xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မင်းပြောတိုင်းယုံရမှာလား

Friday, March 9, 2012

မင်းပြောတိုင်းယုံရမှာလား

ဒီမနက် သတင်းတွေလိုက်ဖတ်တော့ တစ်ဘက်သားကို ၊ဒါမှမဟုတ် တစ်ဘက်အဖွဲ့အစည်း ကို နှိပ်ကွပ်လိုတဲ့ရည်ရွယ်ချက်နဲ့ ထင်ရာရေးထားတဲ့ သတင်းတစ်ခု ကိုတွေ့လိုက်ရတယ် အဲဒီသတင်းကတော့ Yangon Press International သတင်းဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကသတင်းပါ သတင်းကဒီမှာပါ
 

သာမန်ဖတ်လိုက်ရင် အော်..NLD ကို ၊ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနှုတ်ဆက်ခဲ့တဲ့ ရဲဘော်လေးကို စစ်တပ်ကမတရားလုပ်နေလိုက်တာ ...၊ ဟော..ဒီမတရားလုပ်တဲ့သူကလည်းပြည်ခိုင်ဖြိုးက ဆိုပါလား ....၊ ဟင်......ဒီမတရားလုပ်တဲ့သူက ကြားဖြတ်ရွေးကောက်ပွဲတောင် ၀င်ဦးမှာပါလား.. ဆိုပြီး ပြည်သူတွေ အထင်ရောက်သွားအောင် ၀ါဒဖြန့်လိုဇောနဲ့ရေးထားတဲ့သတင်းပါ ...၊

ဒီအခါမှပဲ ဒီသတင်းဌာနရဲ့အတွင်းစိတ်နဲ့ ပညာမဲ့မှုကိုအထင်းသားတွေ့လိုက်ရတယ် ....

(၁) မြန်မာပြည်က တပ်ဖွဲ့စည်းပုံမှာ ဘယ်တပ်ရင်းမှူးမှ ဗိုလ်ချုပ်အဆင့်မရှိဘူး 

(၂) စစ်သားတွေအကုန်လုံးဟာ...ဘယ်ပါတီဝင်မှမဟုတ်ကြဘူး

(၃) ဘယ်ပါတီဝင်မှမဟုတ်တဲ့ စစ်သားတွေဟာ ဘယ်လိုရွေးကောက်ပွဲကိုမှလည်း ၀င်စရာအကြောင်းမရှိဘူး ။

ဆိုတာတွေကိုဒီနေ့အွန်လိုင်းပေါ်မှာရှိတဲ့ ပြည်သူတွေအကုန်လုံးလိုလိုသိကြတယ်.... ငါတို့ရေးချင်ရာရေး တာ ကို ဒီလူတွေ တော့ယုံနေတော့မှာပဲဆိုတဲ့  စာဖတ်သူ ပြည်သူကိုအထင်သေးအမြင်သေးတဲ့ သတင်းဌာနတွေရှိနေပါလားဆိုပြီး တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရတယ်...ဒီလိုအခြေခံကျတဲ့ သတင်းကိုမှမယုံရရင် ကျန်တဲ့သတင်းတွေကို ဘယ်လိုယုံရမလဲဆိုတဲ့ အတွေးဝင်လာတယ်..... နောက်တစ်ခုက ဒီလိုသတင်းဌာနမျိုးဘယ်နှစ်ခု ရှိနေမလည်း ဆိုတာတွေးနေမိတယ်.......

ဒေါက်တာဆိတ်ဖွား