xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာအသင်း ဆီမီးဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ မလေးရှားနှင့် ရင်ဆိုင်ရမည်

Thursday, November 17, 2011

မြန်မာအသင်း ဆီမီးဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ မလေးရှားနှင့် ရင်ဆိုင်ရမည်

 
ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ဆီးဂိမ်းစ် အုပ်စု လက်ကျန် ပွဲစဉ်များ အားလုံး ယှဉ်ပြိုင် အပြီးတွင် မြန်မာ ယူ-၂၃ အသင်း အနေဖြင့် လက်ရှိ ချန်ပီယံ မလေးရှား အသင်းနှင့် ဆီမီးဖိုင်နယ်တွင် ရင်ဆိုင် ရမည်ဖြစ်ကြောင်း သိရသည်။


မလေးရှား အသင်းသည် အိမ်ရှင် အင်ဒိုနီးရှား အသင်းအား တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်ပြီး အုပ်စုတွင်း ပွဲစဉ်များတွင် ရှုံးပွဲမရှိ ရမှတ် (၁၀)မှတ်ဖြင့် အုပ်စု ပထမ နေရာတွင် ရပ်တည် နိုင်ခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှား အသင်းသည် အစောပိုင်း အုပ်စုပွဲစဉ်များ အားလုံးတွင် ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ သော်လည်း မလေးရှား အသင်း၏ ပထမပိုင်း သွင်းဂိုးတစ်ဂိုးအား ပြန်လည် ချေပနိုင်ခြင်း မရှိကာ ယခုကဲ့သို့ အုပ်စု ဒုတိယဖြင့် ကျေနပ် ခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့ အသင်းသည် အုပ်စု (ခ)မှ ပထမ ရထားသည့် ဗီယက်နမ် အသင်းနှင့် ဆီမီးဖိုင်နယ် အဆင့်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။




မြန်မာအသင်းသည် အရှေ့တီမောအား အနိုင်ရ အပြီးတွင် အုပ်စု ထိပ်ဆုံးတွင် ရပ်တည် နိုင်ခဲ့သော်လည်း ယနေ့ ညနေပိုင်းက ဗီယက်နမ်က လာအိုအား (၃-၁)ဖြင့် အနိုင်ရရှိ ခဲ့ရာ အုပ်စု ပထမ နေရာအား ပြန်လည် ရယူခဲ့ခြင်း ဖြစ်သည်။


မြန်မာအသင်းသည် ဆီမီးဖိုင်နယ် ပထမပွဲ အဖြစ် နိုဝင်ဘာ (၁၉)ရက်နေ့တွင် မလေးရှား အသင်းနှင့် မြန်မာ စံတော်ချိန် (၃း၃၀)တွင် ယှဉ်ပြိုင်ရမည် ဖြစ်ကာ ဗီယက်နမ်နှင့် အင်ဒိုနီးရှား အသင်းတို့မှာမူ ယင်းနေ့တွင်ပင် မြန်မာ စံတော်ချိန် (၆း၃၀)တွင် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရသည်။

 Soccer Myanmar