xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: KIA ကဆောက်လုပ်ရေးယန္တရားများအားဖျက်ဆီး

Friday, November 25, 2011

KIA ကဆောက်လုပ်ရေးယန္တရားများအားဖျက်ဆီး



ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ မြစ်ကြီးနား ဆွမ်ပရာဘွမ် ကားလမ်းပေါ်က က၀ပန်ရွာမှာ လမ်းပြင်နေတဲ့ ကားနဲ့ ယန္တရားတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့က မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
 
ကေအိုင်အေတပ်ဖွဲ့ဝင် ၃၅ ယောက်လောက်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ က၀ပန်ရွာကို ရောက်လာကြပြီး လမ်းဖောက်တဲ့နေရာမှာသုံးတဲ့ ကားနဲ့ စက်ယန္တရားတွေကို ဗုံးခွဲဖျက်ဆီးခဲ့ကြကြောင်း က၀ပန်ရွာသားတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကား၍ ကချင်နေ့စဉ်သတင်းကဖေါ်ပြလိုက်ပါတယ် ။

ကေအိုင်အေအဖွဲ့ရဲ့ဗုံးခွဲဖျက်ဆီးမှုကြောင့် ဖောအမျိုးအစား ၁၀ ဘီးကား ၁ စီးနဲ့ ၆ ဘီးကား ၂ စီး၊ ယူဒီ ၁ စီး ၊ ဘတ်ဟိုး ၁ စီး၊ ဂရေဇာ ၁ စီး ပျက်စီးသွားခဲ့ရပြီး  လမ်းအထူးအဖွဲ့ ၃ အသုံးပြုနေတဲ့ ယာဉ်များ ဖြစ်ကြောင်းလည်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။


သမ္မတဦးသိန်းစိန်က ဘာလီကျွန်း သတင်းစာရှင်းလင်းပွဲမှာ KIA နဲ့ပတ်သက်လို့ ပြောကြားရာမှာ  " အဲဒီတော့ ကေအိုင်အေနဲ့ ဒီကနေ့ ဘာကြောင့်ပစ်ခတ်တိုက်ခိုတ်မှုတွေ ဖြစ်နေသလဲ ဆိုတော့ ကေအိုင်အေက ခုနကလို လမ်းတွေ တံတားတွေ ချိုးဖဲ့ဖျက်ဆီးထားတော့ ခင်ဗျားတို့လဲ သိတယ်။ ရာနဲ့ချီပြီးတော့ကို ပျက်နေတယ်။ ပျက်နေတော့ ဟိုမှာသွားရေးလာရေးတွေက တော်တော်လေး ကျွန်တော်တို့ ခက်ပါတယ်။ ရထားကတော့ သံလမ်းပျက်ရင် နောက်ထပ်သံလမ်းတစ်ချောင်း ချက်ချင်းလဲလို့ ရတယ်။ တံတားတွေ ဘာတွေကျတော့ အချိန်ယူပြီး ကျွန်တော်တို့ဆောက်ရပြုရတယ်။ အဲတော့ မိုးတွင်းကျ တော့လဲ သွားရေးလာရေးကခက်တော့ မိုးတွင်းမှာကျတော့ မဆောက်နိုင်ဘူး။ အဲတော့ ပွင့်လင်းရာသီ စောင့်နေတာ။ ဆိုကြပါစို့။ လမ်းတွေက မြစ်ကြီးနားကနေ ဗန်းမော်အထိသွားတဲ့လမ်း၊ ဒါ ပြည်ထောင်စု လမ်းမကြီး၊ နောက်တစ်ခါ ဗန်းမော်ကနေပြီးတော့ လွယ်ဂျယ် အဲဒီကို သွားတဲ့လမ်း၊ မြစ်ကြီးနားကနေ ကန်ပိုက်တီး တရုတ်ပြည်ဘက်ကို ဖောက်ထားတဲ့လမ်း၊ အဲဒီလမ်းတွေအကုန်လုံးက ပြင်ရမှာ။ ပြင်ဖို့ဆိုတာ က ဆောက်လုပ်ရေးဝန်ထမ်းတွေလွှတ်ဖို့ မသွားရဲဘူး။ မသွားရဲဘူးဆိုတာက သူတို့က လမ်းတွေပေါ်မှာ နေရာယူထား ဘာယူထားလုပ်နေတယ်။ လုပ်နေတော့ တပ်ရဲ့အကူအညီတောင်းရတယ်။ တောင်းတော့ တပ်က ခင်ဗျားတို့ ဖယ်ပေးပါ။ လမ်းတွေ ပြင်ဖို့ပြုဖို့ပါဆိုတော့ မရဘူး။ မရတော့ ရှင်းရင်းလင်းရှင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာ၊" ဟုပြောကြားခဲ့ပါသည် ။


Voice Of Myanmar