xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စင်္ကာပူမှလာရောက်အားပေးခဲ့သော မြန်မာပရိတ်သတ်ကို ဦးဇော်ဇော်က အဆင်ပြေအောင်စီစဉ်ပေးခဲ့

Monday, November 21, 2011

စင်္ကာပူမှလာရောက်အားပေးခဲ့သော မြန်မာပရိတ်သတ်ကို ဦးဇော်ဇော်က အဆင်ပြေအောင်စီစဉ်ပေးခဲ့

စင်ကာပူတွင်  ရောက်ရှိ နေထိုင်လျှက် ရှိကြသည့် မြန်မာ ဘောလုံးချစ် ပရိသတ် (၃၅)ဦးခန့်သည် အင်ဒိုနီးရှားသို့ ကိုယ်တိုင် ကိုယ်ကျ လိုက်ပါ အားပေးခဲ့ကြခြင်း ဖြစ်ပြီး ဂျာကာတာရောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များအား ကူညီ ဆောင်ရွက် ပေးခဲ့သည်ဟုလည်း သိရသည်။ ၎င်းတို့ အဖွဲ့အား မလေးရှားနှင့် ပွဲစဉ်တွင် VIP ပွဲကြည့်စင်မှ ကြည့်ရှုနိုင်ရန် စီစဉ်ပေးခြင်း၊ မြန်မာနိုင်ငံ အလံပါ အင်္ကျီများ ဝေငှပေးခြင်း အပြင် ဦးဇော်ဇော်ကလည်း တစ်ဦးလျှင် အမေရိကန် ဒေါ်လာ (၂၀၀)စီ ချီးမြှင့်ခဲ့သည်ဟု သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဦးဇော်ဇော်က "သူတို့တတွေ မျိုးချစ်စိတ်နဲ့ ဒီအထိ လိုက်လာပြီး အားပေးတာ တွေ့ရလို့ တကယ့်ကို ၀မ်းသာပီတိ ဖြစ်ရပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကို လေးစားတာရယ်၊ သူတို့တတွေ အပြန် ခရီးမှာ သုံးလိုရာ သုံးနိုင်ဖို့ အတွက် ကျွန်တော်က ချီးမြှင့်ပေးတဲ့ သဘောပါ" ဟု ဖွင့်ဟ ပြောကြားခဲ့သည်။