xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: KIAက ရွာသားများကိုဖမ်းဆီးခေါ်ဆောင်သွားပြန်

Tuesday, November 15, 2011

KIAက ရွာသားများကိုဖမ်းဆီးခေါ်ဆောင်သွားပြန်


မြစ်ကြီးနား  နိုဝင်ဘာ ၁၅
            ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ အခုရက်ပိုင်းအတွင်းမှာအကျအဆုံးတွေများပြား နေပါတယ်။စစ်ရေး အရ ဆုံးရှုံးမှုတွေများနေသလို မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုတွေ၊ကချင်လူမျိုး စုခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်း ဆောင်တွေနဲ့ ကချင်ပြည်နယ်ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေး လုပ်ရန်တောင်းဆိုချက်တွေနဲ့လဲရင်ဆိုင်နေရပါတယ်။ ကချင် ပြည်နယ်လူထုရဲ့ထောက်ခံမှုတွေကျဆင်းပြီး KIA ကို အကြမ်းဖက်လုပ်ရပ်တွေရပ်တန့်ဖို့ တောင်းဆိုခြင်းနဲ့လဲ ရင်ဆိုင်နေရပါ တယ်။ 
 
KIA တပ်တွေအနေနဲ့ ၀င်ငွေကောင်းတဲ့စခန်းတွေ၊ ဂိတ်တွေလက်လွှတ်ဆုံးရှုံးရပြီးတဲ့နောက်မှာ ငွေရရှိဖို့အတွက်နည်း လမ်းမျိုးစုံကိုအသုံးပြုနေပါတယ်။ ကေအိုင်အေအဖွဲ့တပ်ရင်း(၅)ကတပ်ကြပ်ကြီးမရန်နော်နဲ့ အဖွဲ့ဝင်(၂၀)ဦးဟာ နိုဝင်ဘာလ(၁၄) ရက်နေ့မှာ ရွှေကူမြို့နယ်၊ မိုးလှိုင်ကျေးရွာရဲ့မြောက်ဘက်မှာရှိတဲ့ နန့်မလယန်ချောင်းကိုရောက်ရှိလာပြီး ရွှေရှာဖွေလုပ်ကိုင်စား သောက်နေတဲ့ ရွာသူ၊ရွာသား(၇)ဦး ကိုဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ရွာသားတွေကတော့-
၁။ ဦးပန်းဦး အမှတ်(၂)ရပ်ကွက်၊ ရွှေကူမြို့    ၄၅ နှစ် ။
၂။ ဦးအောင်ကြိုင် အမှတ်(၂)ရပ်ကွက်၊ ရွှေကူမြို့ ၄၂ နှစ် ။
၃။ ဥိးဒါဝိ အမှတ်(၄)ရပ်ကွက်၊ ရွှေကူမြို့   ၄၆ နှစ် ။
၎။ ဦးရှမ်းလေး မိုးလှိုင်ကျေးရွာ၊ ရွှေကူမြို့  ၄၄ နှစ် ။
၅။ ဦးလွယ်တောင် မိုးလှိုင်ကျေးရွာ၊ ရွှေကူမြို့  ၃၇ နှစ် ။
၆။ ဦးသိန်းစိုးဦး ကုက္ကိုတောရပ်ကွက် ၊ ဗန်းမော်မြို့ ၃၅ နှစ် ။
၇။ မနန်းသန်းသန်းအေး ၊ မိုးလှိုင်ကျေးရွာ ၊ ရွှေကူမြို့  ၂၀ နှစ် ။
ဖမ်းဆီးခံရတဲ့မိသားစုတွေအနေနဲ့ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ကချင်အတိုင်ပင်ခံအဖွဲ့ရဲ့နာယကဖြစ်တဲ့ ဒေါ်အင်ဖန်း ဂျာရာနဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ထံ စာရေးသားတိုင်ကြားထားပါတယ်။ ငွေကြေးရဖို့ အတွက် ပြန်ပေးဆွဲတဲ့သဘောမျိုးလား၊ ဒါမှမဟုတ်စစ်ပွဲတွေမှာ စစ်သားအဖြစ်အသုံးပြုဖို့လားဆိုတာကို တော့ခွဲခွဲခြားခြားမသိရသေးပါဘူး။ အသက်(၂၀)သာရှိသေးတဲ့ ရှမ်းလူမျိုးနန်းသန်းသန်းအေးအတွက် သူ့ရဲ့မိခင်အနေနဲ့ တော်တော်ကြီးကို စိုးရိမ်နေတယ်လို့သိရပါတယ်။
``အခုလာဖမ်းသွားတာက ကျွန်မတို့ရဲရွှေလုပ်ကွက်ထဲကို သေနတ်တွေကိုယ်စီနဲ့ဝင်လာပြီး ထွက်မ ပြေးနိုင်အောင်ဝိုင်း ၀န်းပိတ်ဆို့ဖမ်းသွားတာပါ။ ကျွန်မကရွာထဲကိုခနပြန်သွားနေလို့ အဖမ်းခံရတဲ့အထဲပါ မသွားတာပါ။ကျွန်မသမီးလေးကတော့ကံ ဆိုးပါတယ်။ကျွန်မတို့က အလုပ်လုပ်နေတဲ့သူတွေကိုထမင်းချက်ကျွေးနေတာပါ။ သူတို့က အခုဖမ်းသွားတဲ့သူတွေကို ပိုက်ဆံနဲ့ လာရွေးရမယ်လို့ ပြောတယ်လို့သူတို့နဲ့အဆက်အသွယ်ရှိတဲ့သူတစ်ယောက်ကလာပြောပါတယ်´´လို့မိုးလှိုင်ရွာ သူဒေါ်ရှမ်း မက ပြောပါတယ်။ အေးချမ်း စွာလုပ်ကိုင်ရှာဖွေ စားသောက်နေတဲ့ သူတွေအတွက် KIA ဟာ တောထဲမှာသွားနေတဲ့ ဆင်ရိုင်းတစ်အုပ် နဲ့တူလာနေပြီလို့ အဲဒီကျေးရွာကဆရာမတစ်ဦးကပြောဆိုပါတယ်။
ကချင်နေ့စဉ်သတင်း