xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရူးသည့်အရာတွင် ဧတဒဂ်ရမည့်တိုင်းပြည်

Monday, February 6, 2012

ရူးသည့်အရာတွင် ဧတဒဂ်ရမည့်တိုင်းပြည်

ကျွန်ုပ်သည် ခရီးတစ်ခုသွားနေရသဖြင့် လွန်စွာချစ်ခင်ရသော အွန်လိုင်းနှင့် ၄ ရက်ခန့်အဆက်ပြတ်ခဲ့လေသည် တစ်နည်းဆိုသော် ပြည်တွင်းပြည်ပသတင်းများနှင့် အတန်ငယ်အဆက်ပြတ်ခဲ့ရလေသည်၊ ခရီးသွားနေစဉ် တွင်လည်း အွန်လိုင်းတက်၍ ကြည့်နိုင်သည့် အခြေအနေမျိုးရှိသော်လည်း စိတ်ရှင်းရှင်း ရှိနေစေရန် တမင်မကြည့်ပဲနေခဲ့သည်ကလည်း တစ်ကြောင်းဖြစ် ပါသည် ။ယခုအခါတွင် ခရီးရောက်မဆိုက်ဆိုသလို အွန်လိုင်းတက်၍ အတန်အဆက်ပြတ်ခဲ့သော သတင်းများကို ဖတ်ရှုကြည့်မိလေရာ....ထင်မထားသည့် အထူးအဆန်းများ ကိုတွေ့ရလေသည် ။ ထိုအထဲမှ တစ်ခုကို ကောက်နှုတ်တင်ပြအပ်ပါသည် ။


ပြည်တွင်းပြည်ပမှ သူမကိုထောက်ခံသူအပေါင်းက အမေ ဟု တစ်မေတည်းမေနေကြ ကုန်သော ဒေါ်အောင်ဆန်းစုကြည်၏   အရွယ်နှင့်မလိုက်သောပုံများကိုမမြင်ချင်အဆုံးတွေ့ရလေ၏ ၊ တစ်ပုံတွင် NLD အမှတ်တံဆိပ်ပါသောအင်္ကျီကိုဝတ်ဆင် ၊ ဦးထုပ်ကို ခပ်စောင်းစောင်း အနေအထားဖြင့် ဆောင်းကာ မခို့တစ်ရို့ မျက်နှာပေးလုပ်၍  ၁၆ ၊ ၁၇ နှစ်အရွယ် လူငယ်တစ်ဦးစတိုင် ဖမ်းထားလေ၏ ။

 
အခြားတစ်ပုံတွင်မူ လှယဉ်ကျေးမယ်ရွေးပွဲတွင် ပြိုင်ပွဲဝင် လှယဉ်ကျေးမယ်စတိုင်မျိုးဖြင့်  တင်ကို တစောင်းအနေအထား ခပ်ပစ်ပစ်ဆိုသလို လုပ်ထားပုံဖြစ်လေ၏ ထိုပုံများ၏အောက်တွင် ဒေါ်စု ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံကြသူအပေါင်းက ၀မ်းသာအားရဆိုသလို ချီးကျူးထောပဏာ ပြုထားသော မှတ်ချက်များကိုလည်း တစ်ဆက်တည်းဆိုသလို တွေ့ရပြန်လေ၏ ။ အံ့ဖွယ်ပါတစ်ကား.. .မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှားရှိခဲ့ပါမူ ရူးသည့်အရာတွင် ဧတဒဂ် ရမည့် တိုင်းပြည်ပါတစ်ကားဟု မှတ်ချက်ပြုရင်း စိတ်မကောင်းဖြစ်မိလေသည် ။

 
အခြားပုံတစ်ပုံတွင်မူ ထိုအမေစုသည် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ ရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သူ အမေရိကန်ကြီးအား သူ အား ငယ်ချစ်ဦးကိုတွေ့ရသကဲ့သို့ မီဒီယာများရှေ့တွင် ပွေ့ဖက်နမ်းရှုပ်နေ သည့်ပုံ  ဖြစ်လေသည် အနမ်းခံရသော အမေရိကန်ကြီး၏ မျက်နှာပေးမှာလည်း အထူးကျေနပ်နေ သည့်ပုံဖြစ်လေ၏ ။ထူးခြားသည်မှာ ထိုသို့နမ်းရှုံ့နေသောပုံ၏နောက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကချင်ပြည်နယ် တွင် ရိုက်ထားသော ပုံကို နောက်ခံ တွေ့ရလေရာ... အထူးစိတ်မချမ်းမသာဖြစ်မိလေ၏ ။ ဗိုလ်ချုပ်သည် ရုတ်တရက်အသက်ဝင်လာကာ နှစ်ယောက်လုံးကို ကချင်ဓါးဖြင့် ထခုတ်လိုက်ရင် ကောင်းမှာပဲဟု ဘာမဆိုင်ညာမဆိုင် စိတ်ကူးယဉ်မိလေသည် ၊သူမသာ တိုင်းပြည်ကို ဦးစီးဦးဆောင်ပြုပါမူ ဖြစ်ပေါ်လာမည့် တိုင်းပြည်၏အခြေအနေကို မှန်းဆမိ ၊ တွက်ဆမိရင်း ..........

ဒေါက်တာဆိတ်ဖွား