xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတော်သမ္မတဦးသိန်းစိန် လွှတ်တော်တွင် မတ်လ (၁) ရက်နေ့မိန့်ခွန်းပြောမည်

Tuesday, February 28, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် လွှတ်တော်တွင် မတ်လ (၁) ရက်နေ့မိန့်ခွန်းပြောမည်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ်လ ( ၁ ) ရက်နေ့တွင် လွှတ်တော်၌ အရေးကြီးသော မူဝါဒဆိုင်ရာ မိန့်ခွန်း တစ်ရပ် ပြောကြား မည်ဖြစ်ကြောင်း နေပြည်တော်မှလာသောသတင်းများအရသိရှိရပါသည် ။ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများသည် ထူးခြားမှုများ ၊ နိုင်ငံအပြောင်းအလဲနှင့်ပတ်သက်သည်များ ပါရှိတတ်ပြီး ထိုသို့ပါရှိသည့် အတိုင်းလည်း အကောင်အထည်ပေါ်အောင်ဆောင်ရွက် တတ်သူ ဖြစ်သောကြောင့် အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများကို အများပြည်သူများ စိတ်ဝင်တစား ရှိခဲ့သည် ။

ယခုမိန့်ခွန်းတွင် နိုင်ငံ့ဝန်ထမ်းလစာတိုးပေးရေးနှင့် အခြားသောဘဏ္ဍာရေးဆိုင်ရာကိစ္စများ ပါဝင်နိုင်ကြောင်း သုံးသပ်ပြောဆိုမှု့များရှိသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပါ ။ သမ္မတသည် နိုင်ငံတော်ဘဏ္ဍာရေးကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်ပြီး ဒု ဥက္ကဋ္ဌ များအဖြစ် ဒု သမ္မတ များကဆောင်ရွက်ကာ အတွင်း ရေးမှူးအဖြစ် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးက တာဝန်ယူပြီး ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည် နယ် နှင့် တိုင်း ဒေသကြီး ၀န်ကြီးချုပ်များ ကအဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။

VOM