xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တရုတ် ဒုသမ္မတနှင့် မြန်မာကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ

Monday, November 28, 2011

တရုတ် ဒုသမ္မတနှင့် မြန်မာကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ



တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယသမ္မတ မစ္စတာ Xi Jinping ဟာ ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကို ဒီနေ့ ( နိုဝင်ဘာ ၂၈ ) မနက်ပိုင်းက ဘေဂျင်းမြို့မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ် ။

ဒုတိယသမ္မတ မစ္စတာ Xi Jinping ဟာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဌလည်းဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သလို မြန်မာ - တရုတ် မဟာဗျုဟာမြောက် ဆက်ဆံရေးကိုလည်း ပိုမို ကျစ်လစ်ခိုင်မာအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းတစ်ရပ်အရ သိရှိရပါတယ် ။
 
မြန်မာကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ တပ်မတော်နှစ်ရပ်အကြား အစဉ်အလာအရ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အနာဂတ်မှာ ကဏ္ဍသစ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ခုလိုပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မထိခိုက်စေပဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အဆိုပါသတင်းအရသိရှိရပါတယ် ။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခုခရီးစဉ်ဟာ မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မလာရောက်မီ ရက်ပိုင်းအလိုတွင် သွားရောက်ခဲ့တာဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံဟာ အမေရိကန် တရုတ်နှစ်နိုင်ငံလုံးနဲ့ ချစ်ကြည်စွာဆက်ဆံသွားလိုတာကို ပြသ လိုက်တာဖြစ်ကြောင်း လဲ နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိကြောင်း သိရှိရပါသည် ။

Voice Of Myanmar