုရှားအကူအညီဖြင့်တည်ဆောက်သော အီရန်၏ ပထမဆုံးနျူဓါတ်အားပေးစက်ရုံ စတင်လည်ပတ်

 
ရုရှားနိုင်ငံ၏အကူအညီဖြင့်တည်ဆောက်ထားသော အီရန် နိုင်ငံ၏ ပထမဆုံးသော နျူကလိယ စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံမှာ  စတင် လည်နေပြီ ဖြစ်သည်ဟု အီရန်မှပြောကြားလိုက်သည်။ အီရန်နိုင်ငံ တောင်ပိုင်းရှိ Bushehr  မြို့တွင် ရှိသည့်  ယင်းစက်ရုံမှာ လွန်ခဲ့သော စနေနေ့က နိုင်ငံ၏ ပင်မ လျှပ်စစ် ဓါတ်အားလိုင်း နှင့် စတင် ဆက်သွယ်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် အီရန်နျူကလီးယား စွမ်းအင်အဖွဲ့အစည်းမှ ထုတ်ပြန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း NHK သတင်းဌာနကဖေါ်ပြလိုက်သည်။

အီရန် နိုင်ငံမှ ပြောကြားရာတွင် ယခုစက်ရုံမှာ လောလောဆယ်တွင် လျှပ်စစ်ဓါတ်အား အကန့်အသတ်ဖြင့်သာ ထုတ်ပေးဦး မည် ဖြစ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရေး ပုံမှန် စစ်ဆေးမှုများ ပြီးစီးမှသာ အပြည့်အဝ လည်ပတ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ယင်းသို့ စစ်ဆေးမှုများကို ယခုနှစ်ကုန်တွင် အပြီးသတ်မည် ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် စွမ်းအင်ပြည့် လည်ပတ်မည် ဖြစ်သည်။ 

အဆိုပါစက်ရုံအတွက်ရုရှားနိုင်ငံမှ နျူကလိယ လောင်စာတောင့်များနှင့် အသုံးပြုပြီး စွမ်းအင်တောင့်များကို တာဝန်ယူ သွားမည် ဖြစ်သည်ဟု ၎င်းတို့မှ ပြောသည်။ အီရန် နိုင်ငံက၎င်းတို့ အနေဖြင့် နောက်ထပ် နျူကလီးယားစက်ရုံပေါင်း ၂၀ အထိ ထပ်မံ တည်ဆောက်ဦးမည် ဖြစ်ကာ ယူရေနီယံ သန့်စင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

 အစ္စရေး နှင့် အနောက်နိုင်ငံ အချို့ကမူ ယခု ဖွင့်လှစ်လိုက်သည့် Bushehr နှုကလိယ ဓါတ်အားပေး စက်ရုံမှတစ်ဆင့် နှုကလိယ လက်နက်တပ်ဆင်သည့် အစီအစဉ်သို့ ဦးတည် သွားနိုင်ကြောင်း ဝေဖန် ပြောကြားလျက် ရှိသော်လည်း အီရန်ကမူ နျူစွမ်းအင်ကို ငြိမ်းချမ်းသော ကိစ္စများတွင်သာ အသုံးပြုသွားမည်ဟုဆိုပါသည် ။