xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကမ်းကုန်သည့် ဂျမ်းဘုံလည်း မြန်မာပြည်ရောက်

Sunday, February 19, 2012

ကမ်းကုန်သည့် ဂျမ်းဘုံလည်း မြန်မာပြည်ရောက်

 မြန်မာအစိုးရကို လှောင်ပြောင်သရော်သည့် လမ်းဆုံကဂျမ်းပုံ အစီစဉ်တင်ဆက်သူ RFA မြန်မာပိုင်းအစီစဉ်ဌာနမှူး ဒေါ်ငြိမ်းရွှေ ကို ရန်ကုန်လေဆိပ်တွင် တွေ့ရပုံ

လွတ်လပ်သော အာရှအသံ (Radio Free Asia - RFA ) ၏   မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်ငြိမ်းရွှေနှင့် RFA သတင်းထောက် နှင့် အစီအစဉ် တင်ဆက်သူ ဦးကျော်ကျော်အောင်တို့သည် RFA၏အရှေ့တောင်အာရှ အမှုဆောင် ထုတ်လုပ်မှုအရာရှိနှင့် ဒုတိယ ညွှန်ကြားရေးမှူး ဆူစန်လာဗရီနှင့်အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရှိရပါသည် ။ 

အဆိုပါ RFA ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရတာဝန်ရှိသူများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း RFA က သတင်းထုတ်ပြန်ပါသည် ။

မြန်မာအစိုးရသစ်လက်ထက်တွင် ပြည်ပသတင်းမီဒီယာများနှင့်ပတ်သက်သည့် မူဝါဒသဘောထား များ ပျော့ပြောင်းလာခဲ့သော်လည်း RFA  ၏   မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်ငြိမ်းရွှေသည် လမ်းဆုံကဂျမ်းဘုံ ရေဒီယိုအသံလွှင့် အစီအစဉ်ကို စီစဉ်တင်ဆက်ပြီး အဆိုပါအစီအစဉ်မှ တစ်ဆင့် မြန်မာအစိုးရကို ယနေ့တိုင် လှောင်ပြောင်သရော်နေသူဖြစ်သည် ။

VOM