ဗလမင်းထင်တံတားကို google earth မှမြင်တွေ့ရပုံ
ကေအိုင်အေတပ်တွေအနေနဲ့
ထိခိုက်ကျဆုံး ဒဏ်ရာရတာတွေများနေလို့ လက်စားချေတဲ့အနေနဲ့ မြစ်ကြီးနားမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ
ဖေါက်ခွဲမှုတွေ ပိုမိုပြုလုပ်လျက်ရှိပါတယ် ။နိုဝင်ဘာ ၁၅ ရက်နေ့ကမြစ်ကြီးနားဗလမင်းထင်
တံတား မြစ်ကြီးနားဝိုင်းမော်သွားကားလမ်းရဲ့ ညာဘက် ၁၀ပေခန့်အကွာမှာ မိုင်း တစ်လုံးပေါက်ကွဲခဲ့ပါတယ်
။ ပေါက်ကွဲမှုကြောင့် ဘီးခွန်ကောက်ခံသည့်နေရာ၏ ညာဘက် လူနေအဆောက်အဦတစ်လုံးပျက်စီးခဲ့ပြီး
လူထိခိုက်မှုမရှိကြောင်း သိရပါတယ် ။
" မိုင်းကွဲတာ ကျွန်မတို့ ဘီးခွန်ကောက်ခံနေသူတွေနဲ့ တံတားဖြတ်သန်းခကောက်ခံတဲ့သူတွေနေတဲ့ အိပ်ဆောင်မှာဖြစ်ခဲ့တာပါ ။ ဖြစ်တာကည ၉ နာရီအချိန်လောက်မှာပါ ။လူတွေနဲ့ တိရိစ္ဆာန်တွေ ထိခိုက်မှုမရှိပါဘူး ။ လူတွေမထိလို့တော်သေးတယ်လို့ပြောရမှာပါ ကျွန်မတို့နေတဲ့အဆောက်အဦကတော့ ဆယ်ပေ ပတ်လည်လောက် ပျက်သွားပါတယ် ။ အနက် ခြောက်ပေလောက်ရှိတဲ့ ကျင်းတစ်ကျင်းလဲဖြစ်သွားပါတယ် " လို့တံတားဖြတ်သန်းခတွေကောက်ခံနေတဲ့
မသင်ဇာကျော်က ပြောပြပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ကလဲ
ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ဆီနီခူးကျေးရွာနဲ့ မလိယန်ကျေးရွာအကြားမှာရှိတဲ့
နမ့်မလိချောင်းကူး တံတားကို KIA တပ်ရင်း(၄) အဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့လို့
မော်တော်ယာဉ်တွေလုံးဝ သွားလို့ မရဘူးဖြစ်နေပါတယ်။
ရွှေဘို-မြစ်ကြီးနားသွားတဲ့လမ်းမှာရှိတဲ့
ဆည်မြောင်းကူးပျဉ်ခင်းတံတား တစ်ခုကိုလဲနိုဝင်ဘာ (၁၅)ရက်နေ့မှာ ဖောက်ခွဲ
ဖျက်ဆီးခဲပါတယ်။တံတားတွေ ဖျက်ဆီးနေသလို ရထားသံလမ်း ဖျက်ဆီးဖောက်ခွဲမှုတွေလဲများပြားနေပါတယ်။ နမ္မားနဲ့မြို့သစ်ကလေးရွာအကြားမှာရှိတဲ့ ရထားသံလမ်းကို
နိုဝင်ဘာ(၁၅)ရက်နေ့ မနက်(၃)နာရီမှာ မိုင်းခွဲလိုက်ပါတယ်။ မိုးညှင်းမြို့
မီးရတားအဖွဲ့ကနေသွားရောက်ပြင်ဆင်လိုက်လို့ ခရီးသွားလာမှုအခက်အခဲမရှိ
ခဲ့ကြောင်းသိရပါတယ်။
ခုလိုမျိုးမိုင်းတွေပေါက်ကွဲနေတာနဲ့ပတ်သက်လို့ဗိုလ်ချုပ်ဂမ်ရှောင်အနေနဲ့သူတို့တပ်ဖွဲ့ဝင်လုပ်တာမဟုတ်ဘူးလို့ငြင်းဆို ထားပါတယ်။သူတို့ဗဟိုအနေနဲ့
မိုင်းထောင်ခိုင်းတုန်းက စစ်တပ်တွေလာမဲ့လမ်းကြောင်းလောက်ပဲထောင်
ခိုင်းခဲ့တာဖြစ်ပေမဲ့ ပြည်သူ့တပ်ဖွဲ့ဝင်အမှုထမ်းတွေကြောင့်
ခုလိုမျိုးမိုင်းကွဲမှုတွေများလာတာလို့ပြောပါတယ်။ မိုင်းကွဲမှု တွေများလာလေလေ ကချင်လူထုအနေနဲ့KIA
အဖွဲ့အစည်းအပေါ်မှာ အကြမ်းဖက်အဖွဲ့အဖြစ်မြင်လာလေလေဖြစ်နေကြောင်းသတင်းရရှိ ပါတယ်။
ကချင်နေ့စဉ်သတင်း