xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မန္တလေးတွင် သံဃာ ၅ ပါးခန့်ဆန္ဒပြမှုဖြစ်ပွား ဘုရားဖူးများနှင့် ဒေသခံများစိတ်ပျက်

Tuesday, November 15, 2011

မန္တလေးတွင် သံဃာ ၅ ပါးခန့်ဆန္ဒပြမှုဖြစ်ပွား ဘုရားဖူးများနှင့် ဒေသခံများစိတ်ပျက်



မြန်မာနိုင်ငံ၏ အထင်ရှားဆုံးသော ဘုရားစေတီများတွင် တစ်ခု အပါအဝင် ဖြစ်သော မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးဝင်း မဟာဗုဒ္ဓဝင် ဗိမ္မာန်တော်ကြီးတွင် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ သံဃာ ၅ ပါး ခန့်က ဆန္ဒပြနေကြောင်း သိရှိရပါသည် ။

ဆန္ဒပြနေသော သံဃာများက အချက်လေးချက်ကိုသာသနာ့ဗိမ္မာန်လက်ရမ်းနေရာတွင် ချိတ်ဆွဲ တောင်းဆိုထားပြီး၎င်းတို့မှာ

၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now) တို့ဖြစ်သည်။

တံမြက်စီးဇောက်ထိုးနှင့် ဆန္ဒပြသံဃာများ

  မန္တလေးတိုင်း သံဃာ့နာယကအဖွဲ့မှ  မြတောင်ကျောင်း ဆရာတော်နှင့် မစိုးရိမ်ကျောင်း ဆရာတော်တို့က  ဝင်ရောက် ညှိနှိုင်းလျက် ရှိကြောင်းလည်းသိရပါသည် ။

လှည့်ကြည့်မည့်သူတောင်မရှိ

စိတ်ပျက်ထွက်ခွာ


"ကိုယ်တော်တွေ ကခပ်ငယ်ငယ်တွေပါပဲ ဘုရားကြီးနားမှာလာလုပ်တာ သိပ်စိတ်ပျက်ဘို့ကောင်းတယ် ၊ သူတို့လုပ်တာအရေးမကြီးဘူး အနယ်နယ်အရပ်ရပ်ကလာတဲ့ဘုရားဖူးတွေ စိတ်အနှောက်အယှက်ဖြစ်ရတယ် ၊ သိပ်လဲစိတ်မ၀င်စားပါဘူး စကာစကတော့ လူနည်းနည်းရှိတယ် ခုတော့ ဘယ်သူမှမရှိသလောက်ပါဘဲ "

"အစိုးရကနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဘို့ အစီအစဉ်ရှိရင်တောင် သူတို့လုပ်တာနဲ့ နောက်ရွေ့သွားဘို့ရှိတယ် အစိုးရက နိုင်ငံခြားမှာရောက်နေတဲ့သူတွေပြန်လာဘို့ ဖွင့်ပေးလိုက်လို့ ပြန်လာတဲ့အထဲက ကိုယ်တော်တစ်ပါးက ခေါင်းဆောင်တယ်ပြောပါတယ် ၊ အရင် RFA ရေဒီယိုမှာ အသံလွှင့်နေတဲ့ ဘုန်းကြီးဆိုလားပဲ ဦးမာဃဆိုလား ဦးသောပါက ဆိုလားပဲ သူဦးဆောင်လုပ်တာ ။" ဟုအဆိုပါနေရာသို့ရောက်ရှိနေသူ မန္တလေးဒေသခံတစ်ဦးက Voice Of Myanmar ကိုပြောကြားပါသည် ။


နောက်ဆုံး ရရှိသော သတင်းများအရ မဟာမြတ်မုနိ ဘုရားကြီးဝင်း မဟာဗုဒ္ဒဝင် ဗိမာန်တော်ကြီးအတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ဆန္ဒပြနေကြသော သံဃာတော်များမှာ မစိုးရိမ်တိုက်ဟောင်း ဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။