xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မီဒီယာသမားတွေအတွက် ဘာဥပဒေမှမလိုဘူးဆိုတဲ့ လူထုစိန်ဝင်း သို့

Saturday, March 31, 2012

မီဒီယာသမားတွေအတွက် ဘာဥပဒေမှမလိုဘူးဆိုတဲ့ လူထုစိန်ဝင်း သို့


-   သေနတ်ကိုင်တဲ့လူတွေက သေနတ်ကိုင်ပြီး ဥပဒေအထိန်းအကွပ်မရှိဘဲ သူမှန်တယ်ထင်တိုင်း ပစ်နေတာကို မကြိုက်ဘူးဆိုရင်..
-  လက်ထိပ်ကိုင်တဲ့သူတွေက လက်ထိပ်တကားကားနဲ့ ဥပဒေအထိန်းအကွပ်မရှိဘဲ သူမှန်တယ်ထင်တိုင်း ဖမ်းနေဆီးနေတာကို မကြိုက်ဘူးဆိုရင် 
-  တရားစီရင်တဲ့သူတွေက ဥပဒေအထိန်းအကွပ်မရှိပဲ သူမှန်တယ်ထင်တိုင်း စီရင်နေတာကိုမကြိုက်ဘူးဆိုရင် 
-  အုပ်ချုပ်ရေး အာဏာပိုင်တွေက ဥပဒေအထိန်းအကွပ်မရှိပဲ သူမှန်တယ်ထင်တိုင်း အုပ်ချုပ်နေတာကိုမကြိုက်ဘူးဆိုရင် 
- ခင်ဗျားတို့မီဒီယာသမားတွေ ကလောင်ကိုင်ပြီး ဥပဒေအထိန်းအကွပ်မရှိပဲ မှန်တယ်ထင်တိုင်းရေးနေတာကို ကျန်တဲ့သူတွေကရော ဘယ်ကြိုက်မလဲဗျာ....

ကျည်ဆန်တစ်တောင့်မှားပစ်ရင် လူတစ်ယောက်ကိုပဲ သေစေနိုင်တယ် 
လက်ထိပ်တစ်ခုနဲ့ မှားဖမ်းရင်လည်း  လူတစ်ယောက်ကိုပဲ  မှားဖမ်းနိုင်တယ်
စီရင်ချက်တစ်ခုမှားချရင်လည်း အလားတူပဲ အကျိုးသက်ရောက်နိုင်တယ် 
ခင်ဗျားလို ခပ်ကြောင်ကြောင် ကလောင်တစ်ချောင်းကြောင့် စာဖတ်မိတဲ့သူတိုင်း အဆိပ်သင့်သွားနိုင်တယ် ၊ ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်သွားနိုင်တယ်ဆိုတာ သေခါနီးထိ တရားမရနိုင်တာ အံ့သြမိတယ် .....အကုသိုလ်တွေများလွန်းတော့ အ၀ိစိကတော့ရောက်မှာ ရောက်မှာပါဘဲ....တော်ကြာ အ၀ိစိကို ဖြတ်ကနဲ ရောက်မသွားပဲ ကိုယ့်ဖာသာ ယက်ပြီးဆင်းနေရမှာစိုးလို့ ရေးလိုက်ပါတယ် ။


( ခုလို ကိုယ့်ကို သူများက လွတ်လွတ်လပ်လပ်ကြီး ရေးချလိုက်တာကိုလည်း ပြုံးပြုံးကြီးဖတ်ပေရော့ )

ဒေါက်တာဆိတ်ဖွား