xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: "တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်နှင့် ပြင်သစ် လာရောက်ဆွေးနွေး"

Monday, February 13, 2012

"တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်နှင့် ပြင်သစ် လာရောက်ဆွေးနွေး"

တစ်ချိန်က နာမည်ကျော် ရန်ကုန်တက္ကသိုလ်
အမေရိကန်နှင့်ပြင်သစ်တို့မှ မြန်မာတက္ကသိုလ် များနှင့်ပူးပေါင်း၍ ပညာရေး ဆိုင်ရာကိစ္စရပ်များကို လာရောက်ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အမေရိကန် သိပ္ပံပညာအဆင့် မြှင့်တင်ရေးအသင်းမှ Dr. Vaughan Turekian နှင့်အဖွဲ့သည် ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် တွေ့ ဆုံကာ အမေရိကန်နိုင်ငံရှိ တက္ကသိုလ် များသို့မြန်မာပညာတော်သင် စေလွှတ် ခြင်း ကိစ္စများအပါအဝင် အဆင့်မြင့် ပညာကဏ္ဍ၌ သုတေသနလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆရာအတတ်ပညာဆိုင်ရာသင်တန်း များ ဖွင့်လှစ်ပို့ချခြင်းဆိုင်ရာ ကိစ္စများ ကို ဆွေးနွေးခဲ့ကြသည်။ ပြင်သစ် နိုင်ငံ University Lumiere (Lyon 2) ၏ ဥက္ကဋ္ဌ Mr.Andre IRIAN ဦးဆောင်သည့် အဖွဲ့နှင့်လည်း တက္ကသိုလ်များအကြား ပူးပေါင်း ဆောင် ရွက်ရေးနှင့် ပြင်သစ်ဘာသာ၊ သိပ္ပံ၊ ဝိဇ္ဇာဘာသာများ၊ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံနှင့် ဥပဒေဘာသာရပ် တို့တွင် မဟာဘွဲ့နှင့် ပါရဂူသင်တန်း များသို့ မြန်မာ ပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စများ ဆွေးနွေး ခဲ့ကြသည်ဟု တာဝန်ရှိသူထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာန အကြံ ပေးပုဂ္ဂိုလ်၊ အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာ ထွန်းခင်က'' ပြည်ပနိုင်ငံတွေ က ပူးပေါင်းဆောင်ရွက်ကြတယ်ဆို တာက သိပ်ကောင်းတဲ့ အလုပ်ပါ။ နိုင်ငံကြီးတွေ ဆိုတော့အကျိုးရလဒ်များ စွာ ရရှိနိုင်ပါတယ်'' ဟု ပြောသည်။
လက်ရှိအစိုးရ လက်ထက်၌ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ လွတ် ငြိမ်းခွင့်ပြုခြင်း များနှင့် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ မှုများကြောင့် ရရှိလာသည့် အကျိုး ကျေးဇူးများ ဖြစ်သည်ဟု မြန်မာ့ ပညာရေးစောင့်ကြည့်လေ့လာနေသူ များကသုံးသပ်ကြသည်။
ပညာရေး အဆင့်အတန်းမြင့် မားမှုတွင် နိုင်ငံတကာအတွေ့အကြုံ ရှိမှုမှာ တစ်ခန်း တစ်ကဏ္ဍ အနေဖြင့် ပါဝင်သည့်အပြင် ပြည်ပတက္ကသိုလ် များနှင့် နိုင်ငံရှိ တက္ကသိုလ်များ ချိတ် ဆက်ကာ လုပ်ဆောင်နိုင်ပါကလည်း သုတေသန လုပ်ငန်းများဆောင်ရွက် ရာတွင် ယခင်ထက် အောင်မြင်မှု ပိုမို ရရှိလာနိုင်မည်ဟု ဒေါက်တာထွန်း ခင်က ထပ်လောင်းဆိုသည်။
အနောက်နိုင်ငံကြီး များဆီသို့ မြန်မာ ပညာတော်သင်များ ယခင်က ထက် ပိုမိုစေလွှတ်သွားနိုင်မည်ဟု ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။
 ပေါ်ပြူလာ