xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ' တ ' မနေနဲ့ ' ထ ' လာလိမ့်မယ်

Thursday, March 22, 2012

' တ ' မနေနဲ့ ' ထ ' လာလိမ့်မယ်



  ဒါ NLD က မတ်လ ၂၂ ရက်စွဲနဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ သတင်းထုတ်ပြန်ချက်ပါ သတင်းထုတ်ပြန်ချက်က တော်တော်ကြောင်ပါတယ် ၊ တော်ရုံတန်ရုံကြောင်တာနဲ့ ဒီလိုကြေငြာချက်မျိုးမထုတ်ပါဘူး ။ကြေငြာချက်ရဲ့ဆိုလိုရင်းက သမ္မတကမဲဆွယ်တယ်ပေါ့ ဒီတော့မတော်သြဇာသုံးတယ်လို့ ဆိုလိုချင်ပုံရပါတယ် ။
 
သူကဘာကိုစွပ်စွဲထားသလဲဆိုတော့ 7 Day ဂျာနယ်မှာပါတဲ့ သမ္မတက နေပြည်တော်က ဇဗ္ဗူသီရိမြို့နယ် အောင်ချမ်းသာကျေးရွာမှာ လယ်သမားတွေကို ချေးငွေထုတ်ပေးပြီး လယ်သမားတွေကို "ခင်ဗျားတို့ တောင်းတာအတွေတော့ အကုန်လုပ်ပေးပြီးပြီ ပြန်တောင်းစရာတစ်ခုပဲရှိတယ် ဘာလဲသိတယ်မဟုတ်လား" လို့မေးတယ် ဒီတော့လယ်သမားတွေက " ဟုတ်ကဲ့သိပါတယ်လို့ " ဖြေကြတယ် လို့ရေးထားတဲ့သတင်းကိုညွှန်းထားပါတယ် ။
 
ဒါကို မဲဆွယ်တယ် လို့စွပ်စွဲပြီး သမ္မတကိုမကျေနပ်တဲ့သဘော ကြေငြာချက်ထုတ်တာဖြစ်ပါတယ် ၊ သမ္မတက လယ်သမားတွေကိုချေးငွေထုတ်ပေးတယ် ၊ ပြီးတော့ ပြန်တောင်းစရာရှိတယ် ဘာလဲလို့မေးတယ် လယ်သမားတွေက သိပါတယ်လိုကဖြေတယ် ၊ဒါဘာဖြစ်လဲဗျာ သမ္မတကချေးငွေထုတ်ပေးတော့ လယ်သမားတွေက နိုင်ငံအတွက် စပါးပြန်စိုက်ပေးရမယ်လေ... မဟုတ်ဘူးလား ၊ ဒီရှေ့မှာလည်းသမ္မတကြီးကပြောပါသေးတယ် လောင်းကစားတွေမလုပ်ပစ်ဘို့ အကျိုးရှိရှိသုံးဘို့ စိုက်ဘို့ပျိုးဘို့ ဆိုတာတွေ ပြီးမှကဲခင်ဗျားတို့တောင်းတာတွေတော့လုပ်ပေးပြီးပြီ ပြန်တောင်းစရာရှိတယ် ဆိုတော့ လယ်သမားတွေကလည်း သိပါပြီလို့ဖြေတာပေါ့ဗျာ ဒါဘာများဆန်းနေလို့လည်း ၊ ဒါကိုမဲဆွယ်တယ်ဆိုပြီးထင်ရာတွေးနေတော့လဲ ခက်တော့ခက်နေပြီကွာ ဆိုတဲ့ သီချင်းလို ဖြစ်နေပါပြီ ။ကဲ ခင်ဗျားတို့ထင်သလိုဆွယ်တယ်ပဲထား ဘာဖြစ်လဲ ။ သူ့ကိုဒီနယ်ကလူတွေမဲပေးလို့သမ္မတဖြစ်လာတာ သူက မဲဆန္ဒရှင်တွေ ကိုကောင်းကျိုးပြုတယ် ဘာဖြစ်လဲ ၊ ဘာမနာလိုစရာရှိလဲဗျာ မဟုတ်ဘူးလား ၊ ဒါဥပဒေနဲ့မညီဘူး မတော်သြဇာသုံးတယ်လို့ ပြောချင်သေးတာလား ။
 
ခင်ဗျားတို့ဒေါ်စုကို ဒီသမ္မတက လွှတ်ပေးခဲ့တာ ၊ ခင်ဗျားတို့ခုလိုလွတ်လွတ်လပ်လပ်ကြီး ဝေးလားဝါးလားလုပ်နိုင်အောင် ၊ ထင်ရာမြင်ရာတွေ ပြောနိုင်ဆိုနိုင်အောင် ဒီသမ္မတကလုပ်ပေးခဲ့တာ ၊ နိုင်ငံရေးအကျဉ်းသားလို့နာမည်တပ်ထားတဲ့ ခင်ဗျားတို့လုပ်ဖေါ်ကိုင်ဘက်တွေကို ဒီသမ္မတက ဖိအားတွေကြားထဲကနေလွှတ်ပေးခဲ့တာ ၊ ခင်ဗျားတို့ ဥပဒေအရရပ်တည်ခွင့်မရှိတဲ့ဘ၀ကနေ ဥပဒေအရနေနိုင်လာအောင် ဒီသမ္မတကလုပ်ပေးခဲ့တာ ၊ နေစမ်းပါဦး မတော်သြဇာသုံးတယ်ပြောရအောင် ခင်ဗျားတို့ဒေါ်စုမဲဆွယ်ပွဲတွေမှာ အမျိုးသားခေါင်းဆောင်ကြီးပုံတွေတကားကားနဲ့ လုပ်နေတာကရောမတော်သြဇာသုံးတာမဟုတ်ဘူးလား ၊ ဒေါ်စုမဲဆွယ်ပွဲတွေမှာ ပြည်ခိုင်ဖြိုး ကလမ်းခင်းပေးတဲ့ကိစ္စတွေကို ပျက်ရယ်ပြုပြီးပြောခဲ့ဆိုခဲ့တာတွေကရော တစ်ဘက်ပါတီကို ပုတ်ခတ်တာမဟုတ်ဘူးလား ၊ ဘယ်အစိုးရတက်တက် ကြားနေရမယ့်တပ်မတော်ကို NLD နဲ့ပေါင်းပါ ဆိုတာတွေကရော ဘာစကားတွေလည်း ၊ ပြီးတော့ NLD ဗဟိုအောင်နိုင်ရေးက ဦးဥာဏ်ဝင်းက ဒေါ်စုကောင်းကြောင်း အစိုးရမကောင်းကြောင်း သတင်းတွေကို သားဆီပို့ သားလုပ်တဲ့မောင်က ဒီမိုဝေယံ ဆိုပြီး ဆိုဒ်ထောင်ပြီးတစ်လောကလုံး အစိုးရ ၊ စစ်တပ် ၊ ပြည်ခိုင်ဖြိုးပါတီမကောင်းကြောင်းတွေထိုင်ရေးနေတာကရော ရှေ့နေကြီးက တရားသဖြင့်ကြီးပေါ့ ဟုတ်လား ၊ ဒါတွေက တော်သြဇာတွေပေါ့ ဟုတ်လား ။ 
 
ခင်ဗျားတို့က သမ္မတဦးသိန်းစိန်ကို ဒါလေးပြောမိတာကို ကြေငြာချက်တွေဘာတွေ ထုတ်ရလောက်အောင်အတင့်မရဲကြပါနဲ့ ၊ ရောင့်မတက်ကြပါနဲ့ ...ဘာလဲ ဦးသန်းရွှေလက်အောက်မှာပြန်နေချင်လို့လား... ဟိုက မသေသေးဘူး ကျန်းကျန်းမာမာကြီးရှိသေးတယ် ' တ ' မနေနဲ့ ဟိုက 'ထ' လာမှ ပြေးပေါက်မှားနေမယ် ဒါဘဲ............အေးအေးဆေးဆေးနေကြ ။

ဒေါက်တာဆိတ်ဖွား