xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကေအိုင်အေစစ်သားများအကျအဆုံးများနေ ရွာသားတွေစစ်မှုထမ်းဖို့ဗိုလ်ချုပ်ဂမ်ရှောင်ပြောပြီ

Thursday, November 17, 2011

ကေအိုင်အေစစ်သားများအကျအဆုံးများနေ ရွာသားတွေစစ်မှုထမ်းဖို့ဗိုလ်ချုပ်ဂမ်ရှောင်ပြောပြီ



လိုင်ဇာဌာနချုပ်မှ သတင်းတွေအရ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေနိုဝင်ဘာ၁၄ ရက်နေ့ အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ KIA တပ်ဖွဲ့ဝင်(၂၂)ဦးကျဆုံးပြီး (၅၈) ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ဒီကိစ္စ တွေပတ်သက်လို့ ဗိုလ်ချုပ်ဂမ်ရှောင်က ကျဆုံး၊ထိခိုက်ဒဏ်ရာရနဲ့ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေနေရာမှာ အင်အား ဖြည့်တင်းဖို့ ရွာတွေမှာရှိနေတဲ့ ယောက်ျားမှန်သမျှ ဖမ်းဆီးခေါ်ဆောင်လာဖို့ တပ်မဟာမှူးတွေကို ပြောကြားထား တယ်လို့ သိရပါတယ်။ဒါကြောင့် ဒေသခံရွာသားတွေဟာ အိမ်ထောင်စုအလိုက် KIAတပ်ဖွဲ့တေနဲ့ဝေးရာ ဒေသများ ကို ရွှေ့ပြောင်းနေထိုင်ကြပါတယ် ။




ဦးဇခုန်တိန်ယိန်း၊ဦးလဆန်အောင်ဝါ၊ဦးဆွန်လွတ်ဂမ်ဆိုင်းနဲ့ဒေါက်တာတူးဂျာတို့အနေနဲ့ ကချင် ပြည်နယ် 

အတွင်းမှာ ငြိမ်းချမ်းရေး လုပ်ဆောင်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့သဘောထား 

တင်းမာမှု ကြောင့် ဒေသခံကချင်လူထုတွေဒုက္ခရောက်နေကြပါတယ်။ ကချင်တော်လှန်ရေးအတွက် 

စစ်မှုမထမ်းပဲတိမ်းရှောင် နေတဲ့ သူတွေကို သူရဲဘောကြောင်သူတွေအဖြစ် သတ်မှတ်ပြီး သတ်ပစ်ဖို့

အမိန့်ပေးထားပါတယ်။ကချင် လူထု အတွက် တစ်နေထက်တစ်နေ့ အခြေအနေပိုမိုဆိုးရွားနေ

တဲ့အတွက် ဒေသခံတော်တော်များများ NDKA နယ်မြေသို့ ပြောင်းရွှေ့နေကြတယ် လို့သိရပါတယ်။

ကချင်နေ့စဉ်သတင်း