xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဥပဒေဆိုတာမလိုဘူးဆိုတဲ့ လူထုစိန်ဝင်းအတွက် အမုန်းခံပြီးရေးလိုက်တယ်

Friday, March 23, 2012

ဥပဒေဆိုတာမလိုဘူးဆိုတဲ့ လူထုစိန်ဝင်းအတွက် အမုန်းခံပြီးရေးလိုက်တယ်

လူထုစိန်ဝင်း
 
 ခုတစ်လောမှာ မြန်မာပြည်ရဲ့ Public Speaker တစ်ဦးဖြစ်တဲ့ လူထုစိန်ဝင်းဟာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကို အခွင့်ကောင်းယူပြီး ထမီနားခိုစားနေတဲ့ ELEVEN မီဒီယာကနေတစ်ဆင့် ထင်ရာမြင်ရာဆောင်းပါးတွေကို ရေးလာတာတွေ့ရတယ် ။ ဆောင်းပါးတွေရဲ့ဆိုလိုရင်းကတော့ သတင်းမီဒီယာကိုဘာနဲ့မှမထိန်းချုပ်နဲ့ မလိုဘူး ဥပဒေလဲမလိုဘူး ၊ စီစစ်ရေးလဲမလိုဘူး ဘာဆိုဘာမှမလိုဘူး သတင်းသမားတွေ နေချင်သလိုနေ စားချင်သလိုစား ရေးချင်သလိုရေးတာကို အစိုးရကခွင့်ပြုရမယ် ဆိုတဲ့အပေါက်မျိုးရေးလာတာတွေ့ရတယ် ။

ဥပဒေနဲ့ပတ်သက်လို့ လူထုစိန်ဝင်းရဲ့အမြင်က ဒီလိုဖြစ်တယ် ၊ သူ့ရဲ့  မရဲတရဲနဲ့ ရေးကြည့်လိုက်တာပါ ဆောင်းပါးမှာ ခုလိုဖေါ်ပြထားတာကိုတွေ့ရပါတယ် ။


အင်မတန်အောက်တန်းကျတဲ့အတွေးအခေါ်ပါဘဲ ၊ဘာစာပေတန်ဘိုးမှမရှိတဲ့ ရေးသားချက်ပါဘဲ  ခင်ဗျားလို သတင်းသမားက သတင်းသမားကိုထိန်းချုပ်တဲ့ ဥပဒေကိုမလိုဘူးဆိုရင် စစ်သားတွေကလည်း စစ်သားတွေကိုထိန်းချုပ်တဲ့ဥပဒေကိုမလိုဘူးလို့ပြောမယ် ၊ ရဲတွေကလည်းအလားတူပြောမယ် ၊ တရားရေးဝန်ထမ်းတွေကလည်း သူတို့ကိုထိန်းချုပ်ထားတဲ့ဥပဒေတွေကိုမလိုဘူးလိုကပြောမယ် ဒီလိုပဲ ကျန်တဲ့နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကလည်း သူတို့နယ်ပယ်အသီးသီးကို ချုပ်ကိုင်ထားတဲ့ဥပဒေတွေကိုမလိုတော့ဘူးလို့ ပြောကြမယ်ဆိုပါစို့  ၊ တိုင်းပြည်ဘာဖြစ်သွားမယ်ထင်သလဲ ၊ ဒီလိုပဲကမ္ဘာပေါ်မှာချမှတ်ထားတဲ့ဥပဒေ အသီးသီးဟာခင်ဗျားပြောသလို ချုပ်ကိုင်ဘို့သက်သက်တွေမို့ မလိုတော့လို့ ကမ္ဘာပေါ်က ဥပဒေတွေအကုန်လုံးကိုဖျက်သိမ်းလိုက်မယ်ဆိုပါစို့ ကမ္ဘာကြီးဘာဖြစ်သွားမယ်ထင်သလဲ ..။ပညာတတ်စရာမလိုပါဘူး ရိုးရိုးလေးစဉ်းစားရင်ကို အဖြေထွက်ပါတယ် ၊ ဥပဒေလိုသလားမလိုဘူးလားဆိုတာကို ။

နောက်တစ်ခု က လူထုစိန်ဝင်း ရေးချင်ရာရေးနေတာတွေကို သက်ဆိုင်ရာတွေကလည်း ခွင့်ပြုနေတယ် ဘာမှမပြောဘူး ၊ စိစစ်ဖြတ်တောက်တာတွေမလုပ်ဘူး ၊ ဘယ်လုပ်မလည်း သေခါနီးနေပြီဆိုတာ သိနေတာကိုး ။ ဒီတော့ ဘယ်လောက်ရောင့်တက်လာသလဲဆိုရင် နဂိုက စာပေစိစစ်ရေး ဖျက်သိမ်းဘို့တောင် မရဲတရဲပြောနေ ရေးနေတဲ့သူက ပြန်ကြားရေးဝန်ကြီးဌာနကိုပါ ဖျက်သိမ်းဘို့ တောင်းဆိုလာတဲ့အထိ ရောင့်တက်လာတယ် ဒီတစ်ပတ် ခုန ထမီနားခိုစားနေတဲ့ ELEVEN MEDIA မှာရေးထားတာကို ဖေါ်ပြပေးလိုက်တယ် ။
 

ဒီတော့ လူထုစိန်ဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကို နောက်ဆုံးပြောချင်တာကတော့ လွတ်လပ်မှုဆိုတာ လူတိုင်းကြိုက်တယ် မကြိုက်တဲ့သူမရှိဘူး ၊ တချိန်တည်းမှာပဲ ထိန်းချုပ်မှုတွေကို ဘယ်သူမှမကြိုက်ဘူး ၊ ဒီလိုလွတ်လပ်မှုတွေကနေ အလွန်အကျွံဖြစ်လာလို့ တခြားသူတွေရဲ့လွတ်လပ်မှုတွေကိုပါ ထိခိုက်လာတာတွေ ဖြစ်လာလို့ ထိန်းချုပ်တဲ့ဥပဒေတွေဆိုတာ လောကရဲ့လိုအပ်ချက် အရပေါ်လာတာ ၊ နောက်တစ်ခုက ဥပဒေဆိုတာအိမ်တစ်အိမ်မှာကာထားတဲ့ ခြံစည်းရိုးရဲ့တူတယ် အိမ်ထဲမှာလုံလုံခြုံခြုံနေချင်တဲ့သူတွေအတွက် တော့ ခြံစည်းရိုးရှိတာကြိုက်ကြမှာပါဘဲ တစ်ခုတော့ရှိတာပေါ့လေ သူခိုးကတော့ ဘယ်ကြိုက်မလဲ ..........။

ဒေါက်တာဆိတ်ဖွား