xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒါလားဟဲ့ စတုတ္ထမဏ္ဍိုင်

Monday, February 13, 2012

ဒါလားဟဲ့ စတုတ္ထမဏ္ဍိုင်





 ရန်ကုန် ပုဇွန်တောင်က Orchid Hotel  ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု မကြာမီက ဖြစ်ပွားခဲ့တာကို အားလုံးသိရှိပြီးဖြစ်ပါတယ် ။

ဖြစ်စဉ်က မြန်မာနိုင်ငံကိုအကြိမ်ကြိမ်လာရောက်ဘူးသူ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ဟာ ဇန်န၀ါရီလ ၂၈ ရက်နေ့က သူတည်းခိုနေတဲ့ Orchid Hotel ကို အပျော်အမျိုးသမီးတစ်ဦးခေါ်လာတယ် ၊တာဝန်ကျဧည့်ကြိုကောင်တာ ၀န်ထမ်းက အပျော်အမျိုးသမီးကို တည်းခိုခွင့်မရှိကြောင်း တားမြစ်ရာကနေပြဿနာစတာပါ ၊ နောက်တော့ ရာထူးတစ်ဆင့်မြင့် တဲ့ ဒေါ်အေးအေးကြည် ရောက်လာပြီး ဖြေရှင်းဆောင်ရွက်စဉ်မှာ အဆိုပါဂျပန်အမျိုးသား က ဒေါ်အေးအေးကြည်ကို ပါးရိုက်လိုက်တာပါ ။ ဖြစ်စဉ်အစအဆုံးကို CCTV ကင်မရာတွေကနေ မှတ်တမ်းတင်ထားတာမို့ အငြင်းပွားစရာဘာမှမရှိပါဘူး ။

ပြောချင်တာက ဒီဖြစ်စဉ်မှာ ဂျပန်အမျိုးသားက မြန်မာအမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကား သွားတယ်ဆိုတာ အင်မတန်ထင်ရှားနေပါတယ် ၊ ဒါပေမယ့် ပြည်တွင်းဖြစ် အိမ်ကျယ် စတုတ္ထမဏ္ဍိုင်တွေကတော့ သတင်းကို သာမန်လောက်သာဖေါ်ပြကြတာကိုတွေ့ရပါတယ် ၊ အချို့ သတင်းအဖြစ်တောင် ဖေါ်ပြတာမတွေ့ရပါဘူး ငြိမ်ချက်သားကောင်းနေတာ သတိပြုမိပါတယ် ။

အကယ်၍ ဒီဂျပန်နေရာမှာသာ
 
( ၁ ) တရုတ် အမျိုးသားတစ်ယောက် ဖြစ်နေခဲ့ပါရင် ( သို့တည်းမဟုတ် )

(၂)  စစ်ဗိုလ်တစ်ယောက်ဖြစ်နေခဲ့ပါရင် (သို့တည်းမဟုတ် )

(၃) ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်နေခဲ့ပါရင် (သို့တည်းမဟုတ် )

(၄) ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထင်ရှားသူတစ်ဦးတစ်ယောက်ဖြစ်နေခဲ့ပါရင် (သို့တည်းမဟုတ်)

(၅) ရပ်ကွက် ၊ မြို့နယ် ၊ တိုင်း အစရှိတဲ့ လက်ရှိအစိုးရ အာဏာပိုင်တစ်ယောက်ယောက်များ ဖြစ်နေခဲ့ပါရင် 

ဒီ ဒေါ်စုနောက်လိုက်ရင်း အချိန်ကုန်နေတဲ့ စတုတ္ထမဏ္ဍိုင်တွေ ခုလိုငြိမ်နေမယ်လို့ထင်ပါသလား .....??? ခုတော့ သူတို့ပထွေး အမေရိကန်ပြည်ထောင်စုရဲ့ အဓိကမဟာမိတ်ကြီး ဂျပန်နိုင်ငံ သား ဖြစ်နေတော့ လေလည်သံတောင်မကြားရတော့ပါ ။ 

" ဒါလားဟဲ့... စတုတ္ထမဏ္ဍိုင် "


ဒေါက်တာဆိတ်ဖွား