xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထောင်ကျော်တန် sim card ပေါ်ပေါက်ရေး ပြည်ခိုင်ဖြိုးပါတီက အဆိုတင်သွင်းရန် ပြင်ဆင်

Monday, February 20, 2012

ထောင်ကျော်တန် sim card ပေါ်ပေါက်ရေး ပြည်ခိုင်ဖြိုးပါတီက အဆိုတင်သွင်းရန် ပြင်ဆင်

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် sim card များ ပေါ်ထွက်လာရန် အဆို တစ်ရပ်တင်သွင်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည် ။

ယခုအခါ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အဆိုတင်သွင်းနိုင်ရေးအတွက် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပညာရှင်များ၏ အကြံဥာဏ်များရယူကာ သတင်းအချက်အလက်များ စုဆောင်းနေဆဲဖြစ်ကြောင်း သိရှိရပါသည် ။

မြန်မာပြည်တစ်လွှားတွင် ၅၀၀၀ ကျပ်တန် ဆင်းမ်ကဒ် ပေါ်ပေါက်လာရေး အတွက် ပြည်သူအများက ဆန္ဒရှိနေကြောင်း ပြည်တွင်းသတင်းဌာနများ တွင် ဆက်တိုက်ဆိုသလိုဖေါ်ပြနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီက ယခုကဲ့သို့ အဆိုတင်သွင်းရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည် ။

သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီက ယခုကဲ့သို့ ပြည်သူ့ဆန္ဒကို အကောင်အထည်ပေါ်ရေး ဆောင်ရွက်လာသော အခါတွင်မူ ယခင်  ၅၀၀၀တန် ဆင်းကဒ်ပေါ်ပေါက်ရေး အဆက်မပြတ် ရေးခဲ့ကြသော ပြည်တွင်း သတင်းဌာနအချို့ကပင် ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ပြည်ခိုင်ဖြိုးပါတီ မဲရရှိရေးအတွက် မဲဆွယ်လို၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေဖန်သံများ ထွက်ပေါ်လာပြန်ကြောင်း သိရှိရပါသည် ။

VOM