xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မှန်တင်ခုံရှေ့အလှပြင် ကျွန်မ ' မ ' လှချင်

Monday, February 13, 2012

မှန်တင်ခုံရှေ့အလှပြင် ကျွန်မ ' မ ' လှချင်



ကွယ်လွန်သူအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အရပ်ဝတ် ၄စုံသာ အကောင်းရှိသည်ဟု ဖတ်ဘူးမှတ်ဘူးပါသည် ၊ ငယ်စဉ်က တာဝါလိန်းလမ်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကိုကြည့်ရှုခဲ့စဉ်က ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အင်္ကျီအ၀တ်အစားများကို ကြည့်၍ နွမ်းပါးလှသော နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့ ဘ၀ကို ပြန်ပြောင်းတွေးမိ မြင်ယောင်မိရင်း စိတ်မကောင်းဖြစ်ခဲ့ဘူးပါသည် ။ဓါတ်ပုံတွေကြည့်လိုက်လျှင်လည်း ယူနီဖေါင်းသည် ထပ်နေပါသည် ၊ အရပ်ဝတ်လည်း ထပ်နေပါသည် ။



ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကတော့ တစ်နေ့တစ်စုံ ၊ ပွဲနှစ်ပွဲရှိလျှင် ၂စုံ ၊ ၃ ပွဲရှိလျှင် ၃ စုံ အရောင်မထပ်စတမ်း ၊ အဆင်မထပ်စတမ်း ထည်လဲဆိုသလိုဝတ်ဆင်နေသည်ကိုသတိပြုမိပါသည် ။ ခေတ်နှင့်အညီ ၊ကာလဒေသ အချိန်အခါနှင့်အညီ သင့်တော်စွာဝတ်စားဆင်ယဉ်သည်ကို မပြောလိုသော်လည်း ၊ အ၀တ်တစ်ထည်ကို တစ်ကြိမ်သာဝတ်ပြီး ၊ အသက်ကြီးမှ ထည်လဲဝတ် ချင်စားချင်စိတ်ဖြစ်နေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး၏ စိတ်ကိုမူ နားမလည်နိုင်အောင်ဖြစ်ရပါသည် ။ 

အပိုမပြောပါဘူး ဒီဆောင်းပါးဖတ်ပြီးတဲ့နောက် သတိထားပြီး ကြည့်ကြည့်ပါ ၊ လုံးဝကိုမထပ်တမ်းဝတ်နေသည်ကို သင်တအံ့တသြတွေ့ရပါလိမ့်မည် ။

ဒေါက်တာဆိတ်ဖွား