xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြစ်ကြီးနားမြို့ပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူအများအပြား သေဆုံး/ဒဏ်ရာရရှိ

Monday, November 14, 2011

မြစ်ကြီးနားမြို့ပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူအများအပြား သေဆုံး/ဒဏ်ရာရရှိ


 မြစ်ကြီးနားမြို့ပေါ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ လျှို့ဝှက်ခဲယမ်းမီးကျောက်များ သိုလှောင်ထား တဲ့ အိမ်မှာ ယနေ့ညတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ အမိန့်အရ မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာ အဆောက် အဦးများကို အရှိန်မြှင့်ဖောက်ခွဲဖို့အတွက် မြို့ပေါ် ရှိပြည်သူ့ စစ်မှုထမ်းများ လျှို့ဝှက်စွာ သိမ်းဆည်း ထားတဲ့ ခဲယမ်းများ သိုလှောင် ရာ စီတာပူ ရပ်ကွက်အနီး ကားကြီးဝင်းနားမှာရှိတဲ့ အိမ်တစ် အိမ်မှာ ယနေ့ည ၈း၄၅ ခန့်က ပြင်းထန်စွာ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ စီတာပူရပ်ကွက်ဟာ ကချင်လူမျိုးအများစုနေထိုင်ပြီး ယခုပေါက်ကွဲမှုဖြစ်ပွားတဲ့ အိမ်ဟာ ယခင်က ကချင်လွတ်မြောက်ရေး တပ်မတော် ဆက်ဆံရေးရုံးနဲ့ မလှမ်းမကမ်းမှာ ရှိနေပါတယ်။ 
မျက်မြင်တွေရဲ့ ပြောကြားချက်အရ  “ ၀ုန်း ”ဆို ပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ ဆက်တိုက်ဆက်တိုက် ပေါက်ကွဲသံတွေကို ကြားရကြောင်းနဲ့ အဲဒီအိမ်ကို မီးစလောင်ပြီး ပေါက်ကွဲမှုတွေဖြစ်နေလို့ ဘယ်သူမှ အနားမကပ်ရဲဘဲ မီးညွန့်အားကောင်းလာကာ ဘေးအိမ်တွေကို ဆက်ပြီးတော့ ည ၁၁ နာရီအထိ မီးလောင်နေတာ ကို မြင်တွေ့ရကြောင်း၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကချင်ကလေးငယ် ၂ ဦးနဲ့ ကချင်ယောင်္ကျား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦး အလောင်းတွေကိုတွေ့ရှိရပြီး အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူ ၂၀ ခန့် ဒဏ်ရာရရှိသွားကြောင်း မျက်မြင်တွေက ပြောကြပါတယ်။ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို မီးလောင်ဒဏ်ရာ၊ မိုင်းစမှန်ဒဏ်ရာများနဲ့ ကချင်လူမျိုး ကလေးငယ် ၂၀ ဦးရောက်ရှိလာကြောင်းနဲ့ ဒဏ်ရာရသူအများစုက ကလေးငယ်တွေဖြစ်တယ်လို့ အမည်မဖော်လိုသူ ဆေးရုံတာဝန်ကျတစ်ဦးက ပြောကြားပါတယ်။
  ဒဏ်ရာမပြင်းထန်တဲ့ ကလေးများရဲ့ပြောပြချက်အရ သူတို့အဖွဲ့ဟာ လိုင်ဇာမြို့မှာပြုလုပ်တဲ့ ပွဲလမ်း တွေမှာ ဘင်ခရာနဲ့ပန်းပွားကပြရတဲ့ အဖွဲ့ဖြစ်ကြောင်း၊ လိုင်ဇာမြို့မှ ရောက်ရှိလာတဲ့ ဧည့်သည် များဟာ ယခု ပေါက်ကွဲမှုဖြစ်တဲ့အိမ်မှာ တည်းခိုလေ့ရှိကြောင်း သိရှိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်က အသုံးပြုနေတဲ့ ဖောက်ခွဲဖျက်ဆီးရေး လက်နက် ခဲယမ်းများဟာ ကိုင်တွယ်သူများ မကျွမ်းကျင်ခြင်း၊ ဒေသန္တရ လက်လုပ်မိုင်းများ ဖြစ်နေခြင်းတို့ကြောင့် ယခုလို တပ်ဆင်နေချိန်မှာ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်လျှက်ရှိပါတယ်။ ယခု  ပေါက်ကွဲ မှုဖြစ်ပွားတဲ့အိမ်ဟာ အိမ်အမှတ် ၆၉ ဖြစ်ပြီး ပိုင်ရှင် ဦးဒယောင်တန်ရမ်းဆိုသူဖြစ်ပါတယ်။ ဦးဒယောင်တန်ရမ်းဟာ  KIO ဒုဥက္ကဌ ဦးအင်ဘန်လနဲ့ ဆွေမျိုးနီးစပ်တော် တယ်လို့ သိရပါတယ်။
 ကချင်နေ့စဉ်သတင်း