xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နှစ်ဘက်လက်ခံနိုင်ဘွယ်အရေးအသားများဖြင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သမ္မတထံပေးပို့သော ဒုတိယမြောက် အိတ်ဖွင့်ပေးစာ

Sunday, November 13, 2011

နှစ်ဘက်လက်ခံနိုင်ဘွယ်အရေးအသားများဖြင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သမ္မတထံပေးပို့သော ဒုတိယမြောက် အိတ်ဖွင့်ပေးစာ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်- နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က မေတ္တာရပ်ခံ တင်ပြသည့် အိတ်ဖွင့် စာတစ်စောင်ကို ယနေ့ရက်စွဲဖြင့်(၂၀၁၁ ခု နိုဝင်ဘာလ ၁၂ ရက် ) ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်စာ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်-

အသေးစိတ်ဖတ်ရှုနိုင်ရန်ပုံပေါ်သို့နှိပ်ပါ
 
သံတမန်ဟောင်းကြီးများဖြင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ မေတ္တာ ရပ်ခံစာသည် နှစ်ဘက်လက်ခံနိုင်ဘွယ်သောအသုံးအနှုန်းများကို ဂရုတစ်စိုက်ရွေးချယ်သုံးနှုံးထားလေ၏ ။ မေတ္တာရပ်ခံစာဟူသည့်အမည်နှင်လိုက်လျောညီထွေစွာပင် မိမိတောင်းဆိုလိုသည်ကို တစ်ဘက်ကလိုက်လျောချင်ဘွယ်ဖြစ်အောင် မေတ္တာအရင်းခံ၍ တစ်ဘက်၏အတ္တမာနကို မထိခိုက်စေပဲ တောင်းဆို၏ ဤသည်ကို နိုင်ငံတော်အစိုးရမှ လက်ခံသဘောကျ၍သာ အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြထားခြင်းဖြစ်နိုင်၏ ။

"သမ္မတက ဘာလို့ဒီလောက်တွန့်တိုနေရတာလဲ သူ့အိပ်ထဲက စိုက်ပေးရတာလဲမဟုတ်ဘဲနဲ့ " ဆိုသော ထောင်ထွက်ဂတုံး ဇာဂနာ၏ တောင်းဆိုပုံစကားနှင့်အကွာကြီးကွာ၏ ၊ မြစ်ဆုံရပ်လိုက်လို့ နှုတ်ခမ်းမွှေးရိတ်လိုက်ပြီ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်လာရင် ဆံပင်ပါညှပ်မယ် ဟူသောအရူး မောင်ကျော်သူ၏ စကားနှင့်လည်း အကွာကြီးကွာပြန်လေ၏ တစ်ဖန် နိုင်ငံရေး လုပ်တတ်လှပါပြီဆိုပြီး သူတို့ကိုယ်သူတို့ ၀ါရင့်နိုင်ငံရေးသမားကြီး များအမည်ခံထားသူများ ၊ ပြည်တွင်းပြည်ပမှ မြန်မာအတိုက်အခံဆိုသူများ၏ တောင်းဆိုပုံများနှင့်လည်း ကွာခြားလှပါပေ၏ ။



အကယ်၍သာ နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့မှ အကျဉ်းသားများကို ထပ်မံလွှတ်ပေးခဲ့ပါမူ ဂတုံးဇာဂနာ၏ ပေါက်လွှတ်ပဲစားစကားကြောင့်လဲမဖြစ်နိုင် ၊ အရူးကျော်သူ၏ ဆံပင်ကြောင့်လဲမဖြစ်နိုင် ဘုရားမှာဟီးရိုးလုပ်ပြီး ဆုတောင်းကြသူများကြောင့်ဟုလဲမထင် ၊ အစိုးရဆန့်ကျင်ရပြီးရော အတိုက်အခံများ၏ နင်ပဲငဆ စကားများကိုအရေးအရာလုပ်၍လည်း မဖြစ်နိုင်ပါပေ။အကျဉ်းသားများကို လွတ်မြောင်စေလိုသောနိုင်ငံတော်၏ စေတနာအရင်းခံနှင့် ရိုးသားအေးချမ်းစွာ မေတ္တာဖြင့်တောင်းဆိုခဲ့ကြသော မြန်မာ့လူ့အခွင့်အရေးကော်မရှင်အပါအ၀င် ၊ အခြားသောပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများ၏ မေတ္တာကို တုန့်ပြန်မှုသာ ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါ၏ ။

Voice Of Myanmar