xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရှုံးနိမ့်ခြင်းကိုလည်း ခံနိုင်ရည်ရှိပါစေ NLD

Sunday, March 25, 2012

ရှုံးနိမ့်ခြင်းကိုလည်း ခံနိုင်ရည်ရှိပါစေ NLD



NLD ဆိုတဲ့ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့နောက်ပိုင်းမှာ NLD ပါတီကို မှီစားနေတဲ့ သတင်းမီဒီယာတွေမှိုလိုပေါက်လာပြီး  NLD ပါတီနဲ့ ဘိလပ်ပြန်ဒေါ်စုဘုန်းတော်ဖွဲ့တွေ ရေးလာတာနည်းတူ တစ်ချိန်တည်းမှာပဲ အစိုးရနဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီကို အပုတ်ချလိုဇောနဲ့ ရေးလာတဲ့သတင်းတွေကိုလည်း မဖတ်ချင်အဆုံးတွေ့ရတယ် ။

တော်ကြာ ဒေါ်စုဟောပြောပွဲကို ဂျင်ကလိနဲ့ အပစ်ခံရပြန်ပြီ ၊ တော်ကြာဒေါ်စုယာဉ်တန်း ခဲနဲ့ ထုခံရပြန်ပြီ ၊ တော်ကြာ NLD အတွက်မဲဆွယ်နေတဲ့ ကုလားမင်းသား အုတ်နီခဲနဲ့ ထုခံရပြန်ပြီ ၊လေးဂွနဲ့အပစ်ခံရပြန်ပြီ  တော်ကြာဟိုနား ဒီနားက NLD ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရပြန်ပြီ ၊ တော်ကြာ ဟောပြောပွဲလုပ်မယ့်ကွင်းမရပြန်ဘူး ၊ တစ်မြို့လားဆိုတော့လဲမဟုတ်ဘူး ဟိုမှာမရ ဒီမှာမရ ၊ ရွာပြင်ထွက် ဟောတဲ့အခါဟောရ သောင်ပြင်ထွက်ဟောရတဲ့အခါဟောရ စုံနေတာပါဘဲ .....ဒီကြားထဲ NLD ကိုယ်စားလှယ် မဲဆွယ်နေတုန်း မီးလှန့်လို့ ပွဲပျက်သွားရပြန်ပြီ ဆိုတာမျိုးကလည်း ပါသေးတယ် ၊

ဒီကြားထဲ ဘိလပ်ပြန်ဒေါ်စုကို ဦးတင်ရီက ကန့်ကွက်လို့ ထရှင်းလိုရှင်းရ ၊ ဘိလပ်ပြန်ဒေါ်စု နောက်ကြောင်းတွေ ရေးပြီးလိုက်ဝေလို့ အမှန်တွေ သိကုန်မှာစိုးလို့ ဖုံးရဖိရ ၊ ရှပ်ပြေးယာဉ် ငှားမဲ့သူမရှိလို့ ဒုက္ခရောက်ရ ၊ မူးကြဝေကြ ခရီးစဉ်တွေဖျက်ရ ၊ အောက်ခြေက ညစ်လို့ NLD ကိုမဲပေးမယ့်သူတွေ စာရင်းထဲမပါဘူးဆိုပြီး ကြောင်တောင်တောင် ကြေငြာချက်တွေထုတ်ရ  နဲ့ အရူးမီးဝိုင်းဆိုတာလို ဖြစ်နေတာကိုတွေ့ရပါတယ် ၊ ကြားဖြတ်ရွေးကောက်ပွဲနီးလေ အရူးမီးဝိုင်းတာက ပိုလေလေ ဖြစ်နေတော့တာပါဘဲ ၊ ဒီကြားထဲ အမတ်လောင်းတစ်ယောက်က ပုဂံမှာ သွားပြီး ကြာဇာတ်ခင်းနေလို့ အရှက်တကွဲအကျိုးနဲ ဖြစ်ရ ....၊  ပြောရင် ဆုံးမှာမဟုတ်ပါဘူး ။

NLD ပါတီဘက်က သက်သာအောင်စဉ်းစားရင်တော့ ရတာပေါ့ NLD ပါတီဟာ နာမည်ကြီးလာတာကို မလိုလားတဲ့ ပြိုင်ဘက်တစ်ဖက်အဖွဲ့အစည်းတွေက နှောက်ယှက်တယ် အပင်မြင့်လို့ လေတိုက်ခံရတယ်  ဘာညာပေါ့လေ ၊  straight thinking လို့ခေါ်တဲ့ အဖြောင့်စဉ်းစားကြည့်လိုက်ရင် တော့ ဒီလိုပေါ်နေတယ်ဗျာ 

( ၁ ) NLD ဥက္ကဌ ဘိလပ်ပြန်စုကိုထောက်ခံသူတွေရှိသလို ခဲနဲ့ထုချင်လောက်အောင် ၊ ဂျင်ကလိနဲ့ ထပစ်ချင်လောက်အောင် ကြည့်မရတဲ့သူတွေလည်းရှိတယ် 

( ၂ )  NLD  ဆိုရင် လူမပြောနဲ့ ဆိုင်းဘုတ်တောင် မကြည့်ချင်တဲ့သူတွေရှိနေတယ် 

( ၃ ) NLD ဥက္ကဌ ဘိလပ်ပြန်စုဟာ နောက်ကြောင်း မှတ်ကျောက်အတင်မခံနိုင်သူဖြစ်တယ်  ဆိုတာတွေဟာ ထင်ရှားလာတယ် 

နောက်တစ်ခု က ဘိလပ်ပြန်စုရဲ့ နောက်လိုက်တွေနဲ့ အဲဒီ ဘိလပ်ပြန်စုကို ခိုစားနေတဲ့ မီဒီယာအမည်ခံတွေက တတွတ်တွတ် ဆိုသလို ပြောနေတာတစ်ခု က သမ္မတကြီး ၊ လွှတ်တော်ဥက္ကဌကြီး ၊  ကော်မရှင် ဥက္ကဌကြီးတွေနဲ့ ထိပ်ပိုင်း တာဝန်ရှိသူတွေ က လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတရပါစေမယ် ဘယ်လိုပြောပြော  အောက်ခြေက မပြောင်းဘူး အောက်ခြေက ညစ်နေတယ် ၊ ဆိုပြီး ပြောပြောနေကြတယ် ။ သက်ဆိုင်ရာကော်မရှင်အဆင့်ဆင့်ဟာ ဥပဒေပြဌာန်းချက်တွေနဲ့အညီ အတတ်နိုင်ဆုံး သမာသမတ်ရှိအောင်လုပ်မှာပါဘဲ ၊ ဒါပေမယ့်ကော်မရှင်အဆင့်ဆင့်မှာကလည်း ပုထုဇဉ် လူသားတွေနဲ့ဖွဲ့စည်းထားတော့  ဆန္ဒနောက်လိုက်ပြီး ဘက်လိုက်မိသူတွေလည်း ပါချင်ပါနေမပေါ့လေ... လူတွေဖြစ်နေတာကိုး ပါနေတယ်ဆိုရင်တောင် NLD ကိုသာ တစ်ကယ်လေးစားတယ်ဆိုရင် ဒီလူတွေဟာ NLD ဘက်ကနေပါမှာပေါ့ဗျာ မဟုတ်ဘူးလား ခုတော့ ခင်ဗျားတို့ NLD ဘက်ပါတဲ့သူ ရှိကိုမရှိဘူး ဘက်လိုက်တာတောင် တခြားဘက်လိုက်တယ်ဆိုတော့ ကိုယ့်အခြေအနေ ကိုယ်သိဘို့ကောင်းနေပြီလို့ပဲ ပြောချင်ပါတယ် ။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီဟာ အများစုနိုင်မှာပါဘဲ ၊ အလားတူရှုံးတဲ့နေရာတွေမှာလည်း ရှုံးမှာပါဘဲ ၊ ဒီလိုရှုံးတဲ့အခါကျရင် ကမ္ဘာက၀ိုင်းထောက်ခံနေတဲ့ ပထွေးတွေ ရွှေစိတ်တော်ညိုသွားမှာစိုးလို့ ရှုံးခဲ့ရင်တောင် အရှုံးကို ခံသာအောင် တောင်ပြောမြောက်ပြောတာတွေကို ရပ်တန်းက ရပ်ပြီး ရှုံးခဲ့ရင်လဲ အရှုံးကို သိက္ခာရှိရှိ လက်ခံနိုင်တဲ့အလေ့အကျင့်တွေကို ခုကတည်းက လေ့ကျင့်ကြပါလို့ပြောချင်ပါတယ် ။

ဒေါက်တာဆိတ်ဖွား