xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချမည်

Friday, March 2, 2012

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချမည်

 
မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအစီအစဉ်ကို ယခုလ ၁၄ရက်မှ စတင်မည်ဖြစ်ပြီး နေ့စဉ် ည၁၁နာရီ မှ နံနက် ၇နာရီအတွင်း ဖုန်းခေါ်ဆိုခကို ယခင်တစ်မိနစ်လျှင်  ၅၀ ကျပ်ကောက်ခံနေရာမှ မှ ၂၅ ကျပ် သို့ လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။
 ထိုသို့လျှော့ချကောက်မည့်ဖုန်းများထဲတွင် လောလောဆယ်အားဖြင့် Macwill ဖုန်းများ မပါဝင်သေးကြောင်း  နှင့် အဆိုပါ Macwill ဖုန်းမှလွဲ၍ ကျန်ဖုန်းအမျိုးအစားများ အားလုံးပါဝင်ကြောင်း သိရှိရပါသည် ။
VOM