xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဦးဂမ္ဘီရအစား လူထုကိုအားနာမိတယ်

Saturday, February 11, 2012

ဦးဂမ္ဘီရအစား လူထုကိုအားနာမိတယ်

၁။ထောင်ကထွက်တဲ့နေ့ အစိုးရကချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းကို သော့တွေ ရိုက်ချိုး အတင်းဝင်ရောက် ပြီး မသင့်မတော်လုပ်တယ် ။

၂။သံဃမဟာနာယက ဆရာတော်ကြီးတွေက သိက္ခာရှိရှိ သီတင်းသုံးနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးဘို့ ပင့်ခေါ်တာကို ၊ ဘာအလုပ်မှမရှိပဲ အကြောင်းအမျိုးမျိုးပြပြီးမသွားဘူး ၊ ရှောင်နေတယ်။


၃။ပရိယတ္တိ ၊ ပဋိပတ္တိ ဘာမှမလုပ်ဘဲ အင်တာဗျူးဖြေတဲ့အလုပ်ပဲလုပ်နေတယ် ၊ အဲဒီလိုဖြေတိုင်းလဲ ပါးစပ်တော်နဲ့ ကွမ်းတော် ပြတ်တယ်မရှိဘူး ၊ ကွမ်းတပြစ်ပြစ်နဲ့ ကြည့်ရှုနားဆင်သူ ရဟန်းရှင်လူအပေါင်းကို အဂါရ၀ ပုံစံမျိုး လုပ်နေတယ် ။

၎။ လူပညာလည်းမတတ် ၊ ရဟန်းပညာလည်းမတတ် တဲ့အတွက် ပြောသမျှစကား တရားမဖြစ်ဘဲ မတရားဖြစ်နေတယ် ၊ ဓမ္မမဖြစ်ပဲ အဓမ္မဖြစ်နေတယ် ။

 မဂ္ဂင်ကျောင်းအားခေတ္တပြန်လည်ပိတ်စဉ်က ဦးဂမ္ဘီရမှ တိုင်းသာသနာရေးဦးစီးမှူးအား ဤသို့ဒေါသတကြီးတုန့်ပြန်ခဲ့သဖြင့် ဘေးမှသံဃာတော်များက ၀င်ရောက်ထိန်းသိမ်းခဲ့ရသော်လည်း ဘုန်းကြီးဒေါသကို လူကအပြုံးမပျက် သည်းခံသွားပုံ
 
၅။ တိုင်းသာသနာရေးဦးစီးမှူး ဦးဇော်ဇော်ဦးကို ထိုးမယ့်ကြိတ်မယ့်ပုံစံမျိုး နဲ့ရန်စောင်လို့ ဘေးက သံဃာ တော်တွေက  ၀ိုင်းဆွဲ ၊ တိုင်းဦးစီးမှူးကို အားနာစကားတွေပြော ဖြစ်ခဲ့ရတာဟာ အတော်ရုပ်ဆိုးတဲ့ ကိစ္စဖြစ်တယ် ။

၆။ နောက်ဆုံးမှာ သံဃမဟာနာယက ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့ ဆင့်ခေါ်တာမရတဲ့အတွက် ၊ အာဏာစက်နဲ့ ဆင့်ခေါ်ပြီး ဆုံးမသြ၀ါဒပေးခဲ့ရတဲ့အထိ ပြောရခက် ဆိုရခက် ဖြစ်ခဲ့တယ် ။

ဗုဒ္ဓဘာသာတွင် သာသနာတော် ၃-ရပ် ရှိသည်။ ယင်းတို့မှာ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတို့ ဖြစ်ကြသည်။ဤတွင် ပရိယတ္တိ ဆိုသည်မှာ ပိဋကတ်စာပေ သင်ကြားမှု ဖြစ်သည်။ ပဋိပတ္တိ ဆိုသည်ကား အကျင့်တရား ဖြစ်သည်။ တနည်းအားဖြင့်-သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ တို့ကိုကျင့်ကြံပွားများ အားထုတ်မှု ဖြစ်သည်။ပဋိဝေဓ ဆိုသည်မှာမူ-မဂ်တရား ဖိုလ်တရားတို့ကို ထိုးထွင်း၍ သိခြင်း ဖြစ်သည်။

ဤသာသနာတော် သုံးရပ်သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ-ဆိုသကဲ့သို့ အချင်းချင်း ဆက်နွယ် အကျိုးပြုနေကြသည်။ ပရိယတ္တိသာသနာ တည်မှသာ မှန်ကန်သော ပဋိပတ္တိသာသနာ တည်ရှိနိုင်သည်။ မှန်ကန်သော ပဋိပတ္တိသာသနာကို အားထုတ်မှသာလျှင် ပဋိဝေဓသာသနာသို့ ဆိုက်ရောက်နိုင်သည်။


ထောင်ကထွက်တော်မူလာတဲ့နေ့ထဲက လုပ်တော်မူနေတဲ့အလုပ်တော်တွေဟာ ၊ ပဋိဝေဓ ဝေးလို့ ပရိယတ္တိ ၊ ပဋိပတ္တိ ဘာမှမလုပ် သာသနာတော်အကျိုး ၊ သတ္တ၀ါတွေအကျိုး ဆောင်ရွက်တော်မူသည်လည်းမတွေ့ရပဲ ရန်တော်ကြီးပဲ ဆက်တိုက် ဖြစ်တော်မူနေသော ဦးဂမ္ဘီရကို ထောင်ကထွက်လာအောင် တောင်းဆိုခဲ့ကြတဲ့ ရဟန်း ရှင်လူအပေါင်းကို အားနာနေမိတယ် ။


ဒေါက်တာဆိတ်ဖွား