xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မသိရင်ခက်မယ် ဘိလပ်ပြန်ဒေါ်စုရယ်

Sunday, March 25, 2012

မသိရင်ခက်မယ် ဘိလပ်ပြန်ဒေါ်စုရယ်



လောကမှာ တိုက်ဆိုင်မှုတွေ တော်တော်အံ့သြစရာကောင်းတယ် မြန်မာပြည်မှာ မတ်လ ၂၇ ရက်နေ့ ဆိုရင် ဒါတပ်မတော်နေ့ ဆိုတာလူတိုင်းသိတယ် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဆစ်ဂျပန်ကို စတင် တော်လှန်ခဲ့တဲ့နေ့ ၊ ဒီနေ့ကို တပ်မတော်နေ့အဖြစ်သတ်မှတ်ခဲ့တယ် ၊ ဒါလူတိုင်းသိတယ် ၊ တပ်မတော်နေ့နဲ့အတူ တပ်မတော်ရဲ့ ဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆိုရင် လည်း လူတိုင်းသိကြတယ် ။

ဒါနဲ့ ဆက်စပ်ပြီး သူ့သမီး ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဆိုတာကိုလည်း လူသိများကြတယ် ၊တစ်ဆက်တည်းဆိုသလို ဒီဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာကိုမယူပဲ သူ့အဖေကိုသတ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုးကိုယူပြီး ကလေးနှစ်ယောက်မွေးသည်အထိ ဖြစ်ခဲ့ကြတယ် ဆိုတာလည်း လူတိုင်းလိုလို သိကြတာပါဘဲ....ဒါပေမယ့်လူသိနည်းပြီး အမှတ်တမဲ့ဆိုတာလိုဖြစ်နေတာက အဲဒီဒေါ်စုရဲ့ ယောင်္ကျားကြီး မိုက်ကယ်အဲရစ်ဟာ တစ်နှစ်မှာ ၃၆၅ ရက်ရှိတဲ့ကြားထဲက ကြံကြံဖန်ဖန် မတ်လ ၂၇ ရက်မှာသေသွားတယ်ဆိုတာပါဘဲ...။

ဒီတော့ဒီ ဘိလပ်ပြန်ဒေါ်စုဟာ သူ့အဖေတည်ထာင်ခဲ့တဲ့ တပ်မတော်ရဲ့ တပ်မတော်နေ့ရောက်တိုင်း သူ့ယောင်္ကျားကြီးသေတဲ့နေ့ ဖြစ်ဖြစ်နေတယ် ၊ခုလာမယ့် မတ်လ ၂၇ ရက်ဆို ဒီလူကြီးသေတာ ၁၃ နှစ်ပြည့်ပြီ ၊ ဒီတော့ ၀မ်းနည်းရမှာလား ၀မ်းသာရမှာလား ဒေါ်စုကြည်ဆိုတာလိုဖြစ်ပြီး ပုထုဇဉ်ဘာဝ ပူဆွေးတယ်ပေါ့ဗျာ ၊ ပူဆွေးတော့ ဘယ်မှမသွားချင်မလာချင်ဘူး ဗိုလ်ချုပ်အောင်ဆန်းလေသံနဲ့ ပြောရမယ်ဆိုရင် "တယ်မလှုပ်ချင်ဘူး"၊ဒီတော့ နေမကောင်းချင်ယောင်ဆောင်ပြီး ခရီးစဉ်တွေဘာတွေဖျက်တယ် ၊ အိမ်ထဲမှာပဲ အင်္ဂလိပ်ကို 'တ' ပြီးနေမယ် ဒါကိုဗမာတွေက အမေစုကျန်းမာပါစေဆိုပြီး ဘေးကနေ ဆုတောင်းကြမယ် ....ကြည့်ရတော်တော်ကမောက်ကမနိုင်တဲ့ အဖြစ်ပါဘဲ....

ဒေါက်တာဆိတ်ဖွား