xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သိချင်တာလေးတွေ ( ၃ )

Wednesday, March 14, 2012

သိချင်တာလေးတွေ ( ၃ )



ဒီရက်ပိုင်း အွန်လိုင်းစာမျက်နှာတွေနဲ့ လူမှုကွန်ယက်တွေမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နယ်ခရီးစဉ်တစ်ခုမှာ သက်ဆိုင်ရာဟိုတယ်က ကြိုဆိုရေးအဖွဲ့တွေက လက်အုပ်ချီပြီးကြိုဆိုတာကို ကဲ့ရဲ့ရှုံ့ချတဲ့အရေးအသားတွေနဲ့ ရေးသားဖေါ်ပြလာတာကိုတွေ့ရတယ် ၊ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွေမှာလည်း သက်ဆိုင်ရာဟိုတယ်တွေက ကြိုဆိုရေးနဲ့ ယဉ်ကျေးမှုအဖွဲ့တွေဟာ ဒီလိုပဲကြိုခဲ့ကြတုန်းကတော့ အမေစုကိုဒေသခံတွေက ကြည်ညိုလေးစားလို့ လို့ ဆိုခဲ့ကြတယ် ။

ဒူးထောက်ခစားစေမောင်မင်း........။
 
ကဲဒီလိုဆိုရင် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်က NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ စည်းရုံးရေးခရီးစဉ်တွေမှာ ပါတီဝင်တွေဟာ တင်ပြစရာရှိရင် ခုလို ဒူးထောက်ပြီး တင်ပြခဲ့ကြတာကိုရော..ခင်ဗျားတို့ဘာပြောကြမလည်း ။

လက်စုံမိုး၍ ရှိခိုးပူဇော်


ဒီလိုထိုင်ကန်တော့ခဲ့ကြရတာကိုရော ဘယ်လိုပြောကြမလည်း ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အခါအားလျှော်စွာ ကြီးသူကိုငယ်သူက ကန်တော့တာမျိုးမဟုတ်ဘူးနော် ပါတီစည်းရုံးရေးခရီးမှာ ဒီလိုကန်တော့နေရတာမျိုးကိုကျတော့ ဘယ်လိုအမွှန်းတင်ဦးမလည်းဆိုတာသိချင်လှတယ် ။

ဒေါက်တာဆိတ်ဖွား