xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ သူများအတွက် ကြီးတော်နွား အလကားကျောင်းသူတွေ

Saturday, February 11, 2012

ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ သူများအတွက် ကြီးတော်နွား အလကားကျောင်းသူတွေ

မြန်မာ့နိုင်ငံရေးမှာ ကြီးတော်နွားတောင် မဟုတ်ဘူး--တခြားနိုင်ငံခြားအစိုးရတွေ၏ ကျွဲတွေကို အခမဲ့ အလကားကျောင်းနေတဲ့သူတွေ အတော် အများကြီး ရှိနေပါသည်။ ကြီးတော်နွားအငှား ကျောင်းတဲ့သူဆိုရင်တောင် ကိုယ့်ထမင်းကိုယ်စားပြီး သူးများအလုပ်ကို အခမဲ့ အလကား လုပ် ရကောင်းလားဆိုပြီး ထောက်စရာ စကားပုံတွေ မြန်မာ့ဓလေ့မှာရှိခဲ့ပါသည်။ ကိုယ့်အလုပ် မ လုပ်ပဲ သူများအလုပ်ကို အရည်မရအဖတ်မရ အခမဲ့လုပ်ပေးတဲ့ လူပိန်းတွေကို ထောက်တဲ့ စကားပုံပါ။

မြန်မာပြည်မှာ စီးပွားရေးအကြပ်အတည်းတွေ ဖြစ်နေတာ လူတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဆင်းရဲ နေတာတွေဟာ အစိုးရ၏ စီးပွားရေးမူဝါဒတွေ မှားယွင်းမှုကြောင့် တာဝန်ရှိသလို အတိုက်အခံ နိုင်ငံရေးအုပ်စုတွေမှာလဲ မြန်မာပြည်ကို ရင်းနှီးမြှုပ်နှံမှု ၀င်မလာအောင် စိတ်းပွားရေးပိတ်ဆို. မှုတွေလုပ်ထားအောင် စည်းရုံးလှုံ.ဆောင်တိုက်တွန်းနေတာကြောင့် သူတို.မှာလဲအပြစ်မကင်းပါ။ ၂ဖက်စလုံးမှာ တာဝန်ရှိပြီး ၂ဦးစလုံးက ပြည်သူတွေအပေါ် အကြွေးရှိနေသူတွေပါ။ ။

စီးပွားရေးဒဏ်ခတ်အရေးယူထားတဲ့နိုင်ငံတွေက သူတို.နိုင်ငံတွေ၏ ပေါ်လစီတွေ မူဝါဒတွေ ကို ခုခံကာကွယ်ပြောဆိုနေတာ နားလည်နိုင်ပေမည့် မြန်မာ့နိုင်ငံရေးအဖွဲ.အစည်းက လူတချို. ဟာ နိုင်ငံခြားအစိုးရတွေကိုယ်စား ကြားကနေ ခုခံကာကွယ်ပြောဆိုနေတာတွေ မြင်နေကြား နေရတာကိုတော့ နားမလည်နိုင်ပါ။ ကိုယ့်အလုပ် ကိုယ့်ကိစ္စ ကိုယ်မလုပ်ပဲ သူများအလုပ်ကို ၀င်လုပ်နေတာမို. ကြီးတော်နွား အလကားကျောင်းတဲ့သူတွေထက်တောင် ဆိုးနေပါသည်။

အမေရိကန်၏အရင်းနှီးဆုံး စိတ်အချဆုံးယုံကြည်ရဆုံး the real, trust & reliable friends ဟာ ၃နိုင်ငံပဲ ရှိပါသည်။ အဲဒါတွေကတော့ ဗြိတိန်( Ex-Imperial Boss),၊ အစ္စရေးလ်နဲ. ဂျပန် နိုင်ငံတို.ဖြစ်ပါသည်။ ဒီနိုင်ငံတွေဟာ အမေရိကန်အတွက် စိတ်အချရဆုံး မိတ်ဆွေ ၃နိုင်ငံဖြစ် ပါသည်။ အစ္စရေးလ်ဟာ အမေရိကန်နိုင်ငံဆီကနေ အကူအညီအထောက်အပံ့တွေ အများဆုံး လက်ခံရရှိနေတဲ့ နိင်ငံပါ။ ဒါက အမေရိကန်၏ အတွင်းစည်းပါ။ အိမ်နီးချင်းကနေဒါတောင် မပါ ပါ။

ဒီနေရာမှ ဒုတိယ အများဆုံးရနေတဲ့နိုင်ငံဟာ မူဆလင်နိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံပါ။ တနှစ်ကို ဒေါ်လာ ၁.၃ဘီလျံ အမေရိကန်ဆီကနေ အကူအညီတွေ ရရှိနေပြီး အီဂျစ်စစ်တပ်က စစ်ဗိုလ် တွေ အရာရှိတွေဆိုတာကလဲ အမေရိကန် သင်တန်းပေး လေ့ကျင့်ထားတဲ့စစ်ဗိုလ်တွေက များပါသည်။ အီဂျစ်နိုင်ငံက အစ္စရေးလ်နဲ. စစ်မတိုက်တော့ပဲ ငြိမ်းချမ်းရေးယူလိုက်တာနဲ. ဒီအဆင့်ကို အမေရိကန်က ပေးခဲ့တာ ဆယ်စုနှစ်များစွာ ရှိနေပါသည်။  တကယ်တော့ အီဂျစ် စစ်တပ်ဟာ အီဂျစ်နိုင်ငံ စီးပွားရေး၏ ၄၀% ကို ထိမ်းချုပ်ထားသူတွေပါ-

လက်ရှိအမေရိကန် လူ.အခွင့်အရေးလှုပ်ရှားသူတွေကို ရုံးတင်စစ်ဆေးနေတဲ့စစ်ဗိုလ်တွေဟာ လဲ အမေရိက သင်တန်းပေး လေ့.ကျင့်ထားတဲ့ အီဂျစ်စစ်ဗိုလ်တွေဖြစ်နေပြီး အဲဒီစစ်ဗိုလ်တွေ ကပဲ အီဂျစ်နိုင်ငံ၏ စီးပွားရေးတ၀က်နီးပါးကို ကိုင်ထားပါသည်။ ဒီလောက် စစ်တပ်ကထိမ်း ချုပ်မှုတွေ ရှိနေသော်လဲ အမေရိကန်တွေဆီက အကူအညီတွေကို ဘီလျံချီရရှိအောင် ယူနိုင် တယ်ဆိုတော့ ခေသူတွေ မဟုတ်တာတော့ သေခြာပါသည်။ လေ့လာသင့်ပါသည်။

ထို.အတူ အာရှမှာ ရှိတဲ့ စင်္ကာပူက လီကွမ်ယုနဲ. မလေးရှားက ဒေါက်တာ မဟာသီရာသီဟာ နုတို.ဆိုရင်လဲ အမေရိကန်တွေဆီကနေ ငွေကြေးနဲ. နည်းပညာအကူအညီတွေကို အများကြီး ရရှိအောင်ယူခဲ့ပြီး သူတို.နိုင်ငံတွေကို တိုးတက်ဖွံ.ဖြိုးအောင် လုပ်နိုင်ခဲ့သူတွေပါ။ ဒါပေမယ့် အမေရိကန်တွေဆီက အကူအညီတွေယူခဲ့ပေမည့် အမေရိကန်နောက်လိုက်တွေ မလုပ်ပဲ အမေရိကန်နဲ. အနောက်အုပ်စုတွေ၏ မှားယွင်းချက်တွေအပေါ် အသံအကျယ်ဆုံးနဲ. ဝေဖန် ထောက်ပြတဲ့ခေါင်းဆောင်တွေဖြစ်ခဲ့ပါသည်။ လီကွမ်ယုတို. ဒေါက်တာ မဟာသီတို.ဟာ အာရှ မှာ အမေရိကန် ဆန်.ကျင်တဲ့အမြင်ရှိသူတွေဆိုတာ အားလုံး အသိပါ။ အထင်အရှားပါ။ အမေရိကန်ဆီက ရစရာရှိတာတွေကို ရရှိအောင်ယူပြီး သူရဲ့ပတ်ဝန်းကျင် သူ.အသိုင်းအ၀ိုင်း မှာလဲ လူအလေးစားခံရအောင် သိက္ခာရှိအောင် ဦးဆောင်နိုင်တဲ့ Moderate Leaders တွေ အဖြစ် လက်တွေ.လုပ်ပြသွားခဲ့သူတွေမို. တကယ် တော်တယ်လို. ဆိုရမှာပါ။ အတုခိုးစရာပါ။

မြန်မာနိုင်ငံရေးအဖွဲ.အစည်းတွေကတော့ အဲဒီလိုမဟုတ်ပါ။ အမေရိကန်ဆီက ဘာမှလဲ မယ် မယ်ရရ ရရှိခဲ့တာမဟုတ်ပဲ မဖြစ်စလောက်းလေးနဲ. အမေရိကန် အကြိုက်လိုက်ပြီး အမေရိကန် ကိုယ်စား သူများအလုပ်ကို လိုက်လုပ်နေသလို ဖြစ်ပါသည်။ မြန်မာပြည်အပေါ် အရေးယူထား တဲ့ ကိစ္စတွေကို အမေရိကန်တွေ သူတို.ဘာသာ သူတို. ဖြေရှင်းပါစေ။ ဘာကြောင့် ကိုယ်စား လှယ်အဖြစ် ရှေ.နေလုပ်ပြီး ကြားကနေ ခုခံတာ ကာကွယ်တာတွေ ထောက်ခံတာတွေလုပ် နေကြသလဲ မေးစရာပါ။ ဒါကြောင့် အီဂျစ်စစ်ခေါင်းဆောင်တွေလို လီကွမ်ယုနဲ. ဒေါက်တာ မဟာသီတို.လို. ကိုယ့်အလုပ် ကိုယ်လုပ်ပါ။ ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိတာကို စဉ်းစား ပါ။ အခမဲ့ အလကား သူများအတွက် လိုက်ပြီး ရှေ.နေမလုပ်ချင်ပါနဲ. အကျိုး မရှိပါ။

အမေရိကန်ကတော့ သူ.နိုင်ငံအကျိုးအတွက် အကြောင်းမျိုးမျိုးပြပြီး ခုခံမယ် ကာကွယ်မယ် ငြင်းဆိုမယ် ဖိအားပေးမယ် အကြပ်ကိုင်မယ် အရစ်တက်မယ်။ ဒါဟာ သူတို.အကျိုးစီးပွားအ တွက် သူတို.အလုပ် လုပ်တာ နားလည်နိင်ပါသည်။ အဲဒါကို မြန်မာအဖွဲ.တွေက ဘယ်သူ အကျိုးအတွက် အမေရိကန်ဖက်ကနေ ရှေ.နေလိုက်စရာ လိုပါသလဲ။ ကိုယ့်တိုင်းပြည်မှာ လုပ် စရာတွေ အများကြီးပါ။ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ သူများအတွက်သွားပြီး ကြီးတော်နွား အလ ကား မကြောင်းချင်ပါနဲ.လို. ပြောရမလိုပါ။ ခပ်ညံ့ညံ့နောက်လိုက်တွေ ဖြစ်နေသလိုပါ။

အမေရိကန်တွေ ဘာပြောခဲ့သလဲ။ ဒေါ်စု မလွတ်ခင်က ဒေါ်စုလွတ်ပေးဖို. ပြောတယ်။ အ တိုက်အခံပါတီတွေ တည်ရှိခွင့်မရခင်က အတိုက်အခံတွေ တည်ရှိခွင့် ပြုရမယ်။ NLD ပါတီ တရားဝင် လုပ်ခွင့် မရခင်က တရားဝင် ရပ်တည်ခွင့် ပေးရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ မ လွတ်ခင်က နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးရမယ်။ ထင်ရှားတဲ့ ၈၈ကျောင်းသားခေါင်း ဆောင်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေ မလွတ်သေးခင်က အဲဒီထင်ရှားတဲ့ ၈၈ကျောင်း သားတွေနဲ. တိုင်းရင်းသား ခေါင်းဆောင်တွေကို လွတ်ပေးပြီး နိုင်ငံရေးမှာ ပါဝင်ခွင့် ပေးရမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.အစည်းတွေနဲ. စကားမပြောခင်က တိုင်းရင်းသားအဖွဲ. အ စည်းတွေနဲ. တွေ.ဆုံဆွေးနွေးရမယ်။ အင်တာနက်လိုင်းတွေ ဖွင့်မပေးခင်က အင်တာနက် လွတ်လပ်ခွင့် ပေးရမယ်။ သတင်းမီဒီယာတွေ လွတ်လပ်ခွင့် မပြုခင်က သတင်းမီဒီယာတွေ လွတ်လပ်ခွင့် ပေးရမယ်။ ။ ဒီလိုတွေ အကြောင်းတခုမဟုတ် အကြောင်းတခုပြပြီး အမေရိကန် တွေက ဖိအားပေးတာ တောင်းဆိုတာပါ--သူတို.မှာ ပြောစရာရစ်စရာ List တွေ အများကြီးပါ။

 အခု အဲဒါတွေ လုပ်ပေးလိုက်တော့ ဘာဆက်ပြောလဲ တိုင်းရင်းသားကိစ္စတွေပြောလည်ဖို.က အဓိက ဦးစားပေးအချက်ပါတဲ့။ လူအခွင့်အရေးနဲ. တိုင်းရင်းသားကိစ္စဟာ ပေါ်ပေါက်လာမည့် မြန်မာအစိုးရ အဆက်ဆက်ကို အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေက ဆက်ပြီး အရစ် ကြပ်မည့် အဆစ်တောင်းမည့် နိုင်ငံရေးဖိအားတွေပါ--- ဘယ်တော့မှာ ဆုံးမှာ မဟုတ်ပါ--နောက်ဆုံး ဘင်္ဂလားနယ်စပ်မှာရှိတဲ့ မူဆလင်ဒုက္ခသည်ပြသာနာတွေကို ထောက်ပြပြီး လူ. အခွင့်အရေးမရှိဘူး၊ ဘာသာရေး လွတ်လပ်မှု မရှိဘူး။ တိုင်းရင်းသား တန်းတူရေး မညီမျှဘူး ဆိုတဲ့ ဖိအားပေးတောင်းဆိုမှုတွေဟာ အမေရိကန်တွေ နောက်ဆုံး ဒေါ်စုခေါင်းဆောင်တဲ့ အစိုးရပဲ တက်တက်၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ပါတီထောင်လို. အာဏာရလာပြီး အစိုးရအဖွဲ.ပဲ ဖြစ်လာဖြစ်လာ အမေရိကန်တွေဟာ မြန်မာပြည်ကို ဒီတိုင်းရင်းသားကိစ္စနဲ. လူ. အခွင့်အရေးကိစ္စတွေကို ဆက်ပြီး အကြောင်းပြကာ--- သူတို. အကျိုးစီးပွားအတွက် နိုင်ငံရေး ဈေးဆစ်နေဦးမည်မှာ မုချ မလွဲပါ။

အကြောင်းပြပြီး တောင်းစရာတွေကို တောင်းနေပေမည့် သူတို.ဖက်က ရစရာတွေကိုတော့ လက်လွတ်မခံပါ။ လူစုံလွတ်ပြီး ရနိုင်တာကို အကုန်ရထား အောင် ယူထားတတ်သူပါ။ အခုအကြည့် နိုင်ငံရေးကိစ္စတောင်ကျော်ပြီး CIA ညွှန်ချုပ် မြန်မာ ပြည်လာတော့မည် မဟုတ်ပါလား။ စစ်ရေး လုံခြုံရေးနဲ. ထောက်လှမ်းရေးကိစ္စတွေ ပါလာ တော့မည် ဖြစ်ပါသည်။ ပေးစရာတွေကို ကိုင်ထားပြတာပြီး လိုချင်တာတွေ ရအောင် ယူထား သူတွေပါ။ သဘောပေါက်ဖို. လိုပါသည်။

ဒါကို အမေရိကန်၏အကြောင်းပြချက်တွေကို ဟုတ်တယ်ဆိုပြီး ထောက်ခံကာ မြန်မာပြည်စီး ပွားရေး ပိတ်ဆို.အရေးယူမှုတွေ ရုပ်သိမ်းဖို.ဆိုရင် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို လွတ်ပေးဖို. လိုတယ်ဆိုတဲ့ အမေရိကန်၏ ဈေးဆစ်ချက်ကို ထောက်ခံသူတွေ ရှိနေပါ သည်။ စိတ်မကောင်းစရာပါ။ ကျန်းတဲ့နိုင်ငံရေး အကျဉ်းသားဆိုရာမှာလဲ ငြင်းပွားစရာတွေ အများကြီးပါ။ လူ.အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးတို. မန္တလေးက ဆရားထူးတို.လို တ ကယ်နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေတာရှိသော်လဲ အဲဒီ ပြောပြောနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဆိုတဲ့ စာရင်းထဲမှာ လဲ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်တဲ့ ABSDF က သံချောင်းလိုအကောင်တွေ။ အပစ်မဲ့ပြည်သူတွေကိုဦး ဦးတည်တိုက်ခိုက် ဗုံးဖေါက်ခွဲမှုတွေ တကယ်လုပ်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.၀င် ရဲဘော်တွေလဲ အများကြီးပါ။ အကြမ်းဖက်မှု လုပ်ထားသူတွေကိုတော့ လွတ်ပေးစရာမလိုပါ။

ဒါကြောင့် ဒီစာရင်းတွေ အကုန်လွတ်မှ မြန်မာပြည်ကို ပိတ်ဆို.မှုတွေ ရုပ်သိမ်းသင့်တယ်ဆိုတဲ့ အမြင်ဟာ ပြည်သူလူထု၏ စီးပွားရေးနဲ. လူမှုရေးဘ၀တွေကို ပြန်ပေးဆွဲအကြပ်ကိုင်းပြီး Hostages လုပ်ထားသလိုပါ။ တကယ် ဖြစ်သင့်တာကတော့ စီးပွားရေး ပိတ်ဆို.ထားမှုတွေလဲ ရုပ်သိမ်းပါ တချိန်တည်းမှာလဲ ကျန်နေသေးတဲ့အထဲက တကယ် အပစ်မရှိဘူး အကြမ်းဖက် မှုတွေ မလုပ်ပဲ နိုင်ငံရေးအရပဲ အဖမ်းခံနေရဆဲဖြစ်တဲ့ အကျဉ်းသားတွေကိုလဲ မြန်မြန်လွတ် ပေးဖို. ဆက်ပြီး တိုက်တွန်းပါဆိုတဲ့ ရပ်တည်ချက်မျိုးတွေ ဖြစ်သင့်ပါသည်။ နိုင်ငံအတွက် ရသင့် ရထိုက်တဲ့ အခွင့်အလန်းတွေကိုတော့ ရအောင်မယူပေးပဲ အမေကျော်ပြီး ဒွေးဒေါ် အတွက် နစ်နာမယ်ဆိုပြီး စဉ်းစားပေးနေသလို ဖြစ်ပါသည်။

AB က သံချောင်းလို ကောင်မျိုးတွေပါတဲ့ စာရင်းတွေနဲ. မြန်မာပြည်ကို စီးပွားရေးအရ ပိတ် ဆို.မှုတွေ ရုပ်သိမ်းရေး မရုပ်သိမ်းရေးကို တိုက်ရိုက် ချိပ်ဆက်ပြီး အရစ် ကြပ်နေတာ ကိုတော့ လုံးဝ မထောက်ခံပါ။ နောက်တခုက စီးပွားရေး ပိတ်ဆို.မှုတွေ လုပ်တာ လွယ်ပေမယ့် ပြန်ရုပ် သိမ်းဖို.ကိစ္စဟာ လွယ်လွယ်နဲ. လုပ်လို.မရတာကို ကြီးတော်နွား အလားကြောင်းသူတွေ သိဖို. လိုပါသည်။ ဒါကြောင့် အစိုးရတင်မဟုတ်ဖူး အတိုက်အခံတွေမှာလဲ တာဝန်ရှိပြီး လူထုအပေါ် အကြွေးဆက်ဖို. ကျန်နေသူတွေလို. ပြောရခြင်း ဖြစ်ပါသည်။ ကိုယ်မွှေးတဲ့မီး ကိုယ်နိုင်အောင် သတ်ဖို.တော့ လိုပါသည်။

ပြည်သူတွေ အကျိုးရှိတာကိုပဲ ဦးစားပေးရမှာပါ။ အခမဲ့တော့ အလကား သူးများနွားကို လိုက်ကျောင်းမပေးနိုင်ပါ။

 Udp Myanmar