xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ငလျင်ဆိုတိုင်း မတုန်လှုပ်နဲ့

Friday, September 23, 2011

ငလျင်ဆိုတိုင်း မတုန်လှုပ်နဲ့



ဒီနိုင်ငံမှာ ဖျက်အားပြင်းတဲ့ ငလျင် ငါးခုပဲလှုပ်ခဲ့ဖူးသေးတယ်။ ၁ ။ ။ ၁၈၃၉ ခု၊ မတ် ၂၁ နဲ့ ၂၃ တုန်းက လှုပ်ခဲ့တဲ့ အင်းဝ ငလျင်။ အင်းဝ၊ အမရပူရနဲ့ စစ်ကိုင်းတို့မှာ လူ ၃ဝဝ-၄ဝဝ သေတယ်။ မြို့ရိုးပြာသာဒ်နဲ့ နန်းတော်ဟောင်းတွေပြိုတယ်။ မြို့ထောင့်စေတီတွေလဲပြိုတယ်။ မင်းကွန်းပုထိုးတော်ကြီး ပျက် စီးတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ ခြောက်လ လောက်ဆက်လှုပ်ခဲ့သတဲ့။ 
 
၂ ။ ။ ၁၉၁၂ ခု၊ မေ ၂၃ မှာ လှုပ်တဲ့ မေမြို့ငလျင်။ J.C Brown (၁၉၁၄) က ဒါဟာကျောက် ကြမ်း ပြတ်ရွေ့ကြောင့်လို့ပြော တယ်။ ရစ်ချတာပမာဏ (၈) လောက်ရှိတယ်။ လူနေကျဲပါး တဲ့နေရာမှာ လှုပ်ခဲ့တာကြောင့် ပျက်စီးမှုနည်းတယ်။
 
၃ ။ ။ ၁၉၃ဝ-မေ ၅ ရက်မှာ လှုပ် လိုက်တဲ့ ပဲခူးငလျင်။ ရစ်ချ တာပမာဏ ၇.၃ ရှိတယ်။ ပဲခူးမြို့တောင်ဘက် မိုင် ၂ဝ လောက်ကို ဗဟိုပြုတယ်။ လူ ၅ဝဝ လောက် သေကြေခဲ့ တယ်။ ဒါဟာ စစ်ကိုင်းပြတ် ရွေ့ရဲ့ ရုတ်တရက်လှုပ်ရှားမှု ကြောင့်လို့ဆိုတယ်။ 
 
၎ ။ ။ ၁၉၅၆ ခု၊ ဇူလိုင် ၁၆ ရက်မှာ လှုပ်သွားတဲ့ စစ်ကိုင်းငလျင်။ ရစ်ချတာပြင်းအား-၇ ရှိ တယ်။ လူ ၅ဝ လောက်သေ ပြီး စစ်ကိုင်းမြို့လဲ တော်တော် ပျက်သွားတယ်။ 
 
၅ ။ ။ ပုဂံငလျင်။ ၁၉၇၅ ခု၊ ဇူလိုင် ၈ ရက်နေ့မှာ လှုပ်ခဲ့တာ။ ပြင်း အား ၆.၈ ပဲရှိတယ်။ ဒါပေ မယ့် ရှေးဟောင်းဘုရား တော် တော်များများ ထိခိုက်ပျက်စီး သွားတယ်။ လူအသေ အပျောက် မရှိဘူး။
 
ဆိုတော့ကာ ဒီကနေ့ လူပြော သူပြော သိပ်များနေတဲ့ စစ်ကိုင်းပြတ် ရွေ့တို့၊ ငလျင်ကြိုတင်ခန့်မှန်းတာ တို့ မြို့ပြရဲ့ ငလျင်မြေပုံထုတ်နေတာ တို့ဆိုတဲ့ ငလျင်ကိစ္စ အဝဝတွေဟာ သမိုင်းကြောင်းနဲ့ချီကြည့်ရင်၊ တကယ့်မှတ်တမ်းတွေနဲ့ ချိန်ထိုး ကြည့်ရင်၊ လှံဖျားပုစဉ်းနားသလို ဖြစ် နေတာတွေ့ရပေလိမ့်မယ်။ ငလျင်ဘယ်တော့လှုပ်မယ်၊ ဘယ်လောက် ပြင်းပြင်းလှုပ်မယ်ဆို တာ ဘယ်သူမှကောင်းကောင်းမသိနိုင် သေးဘူး။ ဘယ်ပညာရှင်ကမှ တပ် အပ်မပြောနိုင်သေးဘူး။ ဒီလိုဆိုရင် ပြောင်းပြန်ယူဆနိုင်တာက ငလျင်ဆို တာ လှုပ်ချင်လှုပ်မယ်၊ မလှုပ်ချင် မလှုပ်ဘူး။ ငလျင်ဇုန်ထဲမှာကျရောက် နေတယ်ဆိုတိုင်းလဲ လှုပ်နေတာ မဟုတ်ဘူး။ ဟိုး- မြေကြီးအောက် က အနက်ရှိုင်းဆုံးနေရာတွေကစတဲ့ ဇာတ်လမ်းကို ခန့်မှန်းဖို့ ခုထိမတတ် နိုင်သေးဘူး။ ပြတ်ရွေ့ရှိတိုင်းလဲ ငလျင်မလှုပ် ဘူး။ အကြောင်းတိုက်ဆိုင်မှုရှိမှ လှုပ် တာ။
နောက်တစ်ခုက ဘယ်လောက် ပဲ ကြိုတင်ပြင်ဆင် ပြင်ဆင် ဘယ် လောက်ပဲ ခိုင်ခံ့လုံခြုံအောင်စီစဉ် စီစဉ် အလုံးစုံပြည့်ဝတဲ့ ကာကွယ်မှုမရနိုင် ဘူး။ သဘာဝကိုအန်တုရတာမလွယ် ဘူး။ လှုပ်ပြီဟေ့ဆိုတာနဲ့ ပြီးပြီ။ အား လုံးဘုံးဘုံးလဲပဲ။ တကယ်လှုပ်တော့ လဲ ဘယ်သူမှ ဘာမှမတတ်နိုင်ဘူး။ ကယ်ဆယ်ရေးကိုပဲ လုပ်ကြရတော့ တာ။ ငလျင်ဆိုတာက အချိန်မရွေး လုပ်နိုင်တယ်လို့ပြောနိုင်သလို၊ လှုပ် တိုင်းလဲ အလုံးစုံပျက်သုဉ်းတာမဟုတ် ဘူးလို့လဲပြောနိုင်တယ်။ ငလျင်ရဲ့ သဘာဝကိုက အကြောင်းအရာထွေ ပြားလွန်းတယ်။ ချော်ရည်ပူတွေက အက်ကြောင်းတွေထဲ ရုတ်ခြည်းတိုး ဝင်တာမျိုးကအစ ပေါလောမျောနေ တဲ့ မြေထုချပ်လွှာ နှုတ်ခမ်းစွန်း အချင်းချင်း ဖိကြိတ်တွန်းထိုးမိတာ မျိုးအလယ် ပင်လယ်အောက်ခင်း ကြမ်းပြင်ထဲက စုံ့စုံတက်လာတဲ့ Mid- Ocean Range တွေမှာ ပေါက် ကွဲမှုတွေဖြစ်တာအဆုံး ငလျင်လှုပ်နိုင် တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံ စုံရှိတယ်။ အပေါ်ယံ Surface မှာ မြင်သာ ထင်သာရှိတာကတော့ လူပြောသူပြော များနေတဲ့ ပြတ်ရွေ့တွေပဲပေါ့။ ဒီမှာ နားလည်မှုလွဲနေတာက ပြတ်ရွေ့ကိုပဲ ကြောက်စရာကြီး အန္တရာယ်ပြုမယ့် ကိစ္စကြီးအဖြစ် ရေးနေ ပြောနေကြ တာပဲဖြစ်တယ်။ ပြတ်ရွေ့က သူ့ဘာ သာသူနေနေတာပဲလေ။ အချိန်ပြည့် စက္ကန့်နဲ့အမျှ ပြတ်ပြီးဒုက္ခဖြစ်လောက်အောင် ရွေ့နေတာမှ မဟုတ်ပဲ။ 

 
ခုကာလ မီဒီယာတွေဟာ ဘယ်မှာ ကြည့်လိုက် ကြည့်လိုက် ထစ်ကနဲရှိ ငလျင်ကိုပဲ တို့ချင်ထိချင် နေကြတယ်။ ထစ်ကနဲရှိ စစ်ကိုင်း ပြတ်ရွေ့ကိုပဲ မျက်စောင်းထိုးနေကြ တယ်။ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပညာ ရှင်တွေကို တွေ့မေးမေးပြီးရေးကြ တယ်။ မေးသူကမေးတော့ ဖြေသူ တွေကလဲ ပြည့်စုံအောင်ဖြေတယ်။ မှတ်တမ်းမှတ်ရာရှိတဲ့အတိုင်း၊ ရုပ်ပုံ မြေပုံတွေနဲ့ ရှင်းပြတယ်။ မှန်တယ်။ ပညာရှင်တွေက ဒီအတိုင်းပဲပြောမှာပဲ။ ရေးသူက အတိုင်းအဆ ခန့်မှန်း ရေးဖို့လိုတယ်။ မထိတ်သာမလန့်သာ ပြူးပြူးပြဲပြဲကြီးတွေရေးလိုက်တဲ့အခါ ဖတ်ရသူတွေခမျာ မနက်ဖန်ပဲလှုပ် တော့မှာလိုလို။ သဘက်ခါပဲ လှုပ် တော့မှာလိုလို။ ကိုယ့်အိမ်အောက် တည့်တည့်မှာပဲ ငလျင်ဗဟိုချက် ရောက်နေတာလိုလို။ စစ်ကိုင်း၊ မန္တလေးမှာတော့ မနေသင့်တော့ဘူး လိုလို။ အသက်ကို ဖတ်ရွက်နဲ့ထုပ် ထားရတော့မလို စိုးရိမ်သူတွေက စိုးရိမ်နေကြသပေါ့။
 
တကယ်တော့ မြန်မာပြည်ရဲ့ ငလျင်သမိုင်းမှာက ခုနပြောတဲ့ ငါးခု လောက်ပဲ ဖျက်အားပြင်းတယ်လို့ သတ်မှတ်ခံရတာဆိုတော့ ရက်စွဲအရ ၁၈၃၉ ခုနှစ်ကနေ (၁၉၇၅ ခုနှစ် နောက်ဆုံးဆိုပေမယ့်) ဒီကနေ့ ၂ဝ၁၁ ခုနှစ်အထိ နှစ်ပေါင်း ၁၇၂ နှစ် အတောအတွင်းမှ ငါးကြိမ်ပဲ ဖျက်အားပြင်း ငလျင်နဲ့ကြုံခဲ့တယ်။ ဒါဆိုရင် ၃၄ နှစ်ကျော်မှ တစ်ကြိမ်ပဲ ကြုံတဲ့ စာရင်းဇယားဖြစ်တယ်။ (မနေ့တစ်နေ့ကတော့ တာလေငလျင် လာသွားပါရဲ့)။ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနေနဲ့တော့ ငလျင် ကိုကြောက်စရာမလိုဘူး။ မလှုပ်နိုင် ဘူးလို့ပဲ သဘောထားမယ်။ အထူး သဖြင့် မြို့ကြီးပြကြီး ရန်ကုန်-မန္တလေး နေပြည်တော် စသဖြင့်ပေါ့။ လှုပ်လဲငြိမ့်ရုံကလေးပါ။ ငလျင်နဲ့ ပတ်သက်ပြီး စိတ်တုံးတုံးချနိုင်တာက ၃၄ နှစ်မှ တစ်ကြိမ်လှုပ်မှာ ကြိုမသိ နိုင်လို့ ပူစရာမလိုဘူး။ တကယ်လှုပ် တော့လဲ သိလိုက်မှာမဟုတ်လို့ ပူနေ လဲ အလကားပဲ။ ငလျင်ကို အမေရိ ကန်ကလဲ မနိုင်ဘူး။ ဂျပန်ကလဲ မနိုင်ဘူး။ ဒီတော့ ဘာမှပူမနေနဲ့။ ကိုယ့်တစ်သက်တော့ ပြင်းပြင်းကြီး လှုပ်မှာမဟုတ်ဘူးလို့ပဲ စိတ်တုံးတုံးချ ထားရအောင်။ ဒါမှသက်သာမယ်။ ရေးသူကရေးတိုင်း လိုက်ခံစားနေရ ရင် ညညအိပ်ပျော်ဖွယ်ရာမမြင်...။ 
 
အကိုးအကား ။ ။ ''သဘာဝဘေးအန္တရာယ် ရေလှိုင်းကြီးများ ဆူနာမီ'' ပြုစုသူ ။ ။ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ဌာနနှင့် ပုသိမ်တက္ကသိုလ်ဘူမိဗေဒ ဌာန။ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန(၂ဝဝ၅) သြဂုတ်။ တက္ကသိုလ်များပုံနှိပ်တိုက်။
သင့်နော်