xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒီလိုမေး ၊ ဒီလိုတွေး ရွေးကောက်ပွဲမှာ မဲလေးပေး

Thursday, February 16, 2012

ဒီလိုမေး ၊ ဒီလိုတွေး ရွေးကောက်ပွဲမှာ မဲလေးပေး

ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေးပါတီများအနေဖြင့် တိကျတဲ့ ရွေးကောက်ပွဲ ကတိစကားများ မူဝါဒများ လမ်းစဉ်များကို ချပြဖို. အချိန် ရောက်ပါသည်။ ဒီမိုကရေစီရေး၊ လူ.အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး-- စတာတွေဟာ ယေဘူယျသာ ဖြစ်ပြီး လက်တွေ. လူထုက မဲထည့်ပေးလိုက်ရင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေ မဲပေးသူတွေအတွက် ဘာတွေကို လက်တွေ.ကျကျ တကယ် လုပ်ပေးမလဲဆိုတဲ့ တိကျတဲ့ ကတိစကားတွေ ဖြစ်ဖို. လိုပါသည်။

Be Specific and Achievable Promise ဖြစ်ပြီး အဲဒီ ကတိစကားတွေ တည်မတည် လုပ်ပေးနိုင်ခဲ့ခြင်း ရှိမရှိကို မဲထည့်သူတွေက Measurable ဖြစ်ဖို.လိုပါသည်။ ဒါမှသာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ပေးထားတဲ့ ကတိတွေအတိုင်း ဘယ်အတိုင်အတာအထိ ဘယ်လောက်ထိ လက်တွေ.ကျကျ လုပ်ပေးခဲ့သလဲဆိုတာ တိုင်းတာလို. စစ်ဆေးလို. ထောက်ပြလို.ရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ။ လူ.အခွင့်အရေးနဲ. တရားဥပဒေစိုးမိုးရေး---ဆိုတာ ကျယ်ပြန်.ပြီး အမေရိကန် ဗြိတိန်နဲ. ဥရောပနိုင်ငံတွေမှာတောင် အခုထိ မြင့်တင်နေရ ကာကွယ်နေရတဲ့ အရာတွေ မဟုတ်ပါလား။ ။ ဒါကြောင့် ရွေးကောက်ပွဲ ၀င်ကြမည့် နိုင်ငံရေး ပါတီတွေ ကိုယ်စားလှယ်တွေ အနေဖြင့် တိကျတဲ့ ကတိစကားတွေ လက်တွေ. ကျကျ ဖြစ်နိုင် လုပ်ပေးနိုင်မည့် အာမခံချက်တွေ ပေးဖို. မဲပေးကြမည့် ပြည်သူတွေက တောင်းဆိုရမည် မေးခွန်း ထုတ်ရမည် ဖြစ်ပါသည်။

စာနယ်ဇင်းတွေ သတင်းဌာနတွေကလဲ သေခြာ ထောက်ပြပြီး နိုင်ငံရေး ပါတီတခုနဲ.တခု။ ကိုယ်စားလှယ် တဦးနဲ.တဦး ကွဲပြားခြားနားတဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေ ကတိစကားတွေကို သေခြာလေ့လာ စီစစ်မေးမြန်းပြီး လူထုတွေ ရွေးချယ်မှု မှန်ကုန်အောင် ဆုံးဖြတ်နိုင်အောင် Well-Informed and Sound Judgement တွေ လုပ်နိုင်အောင် ကူညီဖို. လိုပါသည်။

နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်တွေက လုပ်ပေးမည်ဆိုတဲ့ ကတိက၀တ်တွေက လက်တွေ.ကျကျ ဖြစ်နိုင်မဖြစ်နိုင်နဲ. လုပ်ပေးနိုင်ခြေ ရှိမရှိကိုလဲ ဝေဖန် စမ်းစစ်ဖို.လိုပါသည်။ ကတိတွေ လွယ်လွယ် မပေးဖို. လိုသလို မဲ မပေးခင်မှာလဲ ဘာတွေ လက်တွေ. လုပ်ပေးမယ်ဆိုတာ တိတိကျကျနဲ. ရှင်းရှင်းလင်းလင်းချပြပေးဖို. နိုင်ငံရေးပါတီတွေနဲ. ကိုယ်စားလှယ်လောင်းတွေမှာ တာဝန်ရှိပါသည်။

အခုဝင်ပြိုင်မည့် နိုင်ငံရေးပါတီအားလုံး( ၁၇) ပါတီဟာ ဒီမိုကရေစီ လူ.အခွင့်အရေးနဲ. တရားဥပဒေစိုးမိုးရေးကို မလုပ်ဖူး ဆန်.ကျင်မည်ဆိုတဲ့ ပါတီ တခုမှ မရှိတာ မပါတာကြောင့် ပြည်သူတွေအနေဖြင့် ဘာတွေတိတိကျကျ ကိုယ့်ဒေသအတွက် လုပ်ပေးမလဲဆိုတဲ့ ခံဝန်ချက်တွေ ကတိစကားတွေ အတိအလင်း မပြောပြဖူး မရှင်းပြတဲ့ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်ကိုမှ မဲပေးခြင်း မပြုသင့်ပါ။ မဲထည့်ဖို. မသင့်ပါ။ နောင်မှ ဖြစ်သလို မီးစင်ကြည့်ကတာပေါ့--နောင်လာ ရောက်ရားဆိုတဲ့ ပုံစံမျိုးနဲ. မရှင်းမလင်းနဲ. ယေဘူယျပဲ ပြောဆိုရင်တော့ လူထုတွေ၏ ထောက်ခံမဲဖြင့် မတန်ပါ။ ။

ဒီအချက်ကို မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေဟာ ကိုယ့်ဆီက ထောက်ခံမဲ Vote ကို လိုချင်ရင် ကိုယ့်ဒေသအတွက် ဘာတွေ လက်တွေ. လုပ်ပေးနိုင်မလဲ ဘယ်လို လုပ်ပေးမလဲ ဆိုတဲ့ Be Specific, Be Achievable, Be Measurable Promise တွေ တောင်းရပါသည်။ မေးရပါမည်။ ရှင်းပြခိုင်းရပါသည်။ အဲဒီလို မေးပြီးလို. ရှင်းပြလို. သဘောကျပြီး ယုံကြည်မှသာ လူထုတွေက မဲပေးထောက်ခံသင့်ပါသည်။

၂၀၀၈ ဖွဲ.စည်းပုံကို ပြင်မည်ဆိုရင် ဘယ် ဥပဒေကို ပြင်မှာလဲ။ စစ်တပ်၏ အခန်းကဏ္ဍကို ပြင်မှာလာ။ ၂၅ရာခိုင်နှုန်း ယူထားတဲ့အချက်ကို ပြင်ဆင်မှာလား-- မဟုတ်ရင် တခြား ဒီမိုကရေစီ ကျင့်စဉ်တွေနဲ. မညီတဲ့ မဆီလျှော်တဲ့ တခြား ဥပဒေတွေကို ပြင်ဆင်မှာလား။ ။ ဒါတွေကို သေခြာ ထောက်ပြီး မေးခွန်း ထုတ်ရပါမည်။ ဒါဟာ ဒေါ်စုနဲ. ဒီချုပ်တင် မဟုတ်ပါ-- ရွေးကောက်ပွဲ ၀င်မည့် ပါတီတွေ ကိုယ်စားလှယ် လောင်းတွေကို မဲထည့်ရမည့် သူတွေက သေခြာရှင်းအောင် မေးဖို. ထောက်ဖို. လိုပါသည်။

အခုလဲ လွတ်တော်ထဲမှာ မြေယာဥပဒေ၊ အလုပ်သမားဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မီဒီယာဥပဒေ၊ ဘဏ်နှင့် ငွေကြေးဥပဒေတွေ။ ပုဂ္ဂလိက ပညာရေးကျောင်းများ ဥပဒေတွေကို ပြုပြင်တာ။ ပြင်ဆင်တာ ပြောင်းလဲတာ အသစ်ရေးဆွဲတာတွေ လုပ်နေတာရှိတာကြောင့်-- ပြည်သူတွေကို အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်ဆင်မယ်ဆိုတာ ဘယ်ဥပဒေတွေကို ပြင်ဆင်မှာလဲ။ အသစ်ရေးဆွဲမှာလဲ။ ဘယ်အပိုဒ်တွေ ဘယ်ပုဒ်မတွေကို ပြင်ဆင်မှာလဲ ပြုပြင်မှာလဲဆိုတာ ကွဲပြားအောင် ရှင်းပြဖို. လိုပါသည်။ နောက်တခုက လက်ရှိ လွတ်တော်ထဲမှာလဲ ဥပဒေတွေ ပြုပြင်တာ ပြင်ဆင်တာတွေရှိနေတာ လက်ရှိ လုပ်နေတဲ့ လွတ်တော်ထဲက ဥပဒေပြင်ဆင်ရေးတွေနဲ. ဘယ်လို ကွာသလဲ။ ဘယ်လို ခြားနားသလဲဆိုတာ နိုင်ငံရေးပါတီတွေကိုရော ကိုယ်စားလှယ်တွေကိုပါ လူထုက အတိအကျ သေခြာ မေးဖို. ရှင်းလင်းခိုင်းဖို. လိုပါသည်။ ကိုယ့်၏ မဲတပြားကို မပေးခင် ကိုယ့်စိတ်တိုင်းကျ အဖြေရဖို. ကျေနပ်တဲ့ တိကျခိုင်မာတဲ့ ရှင်းလင်းပြောဆိုချက်တွေ လုပ်ပေးဖို. မဲဆန္ဒရှင် ပြည်သူတွေမှာ တောင်းဆိုပိုင်ခွင့် မေးပိုင်ခွင့် သိပိုင်ခွင့် ရှိပါသည်။ ဒီမိုကရေစီကျင့်စင်မှာ ပြည်သူသာလျင် အဓိက အာဏာကို အဆုံးအဖြတ် ပေးနိုင်တဲ့ ပိုင်ရှင်( Stakeholder/Owner) တွေဖြစ်ပါသည်။

ထို.အတူ အလုပ်အကိုင် ဖန်တီးပေးမည်။ ပညာရေး ကျန်းမာရေးနဲ. လူနေမှုတွေ မြင့်တင်မည် ဆိုရင် ဘယ်လိုမျိုး လုပ်မှာလဲ--- ကျောင်းတွေ ပိုဆောက်တာကို ပြောတာလား၊ ဆရာဆရာမတွေ တိုးခန်.မှာကို ပြောတာလား။ သင်ရိုးညွှန်းတန်းတွေကို အဆင့်မှီအောင် တိုးချဲ.တာလား။ ကျောင်းသားတွေ ပိုပြီး ကျောင်းနေ နိုင်အောင် ကူညီမှာလား။ ကျောင်းသားတွေအတွက် ပညာသင်စရိတ်တွေ ချေးငှားတာ။ ထောက်ပံ့တာ။ ပညာရေးကုန်ကျစရိတ်တွေကို လျော့ချပေးမှာလား---ဒီအချက်တွေကို သေသေခြားခြား ရှင်းခိုင်းပါ။ မေးပါ။ မေးခွန်း များများ ထုတ်ပြီး သေခြာတဲ့ တိကျတဲ့ ကတိက၀တ်တွေ အာမခံချက်တွေကို ရရှိအောင် တောင်းဆိုပါ။ ။

မြန်မာပြည်မှာ ရွေးကောက်ပွဲဆိုတာ ခဏခဏ ကြုံရတဲ့ အခွင့်အရေးမဟုတ်သလို လူထုအနေဖြင့်လဲ ကိုယ်ကိစ္စတွေ ကိုယ့်ကို အုပ်ချုပ်မည့်သူတွေ ဥပဒေ စည်းမျဉ်းဆွဲမည့်သူတွေကို မကြာမခဏ ရွေးချယ်ပိုင်ခွင့် ရရှိတာ မဟုတ်တာကြောင့် ကိုယ့်လက်ထဲ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့် ရရှိတဲ့ အမြင့်ဆုံး အာဏကာနဲ. အချိန်ဟာ ရွေးကောက်ပွဲပါ---ဒီမဲပြားကို သေခြာ ရွေးချယ် စီစစ်ပြီးမှ ဆုံးဖြတ်ကာ အကောင်းဆုံးကို ရွေးချယ် မဲပေးပါ။ ။ ဈေးဝယ်သလို ကိုယ့် မဲဆန္ဒနယ်မြေမှာ ၀င်ပြိုင်မည့် ပါတီတွေ ကိုယ်စားလှယ်တွေကို အားလုံးကို မေးပါ။ စကားပြောပါ။ ရှင်းလင်း ခိုင်းပါ။ ပြီးတော့မှ ကိုယ်သဘောအကျဆုံး ယုံကြည် စိတ်ချရတဲ့ ကိုယ့်အပေါ် သစ္စာရှိပြီး ပေးတဲ့ကတိတွေကို တကယ် လုပ်ပေးမည်သူလို. ယုံကြည်တဲ့သူကိုသာ မဲပေး ထောက်ခံပါ။ ။

ဒါကြောင့် အခုအချိန်အထိတော့ ကျေနပ်လောက်အောင်အထိ ဘယ်ပါတီကမှ တိတိကျကျနဲ. ဘယ်လို လုပ်မှာ ဘယ်တွေ လုပ်မယ် စတာတွေကို အတိအကျ မပြောကျသေးပဲ ယေဘူယျနဲ. လျောချ ရောချပြီး---၀ါးတားတားပဲ လုပ်နေသေးပါသည်။ ဒီမိုကရေစီမှာ ပြည်သူတွေမှာ သိပိုင်ခွင့် ရှိသည်။ မေးပိုင်ခွင့်ရှိသည်။ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ဒီအခွင့်အရေးကို ဘယ်ပါတီ ဘယ်ခေါင်းဆောင်မှ မလိမ့်တပတ်နဲ. ၀ါးတားတားနဲ. ယူသွားတာကို မခံဖို. အထူး လိုပါသည်။

မဲပေးပိုင်ခွင့် ရှိသူတိုင်း ကိုယ်တိုင်း မဲထွက်ပေးဖို. လိုသည်။ မဲမပေးခင်မှာ ကိုယ့်အတွက် ဘာလုပ် ပေးမလဲ။ ဘယ်လို လုပ်မလဲဆိုတဲ့ အချက်ကိုတော့ မိမိရရ သိထားဖို. လိုသည်။ မဟုတ်ရင် နောင်မှာရော--ဒီလိုပဲ မလိမ့်တပတ်နဲ. မဲ ယူသွားကြလိမ့်မည်။ ဒီမိုကရေစီ ကျင့်စဉ်မှာ ကိုယ်လိုချင်တာ ကိုယ်ရချင်တာကို ကိုယ်တိုင်က ရအောင် တောင်းတတ်ဖို. တောင်းရဲဖို. လိုသည်။ ဘယ်ပါတီ ဘယ်အဖွဲ.အစည်း ဘယ်ခေါင်းဆောင် ဘယ်ကိုယ်စားလှယ်မှ ကိုယ့်အတွက် အလကား လုပ်ပေးတာ ရှိမည် မဟုတ်ပါ--ဒီတော့ ကိုယ့်အတွက် လိုအပ်ချက်နဲ. ရပိုင်ခွင့်တွေကို ကိုယ်တိုင်ကပဲ ရရှိအောင် ယူတတ်ရမည်။ တောင်းတတ်ရမည်။ မေးခွန်း များများ မေးဖို. လိုပါသည်။
 UDP Myanmar