xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်.... ( ၂ )

Tuesday, November 22, 2011

စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်.... ( ၂ )

ဒီကနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ သတင်းစာဆရာ မောင်ဝံသက အောက်ပါ အတိုင်း ရေးသားထားတာတွေ့ရပါတယ် ၊ သူဆိုလိုတာက ဇေကမ္ဘာ ဦးခင်ရွှေကိုရည်ရွယ်ဟန်တူပါတယ် ၊ ဒါပေမယ့် သူ့အရေးအသားက ပြည်သူကိုစော်ကားတာနဲ့တူနေတယ်  ဒီမိုကရေစီမဆန်ဘူးဖြစ်နေတယ် ၊ ဘာဆန်နေလဲဆိုတော့ လူမိုက်ဆန်နေတယ် ၊ မိုက်ကြေးခွဲတာနဲ့တူနေတယ် .. ဘာရေးထားလဲဆိုတော့ 
 
 "သတင်းစာဆရာဘ၀ (ယနေ့ခေတ် အခေါ်အဝေါ်နဲ့ဆိုရင်) မီဒီယာသမားဘ၀ကို ကျွန်တော် အလွန်မှ ဂုဏ်ယူ အလွန်မှ တန်ဖိုးထားခြင်းနဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့မြတ်နိုးဂုဏ်ယူတဲ့ ဘ၀၊ ကျွန်တော်တို့ တန်ဖိုးထားတဲ့ မီဒီယာလောကကို စော်ကားမော်ကား၊ ထိကပါး ရိကပါး လုပ်လာရင်လည်း ကျွန်တော်ကတော့ မခံဘူးဗျ။ ဘယ်လောက် အကောင် ကြီးကြီး အမြီးရှည်ရှည် မှတ်လောက် သားလောက်အောင် ဆုံးမရမှာပဲဗျ။ စတုတ္ထမဏ္ဍိုင်ကို မထိပါးပါနဲ့ " (မောင်ဝံသ) ..လို့ရေးထားတယ်...။
 
သူဆိုလိုတာက ငါတို့ကတော့ သမ္မတကနေ ပြာတာအထိပြောချင်သလိုပြောမယ် ၊ စွပ်စွဲချင်သလိုစွပ်စွဲမယ် ၊ ရေးချင်သလိုရေးမယ် ရေးချင်တာရေးခွင့်မရရင်လည်း မတရားဘူးလို့ရေးမယ်၊ အေး.....ငါတို့ကိုတော့ ဘာမှလာမပြောနဲ့ မခံဘူး မှတ်လောက်သားလောက်အောင်ဆုံးမရမှာပဲလို့  အဓိပ္ပါယ်ရတယ်။
 
 ခင်ဗျားပြောသလိုသာ ကိုယ်မြတ်နိုးဂုဏ်ယူတဲ့ ဘ၀၊  တန်ဖိုးထားတဲ့ ဘ၀တွေကို စော်ကားမော်ကား၊ ထိကပါး ရိကပါး လုပ်လာတိုင်းသာ မှတ်လောက်သားလောက်ဆုံးမနေရရင် ခင်ဗျားတို့ဒီနေ့ထိတောင် အသက်ရှင်မနေဘူး၊ နိုင်ငံ့ဝန်ထမ်းတွေ ဆုံးမတာနဲ့တင် သေတာကြာလှပြီ ... သူတို့မြတ်နိုးဂုဏ်ယူလို့ လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်း ဘ၀တွေကို ခင်ဗျားတို့အကြိမ်ကြိမ်စော်ကားခဲ့ကြတယ်..ခုလဲစော်ကားမော်ကား ၊ ထိကပါးရိကပါးလုပ်နေကြတုန်းပဲ...

 မီဒီယာသမားတွေ ပြောချင်ရာပြောတာကိုတော့ လွတ်လပ်စွာပြောဆိုခွင့်လို့ပြောမယ် မီဒီယာသမားကို လွတ်လပ်စွာဝေဖန်ရင်တော့ မှတ်လောက်သားလောက်အောင်ဆုံးမမယ် ဒီလိုလားဆရာမောင်ဝံသ ....။
 
ခုဘာတဲ့ ...မီဒီယာသမားတွေလက်မှတ်စုထိုးပြီး ဟိုလူ့ဆီပို့မယ် ဒီလူ့ဆီတိုင်မယ် ခင်ဗျားတို့တိုင်တာကို တာဝန်ရှိတဲ့သူက အရေးတယူလုပ်ရမယ် မလုပ်ရင် တာဝန်ရှိသူတွေကိုပါ မတရားဘူးလို့ပြောဦးမယ် ဒီလိုလား ဗျာ ခင်ဗျားတို့လိုချင်နေတဲ့ ဒီမိုကရေစီဆိုတာ ဒါမျိုးကိုပြောတာလား ၊ 
 
တစ်ချိန်က စစ်တပ်ကအုပ်ချုပ်တုန်းက အမိန့်နဲ့အုပ်ချုပ်တယ် သူတို့ကိုပြန်ဝေဖန်ရင်မကြိုက်ဘူး အခန့်မသင့်ရင်အရေးယူတာတွေဘာတွေလုပ်တယ် ဒီတုန်းက ခင်ဗျားတို့ပဲ ဒီလိုလုပ်တာမကြိုက်ဘူး လွတ်လပ်စွာပြောဆိုခွင့်ရှိရမယ် ဘာညာနဲ့ အသံကောင်းဟစ်ခဲ့ကြတာမဟုတ်ဘူးလားဗျာ ..ခုဦးခင်ရွှေက ခင်ဗျားတို့ကိုဝေဖန်တယ်ဗျာ... ဘာဖြစ်လဲ...ဒီလိုပြောလို့ ကျုပ်ကဦးခင်ရွှေနဲ့သိလဲမသိဘူး အပြင်မှာ တခါမှလဲမမြင်ဖူးဘူး...တရားမျှတမှုမရှိလို့ပြောနေတာ..နောက်ပြီးတော့ မီဒီယာသမားတွေကရော မမှားတော့ဘူးတဲ့လား လူထဲကလူတွေပဲမဟုတ်ဘူးလား သူတို့မှားရင်ကော ဘယ်သူကပြောရမှာလဲ မပြောရတော့ဘူးငြိမ်နေရမယ် ဒီလိုလား.... သိပ်ရယ်စရာကောင်းတယ် ရယ်စရာကောင်းတယ် ဆိုတာ ပျော်လို့မဟုတ်ဘူး... စိတ်ပျက်လို့ ခင်ဗျားလိုလူမျိုးတွေ မြန်မာ့မီဒီယာလောကမှာ ထိပ်ပိုင်းနေရာရနေသရွေ့ မြန်မာပြည် ဘယ်တော့မှမတိုးတက်ဘူး  ......ခုလိုပဲ တပိန်ပိန်တလိမ်လိမ် ဖြစ်နေဦးမှာပဲ... မျှတတဲ့စိတ်ထားမှမရှိကြတာကိုး..... 
 
  ဒီလိုပြောလို့ စာထဲကနေ ဒေါက်တာဆိတ်ဖွားကို မှတ်လောက်သားလောက်အောင်ဆုံးမရမယ်တို့ဘာတို့ လာမလုပ်နဲ့ ကျုပ်ကဦးခင်ရွှေလိုမဟုတ်ဘူး လူချင်းမျက်နှာချင်းဆိုင်ပြီးတွယ်ပစ်လိုက်မယ်.. ဒါပါပဲ....။
ဒေါက်တာဆိတ်ဖွား