xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ ကော်မရှင် ဥပဒေ ချိုးဖောက်ပြီး စည်းရုံးရေးဆင်း

Thursday, March 8, 2012

ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ ကော်မရှင် ဥပဒေ ချိုးဖောက်ပြီး စည်းရုံးရေးဆင်း

ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်းဒေါ်တင်တင်ရီသည် (၃-၃-၂၀၁၂) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် မင်းဂုတ်ကျေးရွာရှိ ဦးမောင်မျိုးနေအိမ်၌ ရုံးဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခြင်း ပါတီဝင်များအား ဟောပြောခြင်းကိုလည်းကောင်း၊ ညနေ (၄း၃၀) နာရီအချိန်တွင် ပဲ့တိုင်ကျေးရွာရှိ ကျေးရွာ NLD ရုံးတွင် ပါတီဝင်အင်အား (၅၀)ဦးခန့်အား ဟောပြောစည်းရုံးခြင်း၊ (၄-၃-၂၀၁၂) ရက်နေ့ (၉း၀၀) နာရီတွင် ရေကန်အော်ကျေးရွာရှိ ကျေးရွာ NLD ပါတီရုံးတွင် အင်အား တစ်ရာကျော်ခန့်အား ဟောပြောစည်းရုံးခြင်း၊ နေ့လည် (၃) နာရီအချိန်တွင် ကံမော်ကျေးရွာရှိ ဦးတင်ကြည်+ ဒေါ်ညွန့်ကြည် နေအိမ်တွင် အင်အား (၁၀၀) ခန့်အား ဟောပြောခြင်း၊ (၅-၃-၂၀၁၂) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် မဲတောကျေးရွာရှိ ဦးမြင့်ရှိန် နေအိမ်တွင် အင်အား (၅၀) ဦးခန့်အား ဟောပြောခြင်း၊ နေ့လည် (၂) နာရီ အချိန်တွင် အုတ်ဖိုမော် ကျေးရွာရှိ ဦးမြင့်ရှိန် နေအိမ်တွင် အင်အား (၅၀) ဦးခန့်အား ဟောပြောခြင်း ပြုလုပ် ခဲ့သည်။ 
 
 ဒေါ်တင်တင်ရီ မင်းဂုတ်ကျေးရွာ NLD ဖွင့်ပွဲတွင် စကားပြောနေစဉ်


 ( ထိုနေ့ ဆိုင်းဘုတ်ဖွင့်ပွဲတွင် ဒေါ်တင်တင်ရီ ပြောသည့် စကားမှာ ကျွန်မနာမည် ဒေါ်တင်တင်ရီ ဖြစ်ပါတယ်။ ကျွန်မကတော့ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးချယ်ခံဖို့ ဗဟိုက တာဝန်ပေးခြင်းခံရသူ ဖြစ်ပါတယ်။ ကျွန်မကို မဲပေးကြပါ။ ဒေါ်အောင်ဆန်း စုကြည်လည်း ကျွန်းစုမြို့ကို ၂၃ ၂၄ ရက်နေ့လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် ကြိုဆိုပေးကြပါ။)
 
 
 ဖွင့်ပွဲအခမ်းအနား တက်ရောက်သူများ

ဒေါ်တင်တင်ရီသည် ထို့သို့ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲများ ဆောင်ရွက် ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (၂/၂၀၁၀) နှင့် (၉၁/၂၀၁၂) ပါ ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိပဲ ပြုလုပ်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဝင်းက (၅-၃-၂၀၁၂) ရက်နေ့ ကျွန်းစုမြို့နယ်ခန်းမတွင် ပြုလုပ်သော ကော်မရှင်နှင့် မဲရုံမှူးများ သင်တန်းတွင် ပြောကြားခဲ့သည်။ 
 
ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (၂/၂၀၁၀) နှင့် (၉၁/၂၀၁၀) တို့တွင် ပါတီ အဆင့်ဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိတို့ ပါတီရုံးတွင် အစည်းအဝေး ဟောပြောမည် ဆိုပါက ခွင့်ပြုချက် တောင်းခံစရာ မလိုပဲ သက်ဆိုင်ရာ ကော်မရှင်သို့ အသိပေးရမည် ဖြစ်ကြောင်း၊ မိမိတို့ ရုံးအဆောက်အဦးမဟုတ်ပဲ အခြား နေရာများတွင် စုဝေးဟောပြောမည် ဆိုပါက သက်ဆိုင်ရာ ကော်မရှင်သို့ (၇)ရက် ကြိုတင်ခွင့်တောင်းပြီး ကော်မရှင် ခွင့်ပြုချက်ရမှ စုဝေးဟောပြော ရမည် ဖြစ်ကြောင်း ကြေညာထားသည်။
 
 
 မြိတ်ပုလဲမြေ