xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အရေးယူပိတ်ဆို့မှုတွေကိုမကျေနပ်တဲ့ပြည်သူများက အီရန်က ဗြိတိသျှသံရုံးကို ဆန္ဒပြ စီးနင်းတိုက်ခိုက်

Wednesday, November 30, 2011

အရေးယူပိတ်ဆို့မှုတွေကိုမကျေနပ်တဲ့ပြည်သူများက အီရန်က ဗြိတိသျှသံရုံးကို ဆန္ဒပြ စီးနင်းတိုက်ခိုက်

 
ဗြိတိန်နိုင်ငံက အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက် တာကို မကျေနပ်ကြတဲ့ အီရန်ပြည်သူတွေက မနေ့ကအင်္ဂါနေ့မှာ တဟီရန်မြို့တော်က ဗြိတိသျှသံရုံးကို စီနင်းတိုက်ခိုက်ခဲ့ကြကြောင်းသိရှိရပါတယ် ။




ဆန္ဒပြသူတွေက ဗြိတိသျှသံရုံးအတွင်းကို ပြူတင်းပေါက်တွေကတစ်ဆင့် ၀င်ရောက်ပြီး သံရုံးထဲက စာရွက်စာတမ်းတွေနဲ့ ဗြိတိသျှ ယူနီယံဂျက်အလံတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ဒါ့အပြင် သံရုံးထဲက အဲလစ္စဘက်ဘုရင်မကြီးရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖြုတ်ယူသွားကြပြီး သံရုံးအပြင်ဘက်မှာလည်း ဗြိတိန်နိုင်ငံ ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ မခံမရပ်နိုင်သောဆန္ဒပြ လူအုပ်က ဗြိတိသျှသံရုံးရဲ့ ကားတစ်စီးကိုပါ မီးရှို့ခဲ့ကြကြောင်း သိရှိရပါတယ် ။



တဟီရန်မြို့မြောက်ဘက်က ဗြိတိသျှသံရုံးဝန်ထမ်းတွေနဲ့ ဗြိတိသျှကျောင်းသားတွေ နေထိုင်ရာ အိမ်ခြံဝင်းကို စီးနင်းခဲ့တဲ့ ဆန္ဒပြသူတွေက သံရုံးဝန်ထမ်း ၆ ဦးကို ၀ိုင်းထားခဲ့တာကိုတော့ အီရန်ရဲတပ်ဖွဲ့က အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပါတယ်။



 အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက် တာဟာ အီရန်နိုင်ငံရဲ့ မသင်္ကာဖွယ်ရာ  နျူကလီယားလက်နက်အစီအစဉ်ကြောင့်ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံကစွပ်စွဲထားပါတယ် ။