xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒါဖတ်ပြီးမှ ကာကွယ်ရေးအသုံးစရိတ်လျှော့ချဘို့တောင်းဆိုပါ

Tuesday, March 6, 2012

ဒါဖတ်ပြီးမှ ကာကွယ်ရေးအသုံးစရိတ်လျှော့ချဘို့တောင်းဆိုပါ

လောလောဆယ် အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ-National Debt စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၄.၂ ထရီလီယံ ရှိတယ်။မြင်သာအောင်ပြောရရင် ဘီလီယံပေါင်း ၁၄၀၀၀ အကြွေးတင်နေတယ် ၊အိုဘားမားရဲ့ ၂ဝ၁၂ ဘတ်ဂျက်မှာ အတိုးပေးဖို့ လျာထားငွေ တောင် အမေရိကန်ဒေါ်လာ ၂၆ဝ ဘီလီယံရှိတယ်။နှစ် စဉ်နှစ်တိုင်း ဘတ်ဂျက် လိုငွေပြနေတယ် ကြွေးမြီကအကျမရှိဘူး။ အတက်ပဲရှိတယ်။ အခု အမျိုးသား ကြွေးမြီက ငါးနှစ်ကာလအတွင်း နှစ်ဆတိုးမြင့်သွားခဲ့ တာဖြစ်တယ်။ ဒီအထဲမှာတရုတ်ကို  ဘီလီယံ ၇၀၀၀ ကျော် ၊ ဂျပန်ကို ၈၈၆ ဘီလီယံ ဆပ်စရာရှိနေတယ် ။
 ဒါပေမယ့် ပညာတတ်တဲ့အမေရိကန်နိုင်ငံသားတွေ ကဒီစစ်အသုံးစရိတ်ကိုလျှော့ချဘို့ မတောင်းဆိုကြဘူး ဘာလို့လဲဆိုတော့ ဒီနေ့ကမ္ဘာမှာ အမေရိကန် ဆိုတာဖြစ်အောင်ဒီစစ်အသုံးစရိတ်ဟာအဓိကကျတယ် ၊ စစ်အင်အားနောက်ခံတောင့်တင်းမှ ကျန်တဲ့စီးပွားရေး လူမျိုးအရေး နိုင်ငံရဲ့ပုံရိပ်တွေ အစစ တောင့်ထားနိုင်မယ်ဆိုတာသူတို့သိကြတယ် ၊ ဒါကြောင့်ကြွေးတင်ခံပြီးတော့ကို စစ်အသုံးစရိတ်ကိုသုံးတယ် တစ်နှစ်ကို ဘီလီယံ ၇၀၀ ကျော်သုံးတယ်.... ဘာလို့လဲဆိုတော့ပညာတတ်တာကိုး....။

ဒီပုံကိုကြည့်ရင်အမေရိကန်ပြည်ထောင်စုဟာ တရုပ် ၊ ရုရှား အစရှိတဲ့ ကျန်ထိပ်တန်းနိုင်ငံကြီးတွေ ၁၄ နိုင်ငံပေါင်းထက်စစ်အသုံးစရိတ် ပိုသုံးနေတယ် တကမ္ဘာလုံးစစ်အသုံးစရိတ်ရဲ့  ထက်ဝက်နီးပါးလောက် သုံးနေတာကိုတွေ့ရမှာဖြစ်တယ် ၊ ဒါကြောင့်လဲကမ္ဘာမှာ အမေရိကန်ဟေ့လို့ ကြွေးကြော်နိုင်တာဖြစ်တယ် ။





ဒီပုံကိုကြည့်ပါ မြန်မာပြည်ကို မြေမြှုတ်ဗုံးထုတ်တာအကြောင်းပြပြီး အပြစ်တင်နေကြတဲ့ နိုင်ငံတွေက ကမ္ဘာပျက်အောင် ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေကိုအရောင်းအ၀ယ်လုပ်နေကြတာကိုဖေါ်ပြထားတာပါ ၊မြန်မာပြည်သူတွေ ပညာနဲ့ယှဉ်တဲ့အသိ ၊ ဥာဏ်နဲ့ယှဉ်တဲ့ အတွေးတွေတွေးတတ်ခေါ်တတ်ဘို့လိုနေပါပြီ    အလကားနေရင်း ကာကွယ်ရေးဘတ်ဂျက်လျှော့ဘို့ပြောနေတဲ့ လက်ပါးစေတွေရဲ့စကားကို သတိထားတတ် ဘို့ လိုနေပါပြီ ။

 တစ်ချို့က ပညာရေး၊ ကျန်းမာရေး တွေဟာအရေးကြီးတယ်လို့ဆိုကြတယ် ၊ မှန်ပါတယ် ၊ အစိုးရသစ်မှာ ၀န်ကြီးဌာန ၃၄ ခုရှိတယ် ဘယ်ဟာမှ အရေးမကြီးတာမပါပါဘူး အားလုံးဟာသူ့နေရာနဲ့သူ  အရေးကြီးနေကြတာပါပဲ ကျန်းမာရေး ပညာရေးမှ မဟုတ်ပါဘူး  ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လက် ၊ ခြေထောက် မျက်လုံး နား အစရှိသဖြင့် သူ့နေရာနဲ့ သူ မရှိမဖြစ် အရေးကြီးတာတွေကြီးပါပဲ ဒါပေမယ့် ဦးခေါင်းက ပိုအရေးကြီးတယ်ဆိုရင် ပိုမှန်မယ်  ကာကွယ်ရေးဆိုတာဒီသဘောပါပဲ နိုင်ငံတစ်ခုရဲ့ အသက်လို့ဆိုနိုင်တဲ့ အချုပ်အခြာအာဏာ တည်တံ့ ဘို့အတွက် သူက ပိုပြီးအရေးကြီးတယ်လို့ တွေးလိုက်ရင် အဖြေမှန်နဲ့ ပိုနီးစပ်မယ်။

 နောက်တခု ကျွန်တော်ပြောချင်တာက ကာကွယ်ရေးအသုံးစရိတ်ဆိုတာ တပ်မတော်အတွက် သုံးနေတယ်ဆိုတာထက် ပြည်သူတွေအတွက် သုံးနေတာလို့လဲ ပြောလို့ရပါတယ် အိမ်တစ်အိမ်မှာ ခြံစည်းရိုး တစ်ခုကာတယ်ဆိုတာဟာ ခြံစောင့်အတွက်ကာတာမဟုတ်ပါဘူး အိမ်ထဲကလူတွေကို အကျဉ်းအ ကျပ်ဖြစ်အောင်လုပ်ဖို့ အတားအဆီးဖြစ်အောင် လုပ်ဖို့မဟုတ်ပါဘူး ဒီအိမ်ကိုအန္တရာယ်အမျိုးမျိုးကနေအကာ အကွယ် ရအောင်လုပ်နေကြတာပါ  ကာကွယ်ရေး အသုံးစရိတ်ဆိုတာ ဒီသဘောဖြစ်တယ် ။

ဒါကြောင့်တိုင်းချစ်ပြည်ချစ်စိတ် ရှိသူအကုန်လုံး ၊ အမျိုးဘာသာကိုစောင့်ရှောက်ချင်သူအားလုံးက ဒီနိုင်ငံကာကွယ်ဘို့ အသုံးစရိတ်ကို ဘယ်လိုတိုးရှာမလဲ ၊ ဘယ်လိုတိုးသုံးမလည်း ဘယ်လိုဝိုင်းကူရမလည်း ဆိုတာကိုပဲ နေ့စဉ်နဲ့အမျှ အချိန်နဲ့အမျှဆိုသလို စဉ်းစားနေရမယ် ၊ ဘာအကြောင်းနဲ့မှ လျှော့သုံး ဘို့မတောင်းဆိုသင့်ဘူး။

ဒေါက်တာဆိတ်ဖွား