xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံဝန်ထမ်းများအတွက် သတင်းကောင်းတစ်ပုဒ်

Wednesday, March 14, 2012

နိုင်ငံဝန်ထမ်းများအတွက် သတင်းကောင်းတစ်ပုဒ်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက ၁၃၇၃ ခုနှစ် တပေါင်းလပြည့်ကျော် (၇) ရက် ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက် ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၁၀၀/၂၀၁၂ ဖြင့် နိုင်ငံတော် အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ၊ တပ်မတော် ကြည်း၊ရေ၊လေ ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင် လည်မှုရှိစေရန် အတွက်အပိုထောက် ပံ့ကြေးထောက်ပံ့မည့် ကြေငြာချက်တစ်ရပ်ထုတ်ပြန် လိုက်ကြောင်းသတင်းရရှိပါသည် ။
အဆိုပါအမိန့်ကြေငြာစာတွင် လက်ရှိလစာ အပြင်အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် သုံးသောင်း တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း၊ အစိုးရဌာနများနှင့် အဖွဲ့စည်း များရှိ နေ့စား အလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈)နာရီ အတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၁၁၀၀ အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိတိ ကို ထပ်မံခံ စားခွင့်ပြုမည် ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၂၁၀၀ တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီ (၁)ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်သည်ဟု ဖေါ်ပြပါရှိပါသည် ။
သမ္မတ ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် ၀န်ထမ်းများအား လစာတိုးခြင်း အစား ထောက်ပံ့မှုများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နှစ်ပတ်အကြာ ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
VOM