xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အကယ်ဒမီထူးချွန်ဆုများ သူတို့ဆွတ်ခူးသွားကြတယ်

Tuesday, February 7, 2012

အကယ်ဒမီထူးချွန်ဆုများ သူတို့ဆွတ်ခူးသွားကြတယ်

၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်တွင် ယနေ့ညနေပိုင်းက ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ရာပင်လယ်ထက်နေ၀န်းနီရုပ်ရှင်ကဆုငါးဆု၊ အာဒမ်ရယ်ဧ၀ရယ်ဒသရယ် ဇာတ် ကားက ဆုသုံးဆု ၊ အငိုမျက်လုံးအပြုံးမျက်နှာ ဇာတ်ကားက ဆုတစ်ဆု၊အမေ့ကျေးဇူးဆပ်ဖူးချင်တယ် ဇာတ်ကားက ဆုတစ်ဆု အသီးသီးရရှိခဲ့ကြသည်။ ဆုအမျိုးအစား ၁၁မျိုးအနက် ယခုနှစ်တွင် (၁၀ ) ဆုသာ ချီးမြှင့်ခဲ့ပြီး  အကောင်းဆုံး အသံဆုကို ရရှိသူမရှိပေ။
၂၀၁၀ အကယ်ဒမီဆု ဆွတ်ခူးရရှိကြသူများမှာ

၁။  ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ဇာတ်ညွှန်း - ပင်လယ်ထက်ကနေ၀န်းနီ)
၂။  မြန်မာပြည်ကျောက်စိမ်း (တေးဂီတ - အငိုမျက်လုံးအပြုံးမျက်နှာ)
၃။  ဦးမြင့်ခိုင်(တည်းဖြတ် - ပင်လယ်ထက်ကနေ၀န်းနီ)
၎။  ၀ါဝါအောင် (အမျိုးသမီးဇာတ်ပို့ - အမေ့ကျေးဇူးဆပ်ဖူးချင်တယ်)
၅။  ဝေဠုကျော် (အမျိုးသားဇာတ်ပို့ - ပင်လယ်ထက်ကနေ၀န်းနီ)
၆။  သက်မွန်မြင့် (အမျိုးသမီးဇာတ်ဆောင်ဆု - အာဒမ်ရယ်ဧ၀ရယ်ဒသရယ်)
၇။  ပန်းချီစိုးမိုး (ဓာတ်ပုံဆု - ပင်လယ်ထက်ကနေ၀န်းနီ)
၈။  ပြေတီဦး (အမျိုးသားဇာတ်ဆောင်ဆု - အာဒမ်ရယ်ဧ၀ရယ်ဒသရယ်)
၉။  ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ဒါရိုက်တာဆု - ပင်လယ်ထက်ကနေ၀န်းနီ)
၁၀။ အာဒမ်ရယ်ဧ၀ရယ်ဒသရယ် (ဇာတ်ကားဆု)