xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ENVOY ဂျာနယ်၏ လေးဖြူအင်တာဗျူးမမှန်ကန်ဟု IRON CROSS တုန့်ပြန်

Thursday, March 29, 2012

ENVOY ဂျာနယ်၏ လေးဖြူအင်တာဗျူးမမှန်ကန်ဟု IRON CROSS တုန့်ပြန်



 ယခင်အပတ်ထုတ် ENVOY သတင်းဂျာနယ်တွင်ပါဝင်သော အဆိုတော် လေးဖြူ ၏ ပြည်ခိုင်ဖြိုးပါတီအား မဲပေးခဲ့သည် ဆိုသော အင်တာဗျူးဖေါ်ပြချက်မှာ အမှန်တစ်ကယ် မေးမြန်းဖြေဆိုထားသော အင်တာဗျူးလုံးဝ ( လုံးဝ ) မဟုတ်ပါကြောင်း နှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖေါ်ပြချက်တစ်ခုသာဖြစ်ကြောင်း IRON CROSS တေးဂီတအဖွဲ့က ၄င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် တရားဝင် တုန့်ပြန်လိုက်ပါသည် ။

ထိုသို့မမှန်မကန်ဖေါ်ပြချက်ကြောင့် တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အဆိုပါဖေါ်ပြချက်တွင် ရေးသားဖေါ်ပြထားပါသည် ။ ENVOY ဂျာနယ်သည် အကယ်ဒမီဇင်ယော်မောင်မောင် ကြီးကြပ်ထုတ်ဝေနေသော ဂျာနယ်ဖြစ်သည် ။