xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ ၊ ဒုသမ္မတတက်ရောက်

Monday, February 13, 2012

(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ ၊ ဒုသမ္မတတက်ရောက်

  နိုင်ငံတော်သမ္မတက ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သ၀ဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဖတ်ကြားနေစဉ်
 
(၆၅)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအား နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။

 (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

ယခင်အစိုးရလက်ထက် ပြည်ထောင်စုနေ့အခမ်းအနားများကို မြို့တော်ဝန်အဆင့် ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများကသာ အမြင့်ဆုံးတက်ရောက်ကျင်းပပြီး အစိုးရသစ်လက်ထက်တွင် ဒုတိယသမ္မတ အဆင့်ထိ တက်ရောက် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည် ။