xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကျွန်ုပ်နှင့် ပန်းပဲမောင်တင့်တယ်

Wednesday, February 8, 2012

ကျွန်ုပ်နှင့် ပန်းပဲမောင်တင့်တယ်

 တနေ့သ၌ ကျွန်ုပ်သည် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြကုန်သော အကျဉ်းသားများနှင့် ထိုအကျဉ်းသားများကို လာရောက်ကြိုဆိုကြကုန်သော မိသားစုဝင်များ ၊ မိတ်ဆွေသင်္ဂဟများ၏ ကြည်နူးဘွယ် ၊ ၀မ်းမြောက်ဘွယ် တွေ့ဆုံ ပျော်ရွှင်နေကြပုံ မြင်ကွင်းများပါသည့် ဗီဒီယို ကလစ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ကြည့်ရှုနေလေ ၏ ။ထိုသို့ကြည့်ရှုနေရင်းပင် ထိုသူတို့၏ အပျော်များ ကြည်နူးမှုများသည် ခံစားမှုအရာတွင် လွန်စွာအားနည်းလှသော ကျွန်ုပ်၏နှလုံးသားကိုပင် ကူးစက်လာခဲ့ကြောင်း ၀န်ခံရပေမည် ။

မြောင်းမြထောင်ဟူသော ဗီဒီယိုကလစ်ကိုကြည့်လိုက်မိသောအခါတွင်မူ လွတ်မြောက်လာသော အကျဉ်းသားများထဲတွင် မြန်မာရာဇ၀င်ထဲက ပန်းပဲမောင်တင့်တယ်ကဲ့သို့ သန်မာတုတ် ခိုင်လှသော အကျဉ်းသားတစ်ဦးလည်း လွတ်မြောက်လာလေ၏ ၊ သူ၏ သန်မာတောင့်တင်းသော ခန္ဓာကိုယ်အချိုး အဆစ်ကြောင့် လွတ်မြောက်လာသူများအထဲတွင်သူသည် ထင်း၍နေလေ၏ ၊ ထိုပန်းပဲမောင်တင့်တယ်သည် အဖြူရောင် အင်္ကျီကို ၀တ်ဆင်ထားကာ ခပ်ကြွားကြွားဆိုသလိုလျှောက်လာလေ၏ သူသည် ကင်မရာနှင့်ဝေးနေရာမှ တဖြည်းဖြည်း ဆိုသလိုနီးလာလေရာ  အကျဉ်းထောင်ဝတွင်ကြိုတင်ရောက် ရှိနေကြသော သတင်းထောက် အပေါင်းကလည်း ထို ပန်းပဲမောင်တင့်တယ်အနီးသို့ အထူးစိတ်ဝင်တစ်စား ချဉ်းကပ်သွားကြလေသည် ၊ ကျွန်ုပ်ကြည့်နေသော ဗီဒီယို ကင်မရာသမားသည်လည်း ထိုပန်းပဲမောင်တင့်တယ်အနားသို့ တဖြည်းဖြည်းကပ်သွားလေရာ ပန်းပဲမောင်တင့်တယ်ကို အနီးကပ်မြင်ရလေ၏ ၊ထိုအခါမှပင် သူသည် ပန်းပဲမောင်တင့်တယ် မဟုတ်တော့ပဲ ပြည်ပအသံလွှင့်ဌာန တို့၏ ဇာတ်လိုက်ကြီး အရှင်ဂမ္ဘီရ ဖြစ်နေသည်ကို အံ့သြဘွယ်ရာ တွေ့ရှိရလေသည် ။



 တစ်ဆက်တည်းဆိုသလိုပင် အဆိုပါ ဦးဂမ္ဘီရ ထောင်ကျနေစဉ်က သူ၏မယ်တော်ဆိုသူ ဒေါ်ရေးနှင့် ပြည်ပအသံလွှင့်ဌာနများ မကြာခဏဆိုသလိုအင်တာဗျူးကာ ဦးဂမ္ဘီရ၏ ထောင်တွင်းကျန်းမာရေး အခြေအနေကို မေးမြန်း ရာ ထောင်ထဲတွင် ဆက်နေရလျှင် မကြာခင်တွင်ပင် ကံတော်ကုန်မည့်အလား သိုင်းကာဝိုင်းကာ ငိုသံပါပါ ၊ အဆွဲအငင် အရှိုက်အပင့် များဖြင့် ဖြေကြားနေသည့် အသံလွှင့်ချက်များကို  ပြန်လည်ကြားယောင် မိရင်း ထိုလူလိမ်မကြီးသေလျှင် သူမ၏ ခေါင်းတလားပေါ်၌ " ရဟန်းမယ်တော် အကယ်ဒမီဒေါ်ရေး၏ ငရဲပြည်ခရီး " ဟူသောစာတမ်းကိုရေးရလျှင် အလွန်သင့်တော်မှာပဲဟု တွေးမိလေသည် ။

ထိုလူလိမ်မကြီးဒေါ်ရေးနှင့်အတူ တိုင်းပြည်အုပ်ချုပ်သော အစိုးရနှင့် ပြည်သူတို့အကြား ပြဿနာကြီးသည် ထက်ကြီးအောင် မေးခွန်းများကိုမေး ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်ပါက ပြည်သူ အများသေကြေနိုင်မှန်း ၊ အတိဒုက္ခရောက်ကြမည်မှန်း သိပါလျှက်နှင့် ထိုသို့မဖြစ်ဖြစ်အောင်မေးရင်း အသက်မွေးရရှာသော သတင်းထောက်များ၏ အကုသိုလ် ကြီးမားပုံကိုတွေးရင်း စိတ်မကောင်းဖြစ်နေမိပါတော့လေသတည်း။

ဒေါက်တာဆိတ်ဖွား