xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထူးဥက္ကဋ္ဌ ဦးတေဇ စင်ကာပူ၌ တိုက်ဂါးဝုဒ်နှင့် ဂေါက်ရိုက်

Thursday, November 17, 2011

ထူးဥက္ကဋ္ဌ ဦးတေဇ စင်ကာပူ၌ တိုက်ဂါးဝုဒ်နှင့် ဂေါက်ရိုက်



ထူးကုမ္ပဏီများအုပ်စု၏ဥက္ကဋ္ဌ ဦးတေဇသည် နိုဝင်ဘာ ၃ ရက်နေ့တွင် ကမ္ဘာကျော်ဂေါက်သီးကစားသမားတိုက်ဂါးဝုဒ်နှင့်အတူ စင်ကာပူနိုင်ငံ၌ ဂေါက်သီးရိုက်ကစားခဲ့ကြောင်း The Straits Times သတင်းစာ၌ ဖော်ပြခဲ့သည်။
 
ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားများ အနက်မှ တစ်ဦးဖြစ်သည့် တိုက်ဂါးဝုဒ်သည် စင် ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိနေစဉ် Marina Bay Sands(Singapore) ဟိုတယ်၏ စီစဉ်မှုဖြင့် ကစားခဲ့ခြင်း ဖြစ်သည်။ ယင်းကစားပွဲ၌ တိုက်ဂါးဝုဒ်နှင့် အတူ ဦးတေဇ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မင်းနှင့် အမှု   ဆောင်ဒါရိုက်တာ  ဦးပြည့် ဖြိုးတေဇတို့ပါဝင်ကြောင်းသိရသည်။ တိုက်ဂါးသည် ယခုကဲ့သို့ ပရိုမိုး ရှင်းပွဲများ (ပြိုင်ပွဲမဟုတ်ဘဲ အပြင် လူများနှင့်ရိုက်ကစားခြင်း)ကို အာရှ တွင် ရိုက်လေ့မရှိဟုသိရသည်။

မြန် မာအားကစားသမား ဂေါက်ချန်ပီယံ တစ်ဦးဖြစ်သူ ဦးချန်းဟန်က ”အာရှ ဖက်ဆိုလို့ ထိုင်း၊ ရှန်ဟိုင်းနဲ့ ဒူဘိုင်း ပဲ လာကစားဖူးတဲ့ တိုက်ဂါးနဲ့ ဒီလို ရိုက်ခွင့်ရတဲ့ မြန်မာတွေအတွက်ဂုဏ် ယူပါတယ်။ ပြီးခဲ့တဲ့ သြစတြေးလျ အိုးပင်းဂေါက်ဖ် ပြိုင်ပွဲမှာ တိုက်ဂါးက ရှေ့နှစ်ရက်မှာ ထိပ်ဆုံးက ဦးဆောင်   နေခဲ့ပြီး နောက်ဆုံးရက် (၁၃-၁၁-၁၁)မှာ တတိယနဲ့ ဗိုလ်စွဲခဲ့တော့ လက်ပြန်တက်လာတယ် ခေါ်ရမှာ ပေါ့။ ခု ငါးလအတွင်းမှာ သူ့လက်က ဒါ အကောင်းဆုံးပဲ။ ဒီပုံ အတိုင်းဆို ရင် အနာဂတ်မှာ တိုက်ဂါးပြန်ဖြစ်နိုင် ခြေရှိပါတယ်။ လူတိုင်းက တွဲရိုက် ချင်ကြတဲ့ တိုက်ဂါးက ကျွန်တော် တို့ ဂေါက်ဖ် အခေါ် short making အမျိုးစုံ ရိုက်ပြနိုင်ခဲ့သူပါ။ လုပ်  Ball Control နိုင်တာမှာလည်း အားသာခဲ့တာပဲ”ဟု ပြောသည်။ 


ယခင်က ကမ္ဘာ့နံပါတ်တစ် ဂေါက်ဖ် ချန်ပီယံ တိုက်ဂါးဝုဒ်သည် လက်ရည်အဆင့် ကျပြီး နံပါတ် (၅ဝ)ခန့်တွင်ရှိနေသော်လည်း ၄င်း၏ ကျော်ကြားမှုသည် ယခင်အတိုင်း သာ ရှိနေဆဲပင်ဖြစ်သည်။ လွန်ခဲ့ သော ၂ နှစ်က အိမ်ထောင်ရေး   ပြဿနာများကြောင့် စိတ်ကျပြီး လက်ရည်ကျ ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည် ။

credit : Popular News