xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်မှ တရုတ်(တိုင်ပေ)သို့လက်နက်ရောင်းချ တရုတ်ကအမေရိကန်သံအမတ်ကို ခေါ်ယူသတိပေး

Thursday, September 29, 2011

အမေရိကန်မှ တရုတ်(တိုင်ပေ)သို့လက်နက်ရောင်းချ တရုတ်ကအမေရိကန်သံအမတ်ကို ခေါ်ယူသတိပေး



စက်တင်ဘာ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံသည် တရုတ် (တိုင်ပေ)၏ F 16 တိုက်လေယာဉ် များအား နည်းပညာတိုးမြှင့် တပ် ဆင်ပေးရန် ဆုံးဖြတ်ချက် အပေါ် တွင် မကျေနပ်ကြောင်း တရုတ်နိုင်ငံ ၌ အမေရိကန် သံအမတ်ကြီးကို ခေါ်ယူ၍ သတိပေးစကား ပြောကြား ခဲ့သည်။  ယင်းလုပ်ရပ်မှာ အမေရိကန် နှင့် တရုတ်တို့၏ စစ်ရေးသဘော တူညီမှုနှင့် နှစ်နိုင်ငံရေး ဆက်ဆံ ရေးကို ထိခိုက်စေနိုင်ကြောင်း ထပ် လောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် တရုတ်(တိုင်ပေ) တို့၏ စစ်ရေး ပူးပေါင်းဆောင်ရွက် နေမှုများအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။


ခြိမ်းခြောက်မှုများကြောင့် နှစ်နိုင်ငံ သံတမန်ရေးနှင့် စီးပွားရေး   ဆောင်ရွက်မှုများစွာမှာ ထိခိုက်မှုများ ရှိခဲ့ရကြောင်း သိရသည်။ ၄င်းကိစ္စကြောင့် တရုတ်ဒုတိယ သမ္မတကို ဆောင်းဦးပေါက် ရာသီ တွင် အမေရိကန်သို့စေလွှတ်ရန် ပြင် ဆင်ထားပြီး အဓိက အချက်မှာ အမေရိကန်နှင့် တရုတ်အကြား ပြန်လည် တည်ဆောက်ရေးကို အကောင် အထည်ဖော်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ 



သမ္မတ အိုဘားမားအစိုးရ သစ်တက်လာပြီးနောက်ကွန်ဂရက်မှ တရုတ်(တိုင်ပေ)အတွက် မရှိမဖြစ် လိုအပ်သော စစ်လက်နက်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံဖိုး ရောင်းချ ပေးရန် ဆုံးဖြတ်ချက်အပေါ်မကျေမနပ် ဖြစ်ပြီး နှစ်နိုင်ငံစစ်ရေးဆိုင်ရာ သတင်းဖလှယ်ရေး အစီအစဉ်ကို လွန်ခဲ့သောနှစ်က ယာယီရပ်ဆိုင်း ထားခဲ့သည်။ တရုတ်(တိုင်ပေ) သည် လူဦးရေ ၂၃ သန်း နေထိုင်သော ကျွန်းတစ်ခုဖြစ်သည်။

Credit - Popular News